ဝိုင်…











ဝိုင်နီကိုနှစ်ပေါင်းများစွာ စမ်းသပ်မှုတွေပြုလုပ်နေခဲ့ရာ အသက်ရှင်ခြင်း၊ အသက်ရှည်ခြင်း၊ ကင်ဆာရောဂါများကို ကာကွယ် ပေးနိုင်ခြင်း၊ စိတ်ကျန်းမာစေခြင်း၊ နှလုံးကျန်းမာရေးကို ပိုပြီးကောင်း မွန်လာစေခြင်းစတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အံ့သြဖွယ် တွေ့ရှိထားပါတယ်။ ၀ိုင်ပုံမှန် သောက်ပေးတာ ကျန်းမာစေပါတယ်။ ဒါပေမဲ့ ''ပုံမှန်''ဆိုတဲ့ပမာဏက ဘယ်လောက်ကိုဆိုလိုတာလဲ။ လူတစ်ယောက်ရဲ့ အရွယ်အစား၊ လိင်၊ ခန္ဓာကိုယ်ခုခံကာကွယ်နိုင်စွမ်း၊ ရောဂါအခြေအနေတွေအပေါ်မူတည်ပြီး ၀ိုင် ဘယ်လောက်ပမာဏက ကျန်းမာရေး အကျိုးကျေးဇူးကနေ အန္တရာယ်ပေးနိုင်တဲ့အခြေအနေကို ပြောင်းလဲသွားစေနိုင်သလဲ။ ပြီးတော့ ၀ိုင်သောက်တဲ့အခါ အစာခံပြီးမှ သောက်ရမှာလား။ ဒါမှမဟုတ် အစာမစားခင်သောက်ရမှာလား။ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် မေးစရာမေးခွန်းတွေအများကြီးပါပဲ။
ယောက်ျား၊ မိန်းမဘယ်လို ကွာခြားသွားမလဲ
အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ရေဓာတ်နည်းပါးမှု၊ အစာအိမ်အင်ဇိုင်း အချိုးအစားမတူညီမှုတွေ ကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး Clcohol ကို စုတ်ယူနိုင်ပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေ သောက်သုံးသင့်တဲ့ပမာဏက အမျိုးသားတွေထက်နည်းပါတယ်။ US Department Of Agriculture  ရဲ့ ၂၀၁၀ ခုနှစ်၊ Dietary Guidelines For Americans စာတမ်းအရ အမျိုးသမီးတွေကတစ်နေ့ကို ၀ိုင်တစ်ခွက်၊ အမျိုးသားတွေက ၀ိုင်နှစ်ခွက် သောက်နိုင်တယ်လို့ ဆိုထားပါ တယ်။ ၁ ခွက်၊ ၂ ခွက်သောက် နိုင်တယ်ဆိုပေမယ့် အမျိုးသားတွေ က တစ်နေ့မှာ ၃-၄ ကြိမ်ထက်ပိုပြီးမသောက်သင့်သလို အမျိုးသမီး တွေကလည်း ၂- ၃ ကြိမ်ထက်ပိုပြီး မသောက်သင့်ပါဘူး။
ဝိုင်နဲ့ကျန်းမာရေး
ပုံမှန်ပမာဏ အချိန်အဆမှန် မှန်သောက်မယ်ဆိုရင်ဝိုင်က စိတ် ကျဝေဒနာလျော့ပါးစေတယ်။
စပိန်နိုင်ငံတက္ကသိုလ်များမှ အသက် ၅၅- ၈၀ နှစ်အတွင်း အမျိုးသားအမျိုးသမီး ၂၀၀၀ ကျော်စီခန့်ကို (၇)နှစ်ကျော်အတွင်း လေ့လာစမ်းသပ်ကြည့်ရာမှာ ၀ိုင် သောက်တဲ့အမျိုးသား၊ အမျိုးသမီးတွေက မသောက်တဲ့သူတွေထက် စိတ်ကျဝေဒနာကင်းစင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
နုပျိုစေတယ်
ဝိုင်နီမှာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ စပျစ်သီး၊ Blueberries, Cranberries၊ အစေ့အဆန်တွေနဲ့ပြုလုပ်ထားတဲ့ ၀ိုင်မှာ အရွယ်တင်နုပျိုစေတဲ့ဂုဏ် သတ္တိတွေပါဝင်ပြီး အသက်ရှည်စေပါတယ်။ University of london ရဲ့ သုတေသနပြုချက်အရ ၀ိုင်နီမှာပါဝင်တဲ့ Procyanidins ဒြပ်ပေါင်းတွေက သွေး ကြောများကိုကျန်းမာစေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် အသက်ရှည်စေပါတယ်။
ရင်သားကင်ဆာကာကွယ်ပေးတယ်
အရက်သောက်သုံးသူအမျိုးသ မီးတွေက ရင်သားကင်ဆာဖြစ်နိုင် ဖို့အခွင့်အလမ်းများပေမယ့် ၀ိုင်နီ သောက်သုံးခြင်းကတော့ ရင်သား ကင်ဆာဖြစ်ပွားနှုန်းကိုကာကွယ်ပေး ပါတယ်။ အရက်ကအမျိုးသမီး တွေရဲ့ Estrogen Level ကိုမြင့် တက်စေပြီး ကင်ဆာဆဲလ်များကြီး ထွားမှုကိုအားပေးပါတယ်။ ၀ိုင်နီမှာပါဝင် တဲ့ ဒြပ်ပေါင်းတွေက ရင်သားကင် ဆာကိုကာကွယ်ပေးနိုင်တဲ့အတွက် Journal of Women’s Health သုတေသန ပညာရှင်များက ၀ိုင်နီသောက်ဖို့ တိုက်တွန်းထားပါတယ်။
မှတ်ဥာဏ်ပျောက်ဆုံးမှုကာ ကွယ်ပေးတယ်
ဝိုင်နီက သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးများကိုပုံမှန်စီး ဆင်းစေတဲ့အတွက် ဦးနှောက်ဆီ သို့သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ ၀ိုင်ဖြူ၊ ၀ိုင်နီ(၂)မျိုးစလုံး မှာ resveratrol ပါဝင်ပါတယ်။ အနီရောင်စပျစ်သီးအသားက resveratrol ကြွယ်ဝစွာပါဝင်တဲ့ အတွက် ၀ိုင်ချက်လုပ်တဲ့လုပ်ငန်းစဉ်မှာ ၀ိုင်နီကပိုပြီးပါဝင်ပါတယ်။ ဦး နှောက်ဆီကို သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် အထောက် အကူဖြစ်စေပါတယ်။
ပြင်းထန်တဲ့နေလောင်ဒဏ်ကာကွယ်ပေးတယ်
ဝိုင်နဲ့စပျစ်မှပြုလုပ်ထားတဲ့ အစားအစာတွေအားလုံး UV ဒဏ်ရာကြောင့် အသားအရေပျက် စီးခြင်းတွေကိုလျှော့ချပေးနိုင်ပါတယ်။ UV လှိုင်းတွေက လူ့အရေအပြားပေါ် ကျရောက်တဲ့အခါအရေပြား ဆဲလ်လေးတွေကို အန္တရာယ်ပေး တဲ့ ဓာတ်အဖြစ်ပြောင်းလဲသွားပါတယ်။ ၀ိုင်နဲ့စပျစ်သီးကပြုလုပ်ထားတဲ့ အစားအစာတွေမှာပါဝင် Flavonoids တွေကတော့နေ ရောင်ခြည်ဒဏ်ကြောင့် အရေပြား ဆဲလ်လေးတွေပျက်စီးမှုကို ပြန်လည်ပြုပြင်ပေးပါတယ်။
အဆုတ်လုပ်ဆောင်မှုအားကောင်းပြီး အဆုတ်ကင်ဆာကိုကာကွယ်ပေးတယ်
ဝိုင်ဖြူ ၀ိုင်နီနှစ်မျိုးစလုံးမှာပါဝင်တဲ့ ဂုဏ်သတ္တိတွေက အဆုပ်ရဲ့လုပ်ငန်းဆောင်တာတွေကိုပိုပြီး အားကောင်းစေပြီး အဆုတ်ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
အသည်းရောဂါကာကွယ်ပေးတယ်
UC San Diego School of Medicine ရဲ့လေ့လာတွေ့ ရှိချက်အရ ၀ိုင်သောက်သုံးသူများ က အသည်းရောဂါဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်းလေ့လာတွေ့ရှိထားပါတယ်။
ဆီးချိုရောဂါကာကွယ်ပေးတယ်
ဝိုင်နီနဲ့စပျစ်သီးကပြုလုပ်ထားတဲ့ စားစရာများက ဆီးချိုရောဂါ အမျိုးအစား (၂)ကို ပျောက်ကင်းစေပါတယ်။


ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment