ဆက်ဆံရေးတစ်ခုအစမှာ
ကိုယ်နဲ့တွဲနေသူအကြောင်း၊ သူ့စိတ်နေသဘောထားကိုသိချင်ကြမှာ လူ တိုင်းသဘာဝပါ။ အဲဒီတော့လည်း
ဘာလုပ်မလဲ။ ဒီအဖြေလေးတွေရဖို့ သဲလွန်စသေးသေးလေးပဲဖြစ်ဖြစ် ရဖို့အတွက် သူ့ကိုမေးခွန်းလေးတွေမေးရမှာပေါ့။
'ဟုတ်တယ်' 'မဟုတ်ဘူး'တစ်မျိုးတည်းဖြေရတဲ့ ပျင်းစရာမေးခွန်းတွေမဟုတ်ပါဘူး။သူ့အကြောင်းတစေ့တစောင်းသိနိုင်မယ့်
ပေါ့ပေါ့ပါးပါးမေးခွန်းလေးတွေပါ။
တစ်ယောက်တည်းရှိနေရင်ဘာလုပ်တတ်လဲ
ဒါကသူ့စိတ်နေသဘောထားကို
အကဲခတ်နိုင်မယ့်မေးခွန်းတစ်ခုပါ။ သူတစ်ယောက်တည်းရှိနေချိန်မှာ အရက်ဘားတွေသွားပြီးသောက်စား
တတ်သလား။ ဒါမှမဟုတ် စာကြည့်တိုက်တစ်ခုမှာ အချိန်ဖြုန်းနေတတ် သလား။ သူငယ်ချင်းတွေနဲ့တွေ့ဆုံနေတတ်သလား။
ဒီမေးခွန်းရဲ့အဖြေ လေးတွေကနေတစ်ဆင့်ထပ်ပွား မေးခွန်းလေးတွေမေးရင်သူ့စိတ်ကိုအကဲခတ်နိုင်ပါတယ်။
ကလေးချစ်တတ်သလား
သူ့ကိုမေးနိုင်တဲ့
မေးခွန်းကောင်းတစ်ခုပါ။ လက်ရှိတွဲနေတဲ့သူနဲ့ ရေရှည်ဆက်ဆံရေးဖန်တီးဖို့ ဆုံးဖြတ်ထားရင်တော့
ဒီမေးခွန်းကအသုံးဝင်ပါလိမ့်မယ်။ ကလေးချစ်တယ်/မချစ်ဘူးဆိုတာက သူ့စိတ် နေသဘောထားကို ပြောပြပါလိမ့်မယ်။
သူကလည်း ရေရှည်ဆက် ဆံရေးကိုမျှော်လင့်နေတဲ့လူလား။ စိတ်ရှည်သည်းခံတတ်သူလား စိတ်ဆိုးဒေါသထွက်လွယ်သူလားဆိုတာသူ့ရဲ့လေသံ၊
စိတ်ထားက ပြောပြပါလိမ့်မယ်။
ချက်ပြုတ်ရတာသဘောကျလား
ယောကျာ်းလေးတစ်ယောက်ကို
ချက်ပြုတ်ရတာသဘောကျလား ဆိုတဲ့မေးခွန်းက သူ့စိတ်ကို အကောင်းဆုံးအကဲခတ်ခွင့်ရမယ့် မေးခွန်းပါ။
သူကယောကျာ်းကိစ္စ၊ မိန်းမကိစ္စဆိုပြီး အလုပ်တွေကို အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန် ဆန်ခွဲခြားတတ်သူလား။
ဒါမှမဟုတ် ချစ်သူအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ပေးမယ့်လူလား။ သူ့စိတ်သ ဘောထားကို အနည်းငယ်
တီးခေါက်ကြည့်ခွင့်ရလာပါလိမ့်မယ်။
ဒိတ်လုပ်တဲ့အခါ ဘာလုပ်ချင်သလဲ
ဒိတ်လုပ်တဲ့အခါဘာလုပ်မယ်
ဆိုတာက သူ့စိတ်နေသဘောထားကို အကဲခတ်ခွင့်ရပါလိမ့်မယ်။ သူ က ကဗျာဆန်တဲ့သူလား၊ လက် တွေ့ကျလွန်းသူလား။
ဒါမှမဟုတ် ဒိတ်လုပ်တဲ့အခါ ဘာပြီးဘာလုပ်မယ်ဆိုပြီး အခြေအနေအချိန်အခါ အလိုက်အလိုက်သင့်မျောပါတတ်သူလား။
ကိုယ့်ဆီကနေဘာမျှော်လင့်သလဲ
သူကကိုယ့်ကိုအမြဲကျော့ကျော့
လေးနဲ့လှပစေချင်သူလား။ တခြား လူတွေစိတ်ဝင်စားမှာစိုးလို့၊သဘော ကျမှာစိုးလို့ ခပ်ရိုးရိုးကလေးသာနေစေချင်သူလား။
သူ့အဖြေကနေကိုယ်ဟာသူ့အတွက် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ ပေါ်လွင်စေပါလိမ့်မယ်။
ငွေကြေးကိုဘယ်နေရာမှာ အဓိကသုံးမှာလဲ
သူ့ရဲ့ငွေကြေးသုံးစွဲမှုကလည်း
သူ့စိတ်သဘောထားကို အကောင်း ဆုံးအကဲခတ်ခွင့်ရပါလိမ့်မယ်။ ငွေ ကြေးကိုမိသားစုအတွက် အဓိက
ထားပြီးသုံးမှာလား။ ဒါမှမဟုတ် သူလိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ ၀ယ်ယူဖြည့်ဆည်းမှာလား။
သူ့ရဲ့ မိသားစုအပေါ်တာဝန်ယူစိတ်၊ မယူစိတ်က ဒီမှာလာပြီးပေါ်လွင်နေပါ လိမ့်မယ်။
သူ့ရဲ့မကောင်းဆုံးအကျင့်က ဘာလဲ
သူ့ဆီမှာမကောင်းတဲ့အကျင့်
ဘာမှမရှိပါဘူးပြောရင်တော့ သူ့မှာအကျင့်တစ်ခုရှိတာလုံးဝသေချာပါပြီ။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ်
မ၀န်ခံလိုစိတ်၊ ကိုယ့်ကိုယ်ကိုယ် လိမ်ညာတတ်တဲ့စိတ်ပါပဲ။ သူ့ရဲ့ မကောင်းတဲ့အကျင့်ကိုပြောပြရင်တော့
သူကကိုယ့်အမှား၊ ကိုယ့်အားနည်း ချက်ကိုသိသူ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်သူပါ။
သူ့မိဘတွေက ဘယ်လိုလူတွေလဲ
ဒီမေးခွန်းက
သူ့ရဲ့အကျင့်စရိုက်ကိုဖော်ပြပါလိမ့်မယ်။ မိဘကသား သမီးရဲ့လမ်းပြရှေ့ဆောင်ပါ။ မိဘရဲ့
အမူအကျင့်က သားသမီးကို အနည်းနဲ့အများကူးစက်ပါတယ်။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment