ကမ္ဘာ့လွှမ်းမိုးမှုအကြီးမားဆုံးအမျိုးသမီးများ









တစ်ခါတလေတော့ ဘ၀မှာအစက်အပြောက်အမှတ်အသားလေးတစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့ဖို့ နာမည်ကြီး လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်စရာမလိုပါဘူး။ သမိုင်းတစ်လျှောက် သာမန်အမျိုးသမီးတွေဟာ သာလွန်တဲ့ စွမ်းဆောင်မှုတွေဆောင်ရွက်ခဲ့ပြီး သမိုင်းမှတ်တမ်းဝင်သွားကြတဲ့အဖြစ်တွေအများကြီးပါ။ ကိုယ်က ဘယ်နယ်ပယ်ထဲကပဲဖြစ်ပါစေ။ ဘယ်လိုအရည်အချင်း ကျွမ်းကျင်မှုတွေတတ်မြောက်ပါစေ ကိုယ့်အိမ် မက်တွေနောက် တစိုက်မတ်မတ်လိုက်ရင်း လူတွေထဲက ထူးခြားတဲ့လူတစ်ယောက်အဖြစ် ထူးထူးခြားခြားရပ်တည်နိုင်ပါတယ်…။

အောင်ဆန်းစုကြည်
အောင်ဆန်းစုကြည်ဆိုတာတော့ ကမ္ဘာ့နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတစ်ယောက် လက်ရှိ မှာတော့မြန်မာ့နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်တစ်ဦးပါ။ စစ်တပ်ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တွန်းလှန် တဲ့အတွက် နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကျခဲ့ပြီး ဒီမိုကရေစီရှေ့ပြေးခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ သူမလွတ်မြောက်ဖို့အတွက် နိုင်ငံတကာလှုပ်ရှားမှုတွေပြုလုပ်ခဲ့ရပြီး သူ့ရဲ့သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုချီးမြှင့်ခဲ့ပါတယ်။

အော်ဒရီဟီဘန်
အော်ဒရီက 'ဘ၀မှာ အရေးကြီးဆုံးက ဘ၀ကိုပျော်ရွှင်ဖို့' ဆိုပြီးပြောခဲ့ဖူးပါတယ်။ နာမည်ကြီးဇာတ်ကား များရဲ့ ကြယ်တစ်ပွင့်၊ ဖက်ရှင်လောကရဲ့ကြယ်တစ်ပွင့်ဖြစ်ခဲ့ဖူးသူ အော်ဒရီက သူမရဲ့ကျန်ရှိနေတဲ့အချိန်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေမှာ ပါဝင်ကူညီခဲ့ပြီး UNICEFF က ချီးမြှင့်တဲ့ UNICEFF သံတမန်ဆုရရှိခဲ့ပါတယ်။

အန်းဖရန့်
ဂျာမနီမှာ နာဇီပါတီအာဏာရနေချိန် နယ်သာလန်နိုင်ငံမှာ ပုန်းခိုခဲ့ရတဲ့ ဂျူးလူမျိုးတစ်ဦးဖြစ်တဲ့ အန်းဖရန့်ရဲ့ ကြောက်မက်ဖွယ်ရာကောင်းနေတဲ့အချိန်မှာ ဂျူးလူမျိုးကလေးငယ်တစ်ဦးဖြစ်ရခြင်းအပေါ်ရေးသားထားတဲ့ ခံစားချက်နေ့စဉ်မှတ်တမ်းက တွေးတောစဉ်းစားစရာတွေပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အန်းက အသက် ၁၃ နှစ် အရွယ်သာရှိပါသေးတယ်။ အသက် ၁၅ နှစ်အရွယ်မှာသေဆုံးခဲ့ပါတယ်။ မသေဆုံးခင်မှာ နှစ်နှစ်တာအတွင်း ရှောင်ပုန်းရင်း ရေးသားခဲ့တဲ့နေ့စဉ်မှတ်တမ်းထဲမှာ အန်းက 'လူတွေက နှလုံးသားလှတယ်လို့ ကျွန်မယုံကြည်နေတုန်းပဲ။ မင်းပတ်ဝန်းကျင်မှာရှိတဲ့ ပျော်ရွှင်စရာကောင်းတာတွေကိုသာစဉ်းစားပြီး ပျော်ရွှင်လိုက်စမ်းပါ' ဆိုတဲ့စကားက သူ့ကို သမိုင်းမှာ နေရာတစ်ခုရရှိစေခဲ့ပါတယ်။

မာသာထရီဇာ
မာသာထရီဇာက ကမ္ဘာကြီးကတောင်ရှိတယ်လို့မေ့လျော့နေတဲ့ လူသားတွေအတွက် တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့၊ ပင်ပန်းဆင်းရဲခြင်းကိုအန်တုကာ အကူအညီပေးခဲ့ပါတယ်။ သူမ နှစ်ပေါင်းများစွာ အကူအညီပေးနေခဲ့ပေမယ့် နာမည်ကြီးဖို့မရည်ရွယ်ခဲ့ပါဘူး။ ၁၉၇၉ ခုနှစ်မှာတော့ သူ့ရဲ့လုပ်ဆောင်မှုတွေကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးနိုဗယ်ဆုချီးမြှင့်ခဲ့ပါတယ်။

အမ်မလီဒေဗစ်ဆန်
အမ်မလီက ၁၉၀၀ နှစ်များအတွင်းက အမျိုးသမီးများ မဲဆန္ဒပေးပိုင်ခွင့်ရရှိရေးအတွက် အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ ၉ ကြိမ်အိမ်ထောင်ကျခဲ့ပြီး ဆန္ဒပြတဲ့အနေနဲ့ မြင်းပြိုင်ပွဲတစ်ခုမှာဘုရင်ရဲ့ မြင်းအောက်ကိုပြေးဝင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်သေဆုံးခဲ့ပြီး သူမရဲ့ အသုဘမှာ လူထောင်ပေါင်းများစွာက စီတန်းလှည့်လည်ပြီး အသိအမှတ်ပြုပေးခဲ့ကြပါတယ်။ 

ကိုကိုးရှန်နယ်
ကိုကိုးရှန်နယ်ကတော့ ၂၀ ရာစုအတွက် Time Magazine ရဲ့ လွှမ်းမိုးမှုအကြီးမားဆုံးလူစာရင်းဝင်ခဲ့သူပါ။ သူမရဲ့သင်္ကေတတစ်ခုဖြစ်တဲ့ Channel No.5 နဲ့ အနက်ရောင်ဝတ်စုံက လက်ရှိအချိန်အထိ အမျုးသမီးတွေရဲ့ မရိုးနိုင်တဲ့အသည်းစွဲဖြစ်နေဆဲပါ။ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဖခင်ကလမ်းဘေးဈေးသည်ဖြစ်ပြီး မိခင်က အ၀တ်လျှော်သူဖြစ်ခဲ့ရင်းကနေ ဘ၀ကိုဒီလိုအခြေအနေမျိုးရောက်အောင် ကြိုးစားခဲ့တဲ့ သူ့ရဲ့စိတ်ဓာတ်ပါ။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment