အနုပညာရှင်တွေက အရာရာကိုနိုင်ငံတကာကနေ လေ့လာပြီးတော့သင်ယူရပါတယ်။ ဘယ်အနုပညာနယ် ပယ်မှာပဲဖြစ်ဖြစ်ပါ.... အမွန်း
အမွန်းရဲ့ Automatic ဆိုတဲ့ အဓိပ္ပါယ်လေးကိုပထမဆုံးရှင်းပြပါဦး။
အမွန်းရဲ့အခွေသစ်ထွက်လာတဲ့အချိန်မှာ
အမွန်းကသီချင်းခေါင်းစဉ်တွေထဲမှာ Automatic ကို ရွေး ချယ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့
အဲ့ဒီသီချင်းတစ်ပုဒ်လုံးက ကွဲပြားတဲ့ပုံစံဖြစ်နေတယ်လို့ ခံစားရ တယ်။ ၁၉၄၀ ပြည့်နှစ်လောက်ကသီချင်းကို
Pop ပုံစံလေးဖြစ်အောင် ပုံဖော်ထားတာဆိုတော့ ပိုပြီးတော့ သဘောကျပါတယ်။ အဲလိုဖြစ်နေတာကို
အမွန်းကြိုက်တယ်။ ပြီးတော့ စာသားတွေက ကိုယ်သဘောကျတဲ့ သူတစ်ယောက်က ကိုယ့်အမြဲ On ဖြစ်အောင်လို့
ကိုယ်အချိန်ပြည့်ဆွဲနိုင်တယ်ဆိုတဲ့ အဓိကအဓိပ္ပါယ်ဖြစ်တဲ့ အပြင် Automatic ဆိုတဲ့စကားလုံးက
မြန်မာပရိသတ်တွေအတွက် လုံးဝမစိမ်းတဲ့စကားလုံးဖြစ်တဲ့ အတွက် အမွန်ရွေးချယ်ဖြစ်သွားတာပါ။
အခုဆိုရင်တစ်ကိုယ်တော် အခွေကနှစ်ခွေမြောက်ဖြစ်တဲ့အပြင်
အမွန်း ၁နှစ်ကျော်အချိန်ကာလမှာ ကိုယ့် ကိုယ် ကိုယ် ဘာတွေပြောင်းလဲသွားတယ်လို့ ထင်လဲ။
အမွန်း Music ပုံစံတွေပြောင်းသွားပါတယ်။
အရင်အခွေမှာတုန်းက Pop, Country ပုံစံတွေပါခဲ့ပါ
တယ်။ အခုအခွေကတော့ Pop ကိုဦးစားပေးထားပါတယ်။ Pop Dance ပုံစံတွေလည်း ပါပါတယ်။ အမွန်းစကားလုံးတွေ
ပိုပြီးတော့တိုသွားပါတယ်။ ပြီးတော့တစ်နှစ်အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့ အကြုံနဲ့ခံစားမှုတွေကို
ပရိသတ်ဆီကိုအရောက်ပို့နိုင်အောင် ပြီးတော့ ပရိသတ်ခံစားနိုင်အောင် လို့ကြိုးစား ထားပါတယ်။
၁နှစ်အသက်ပိုကြီးသွားတဲ့ အမွန်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။
ဒုတိယအခွေထွက်လာတဲ့ခံစားချက်နဲ့
အဲ့ဒီအခွေထဲက ဘယ်သီချင်းကိုအကြိုက်ဆုံးလဲဆိုတာလေး ပြောပြပေး ပါဦး။
အမွန်းဒုတိယအခွေထွက်လာတဲ့အခါ အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။
ကိုယ်ရေးထားတဲ့သီချင်းအသစ် တွေကိုပရိသတ်တွေ ကြားရတော့မှာဖြစ်တဲ့အတွက် အမွန်းအရမ်းစိတ်လှုပ်ရှားပါတယ်။
အကြိုက်ဆုံးသီချင်း ဆိုရင်တော့ တကယ်ရွေးရခက်ပါတယ်။ သီချင်းအားလုံးကိုလည်း အမွန်းခံစားပြီး
ရေးထားတာဖြစ် တဲ့အ တွက် အားလုံးကိုသဘောကျပါတယ်။ ပရိသတ်အကြိုက်ဆုံးဘယ်သီချင်းဖြစ်မလဲဆိုတာကိုတော့
စောင့်မျှော် ရင်းနဲ့ ရင်ခုန်ခဲ့ပါတယ်။
သီချင်းရေးဖြစ်တဲ့အခါဘယ်လိုခံစားချက်ထည့်ပြီးတော
့ရေးဖြစ်လဲ။
သီချင်းရေးတဲ့အခါ သိပ်ပြီးတော့ခံစားစရာမလိုဘူး။
သီချင်းရေးချင်စိတ်က အမွန်းဆီမှာ အမြဲတမ်း ရှိနေ လို့ပါ။ အမွန်းအတွက် အကြောင်းအရာမှန်သမျှ
ပြီးတော့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်အားလုံးက အမွန်းကို သီချင်းရေးဖို့အတွက် လှုံ့ဆော်နေပါတယ်။
အမွန်း ထွေထွေထူးထူးတော့ အချိန်ကိုမသတ်မှတ် ထားပါဘူး။ များသောအားဖြင့်တော့ လေယာဉ်ပေါ်မှာရေးဖြစ်တယ်။
ပြီးတော့ ကားပေါ်မှာရေးဖြစ်တယ်။ ဒီအခွေထဲမှာက ခရီးသွားနေတုန်း ရေးခဲ့တဲ့သီချင်းတွေ အပြင်အိမ်မှာရေးတဲ့သီချင်းတွေလည်း
ပါဝင်ပါ တယ်။
အမွန်းအနေနဲ့ Fashion ပိုင်းမှာ
အဝေဖန်ခံရဆုံး အနုပညာရှင်လို့ ပြောရင်အမွန်းလက်ခံမလား။
ဟုတ်မယ်ထင်ပါတယ်။ ဝေဖန်တယ်ဆိုတာက အမွန်းအကြောင်းကို
ပြောကြပါတယ်။ ဒါပေမဲ့ အမွန်း အကြောင်းကိုသိလို့ ဝေဖန်တာရှိသလို မသိဘဲနဲ့ဝေဖန်တာလည်း
ရှိပါတယ်။ ဝေဖန်တာကတော့ အကောင်းပဲ ပြောပြော အဆိုးပဲပြောပြော အမွန်းအနေနဲ့ Comment လို့ပဲသတ်မှတ်ထားပါတယ်။
လူတိုင်း မှာတော့ မတူညီတဲ့အတွေးခေါ်နဲ့ အမြင်တွေရှိပါတယ်။ သူတို့တွေပြောတဲ့လူတစ်ယောက်
အကြောင်း ကိုဖော်ပြတဲ့ စကားလုံးတွေက သူတို့ရဲ့ပင်ကိုယ်စရိုက်ကိုဖော်ပြခြင်းပဲ ဖြစ်ပါတယ်။
အမွန်း သိပ်ပြီးတော့ အဲ့အတွက် မစိုးရိမ်ဘူး။ အမွန်းကိုဘာလို့ပြောလိုက်တာဟာ သူတို့အဆင့်အတန်းနဲ့
သူတို့အတွေး အခေါ်ကိုဖော်ပြနေတာဖြစ်တဲ့အတွက် အမွန်းအကြောင်းမဟုတ်ပါဘူး။
အမွန်းရဲ့ ပုံမှန် လုပ်ငန်းစဉ်ကတော့
အမွန်းပရိသတ်တွေအတွက်အမြဲတမ်းအကောင်းဆုံးဖြစ်အောင် သီချင်းတွေ
ဖန်တီးပေးမယ်လို့ပဲ တွေးထားပါတယ်။
အဲ့လိုကိုယ့်ကိုဝေဖန်တော့ စိတ်အနှောက်အယှက်ဖြစ်တာမျိုးရှိလား။
မနှစ်ကတော့ဖြစ်ခဲ့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့သိလာတယ်
ပြောရမှာပေါ့။ အမွန်းကတော့ နေ့စဉ် ကိုယ်လုပ်စရာရှိတာကို လုပ်နေပေမယ့်လည်း လူတိုင်းက
အမွန်းတစ်ယောက်တည်းကိုပဲပြောနေတာ မဟုတ် ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့အရာနဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေကို
လုပ်နေကြတဲ့သူတွေချည်းပါဘဲ။ အဲ့တော့ အမွန်း ကိုပြောတဲ့သူတွေ အများကြီးရှိတယ်ဆိုပေမယ့်လည်း
အမွန်းကိုချစ်တဲ့သူတွေလည်း အများကြီးရှိတယ်ဆိုတာကို အမွန်းကိုယ်တိုင်သိထားပါတယ်။ သူတို့ကိုယ်တိုင်လည်း
အမွန်း ကိုမေတ္တာတွေပေးတယ်။ အမွန်းက ဘာလို့ အမွန်းကိုလိုက်ပြီးတော့ မကောင်းပြောတဲ့သူတွေကို
အမွန်းက အာရုံစိုက်နေမှာလဲ။ တကယ့်အားပေးနေတဲ့ပရိ သတ်တွေကို မေ့သွားလောက်အောင်တော့ မကောင်းတဲ့
Comment တွေဘက်မှာ အမွန်း အဲလောက်ကြီး မစဉ်းစားတတ်ပါဘူး။
အမွန်းအနေနဲ့ အနုပညာ ဆိုတာကိုဘယ်လိုခံယူထားလဲ။
အနုပညာဆိုတာက အဆိုပဲဖြစ်ဖြစ်၊ အကပဲဖြစ်ဖြစ်၊
အတီးပဲဖြစ်ဖြစ်၊ ပန်းချီဆွဲတာပဲဖြစ်ဖြစ် အနုပညာ ကိုဖော်ပြတယ်ဆိုတာက လူတွေရဲ့ခံစားချက်ကို
လောကကြီးကိုထုတ်ပြလိုက်တဲ့ အရာလို့ ခံယူတယ်။ လူတိုင်းမှာ ခံစားချက်ဆိုတာရှိတယ်။ လူတိုင်းမှာ
စိတ်ဆိုတာလည်းရှိတယ်။ အဲ့စိတ်ရဲ့ သွားတဲ့ လမ်းတိုင်းကို ခံစားမှုတိုင်းကို လူတိုင်းက မထုတ်ပြတတ်ပါဘူး။
ငါခံစားနေရတာ ဒါပါလို့မပြတတ်ပါဘူး။ အဲဒါကလည်းအနုပညာရှင်တွေရဲ့ အလုပ်လို့ပဲထင်ပါတယ်။
အနုပညာသွေးပါလာတဲ့သူတွေသည် ကိုယ်အားသန်တဲ့ အနုပညာလမ်းကြောင်း ကနေပြီး လူတွေရဲ့ခံစားမှုအကြောင်းကို
ဖွင့်ပြကြပါတယ်။ ဥပမာ အမွန်းဆို သီချင်းစာသားတွေ အကတွေနဲ့ ဖော်ပြလေ့ရှိပါတယ်။ ပန်းချီဆရာကျတော့
ခြယ်မှုန်းပြ တယ်။ အဲ့တော့ အနုပညာကို လောကကြီးထဲမှာဖွင့်ထုတ် ပြနိုင်တာအနုပညာရှင်လို့
မြင်ပါတယ်။
ဓာတ်ပုံရိုက်တဲ့နေရာမှာ အမွန်းကကျွမ်းကျင်မှုမရှိဘူးလို့
ယူဆထားလား။
အမွန်းအဆိုကို
တောက်လျှောက်လုပ်နေတယ်ဆိုပေမယ့်လည်းအမွန်းဓာတ်ပုံရိုက်ကူးမှုတွေ လုပ်ပေး
ခဲ့တာအများကြီးပါပဲ။ ပြီးတော့ ကျောင်းမပြီးချင်း
UFL တက်နေကတည်းကလည်း အဆိုတော်ကို ဇောက်ချပြီး
မလုပ်နိုင်သေးတဲ့အချိန်မှာလည်း အမွန်းဓာတ်ပုံလည်းရိုက်တယ်။
Show တွေဝင်လျှောက် ခဲ့တယ်။ အဲ့အတွက် အမွန်းကို အေဂျင်စီကနေပြီးတော့
ဓာတ်ပုံခေါ်ရိုက်တာလည်းရှိသလို
Show ခေါ်လျှောက်တာလည်းရှိပါတယ်။ အမွန်းအနေနဲ့ ဓာတ်ပုံရိုက်တာနဲ့
မစိမ်းခဲ့ပါဘူး။ မော်ဒယ် တစ်ယောက် အနေနဲ့
အခုအချိန်မှာ သီးသန့်မရပ်တည် တာပဲရှိခဲ့တာပါ။
အမွန်းအနေနဲ့ကတော့ ရင်းနှီးပြီးသားလို့ပဲ ခံစားရပါတယ်။
အမွန်းအနေနဲ့ မီဒီယာဆိုတာကို ဘယ်လိုလက်ခံထားလဲ
မီဒီယာဆိုတာကတော့အမွန်း အမြင်ပြောရမယ်ဆိုရင်
လူတွေကို သတင်းအချက် အလက် ဆက်သွယ် ပေးတဲ့အခါမှာ အရေးကြီးတဲ့ ပေါင်းကူးတံတားလို့ပဲမြင်ပါတယ်။
အဲ့အတွက်မီဒီယာမရှိတဲ့အခါ အမွန်းတို့ အနုပညာရှင်မက ဘယ်အရာမဆို ပြန့်နှံ့ကျယ်ပြန့်ဖို့ဆိုတာမလွယ်ပါဘူး။
မီဒီယာတွေဆိုတာ ကတော့ အနုပညာ ရှင်တွေအတွက်သာမက အားလုံးအတွက်အရေးပါတယ်လို့တော့ အမွန်းမြင်ပါတယ်။
မြန်မာနိုင်ငံကမီဒီယာတွေနဲ့ နိုင်ငံခြားကမီဒီယာတွေ
ဘယ်လိုကွာခြားချက်တွေရှိလဲ။
အမွန်းမြင်မိတဲ့အရာကတော့ နိုင်ငံတကာမှာမေးတဲ့မေးခွန်းက
တအားနက်နဲတယ်။ အပေါ်ယံမေး တဲ့ မေးခွန်းဖြစ်ခဲ့မယ်ဆိုရင်တောင် သူ့ဆီမှာအဓိပ္ပါယ်တစ်ခုခုတော့ပါပါတယ်။
အရမ်းနက်နဲတဲ့မေးခွန်းတွေ ကိုမေးတယ်။ ပြီးတော့ Point တွေကိုထောက်ပြပြီးတော့ သူတို့က
မေးတတ်ပါတယ်။ ဒီမြန်မာနိုင်ငံမှာ မေးတဲ့ မေးခွန်းတွေက လိုအပ်တာတွေမေးသလို မေးခွန်းတွေက
မေးစရာမလိုပဲ မေးနေတဲ့မေးခွန်းတွေ ရှိတယ်။ ပြီးတော့ တချို့မေးခွန်းတွေက ငွေရေးကြေးရေးနဲ့
ပတ်သတ်တာတွေမေးပါတယ်။ သူများနိုင်ငံမှာ အဲဒါတွေ မမေးပါဘူး။ တချို့ထဲထဲဝင်ဝင်မေးတာတွေလည်းရှိတယ်။
အဲဒါကတော့ သူများနဲ့မတူတဲ့ အမွန်းတို့ရဲ့ ချစ်စရာ ကောင်းတဲ့ အကျင့်လေးလို့ပဲမြင်ပါတယ်။
(ရယ်လျှက်)
နိုင်ငံခြားကအနုပညာရှင်တွေနဲ့
မြန်မာနိုင်ငံကအနုပညာရှင် အားသာချက် အားနည်းချက်တွေ၊ ဘယ်လိုကွာခြား ချက်ရှိလဲ။
နိုင်ငံတကာမှာကျတော့
သူတို့တွေက တိုးတက်ဖွံ့ဖြိုးပြီးသားဖြစ်တဲ့အတွက်ကြောင့်
သူတို့တွေက ကိုယ် တကယ်မဆိုတတ် မကတတ်ဖြစ်နေတာတောင်မှ
အဲ့အရာတွေနဲ့ရင်းနှီးပြီးတော့ ကြီးလာတာဖြစ်တဲ့ အတွက်မို့လို့ ပရိသတ်တွေကအစ
ဂီတနဲ့ပတ်ပြီးတော့လည်း ပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးတွေ ရှိကြ ပါတယ်။
ဒီမှာ ကျတော့ ဂီတကျောင်းကြီးတွေလည်းမရှိပါဘူး။ အဲ့အတွက်အနုပညာရှင်တွေက
အရာရာကို နိုင်ငံတကာကနေ
လေ့လာပြီးတော့ သင်ယူရပါတယ်။ အဲ အတွက် သူများနိုင်ငံနဲ့ယှဉ်တဲ့အခါမှာ ကွာဟ
သွားတာတွေလည်းရှိပါတယ်။ ဘယ်အနုပညာနယ်ပယ်မှာပဲဖြစ်ဖြစ်ပါ။ အဲ့တော့
သူများနိုင်ငံကခြေတစ်လှမ်း လှမ်းတဲ့အခါ
မြန်မာနိုင်ငံ က ခြေဆယ်လှမ်းလှမ်းဖို့ လိုပါသေးတယ်။ အဲဒါကကွာခြားချက်ပါပဲ။
သူတို့တွေရဲ့
အဆိုဘက်မှာ ပြီးတော့ သူတို့တွေရဲ့ပါရမီ ပြီးတော့
သူတို့တွေရဲ့အနုပညာကိုခံစား၊ ပြီးတော့
ဇောက်ချပြီးအင်တိုက်အားတိုက်နဲ့လုပ်ပါ တယ်။ ပြီးတော့
အနုပညာလုပ်တဲ့အခါမှာလည်း ဘယ်ပုဂ္ဂိုလ်ရေး မှမပါဘူး။
လူငါးယောက်စုပြီး သီးချင်တစ်ပုဒ်ကို ရေးနိုင်တယ်။ အဲ့တော့
သူများသီချင်းတွေနဲ့မတူဘူး။
အရမ်းပေါက်ပါတယ် ဆိုတဲ့သီချင်းရဲ့ တေးရေးကို ကြည့်လိုက်တဲ့အခါမှာ
၅ဦးပါတာတွေရှိတယ်။
အဲ့ထက် များတာတွေ လည်းရှိတယ်။ အမွန်းတို့နိုင်ငံမှာက
အနုပညာရှင်ငါးဦးပေါင်းပြီးတော့
သီချင်းတစ်ပုဒ်ရေးနိုင်ပြီ လား။ အဲလိုအရာတွေရှိပါသေးတယ်။ ပြီးတော့ တချို့
အရာတွေကကွာပါတယ်။
ပူးပေါင်း လုပ်ဆောင် မှုတွေက အားနည်းနေပါတယ်။ အခုအမွန်းလည်းပူးပေါင်းပြီး
တော့ရေးသွားဖို့ လည်းရှိပါတယ်။
တေးရေး သူငယ်ချင်းတွေနဲ့လည်း သီချင်းပေါင်းရေးဖို့လည်း စိတ်ကူးထားတာ
လေးတွေရှိပါတယ်။
အဲဒါကတော့ ဟိုဘက်နဲ့ဒီဘက် ကွာခြားချက်လေးတွေဖြစ်ပါတယ်။
Printing Media နဲ့ Broadcasting Media မှာ ဘယ်ဟာကပိုပြီးတော့ အောင်မြင်မှုကိုပိုပြီးတော့မြင့်တင်
ပေးနိုင်တယ်လို့ထင်လဲ။
Printing ကျတော့ နုတ်တစ်ရာ စာတစ်လုံးပဲပြောရမှာပေါ့။
Broadcasting ကျတော့ Entertainmaent ပါပါဝင်တယ်။ Prited ကျတော့ ပုံကြည့်တယ်။ စာဖတ်ရတယ်ဆိုပေမယ့်
အရမ်း ခိုင်မြဲပါတယ်။ ကိုယ့်အတွက် Record အနေနဲ့လည်းဖြစ်သွားတယ်။
Broadcasting ကျတော့ Entertainment အတွက်ကောင်းပါတယ်။ အဲ့တစ်ခုတော့ကွာပါတယ်။
Broadcasting မှာကျတော့ ကိုယ်ပြောချင်တဲ့စကားလုံးကို ထည့်ပြောလို့ရတယ်။ ကိုယ်မှားရင်မှားသလို
ပရိသတ်တည့်မြင်နိုင်ပါတယ်။ Printed က ရေးတဲ့သူတစ်ခုခုလွဲသွားတာနဲ့ နားလည် မှုတွေလွဲသွားနိုင်ပါတယ်။
မှားတာမှန်တာက ဘယ်သူမှန်းမသိပေမယ့် အမြင်ကတော့ အမွန်းကိုလွဲသွားမှာ သေချာပါတယ်။ Printed
Media အတွက် အဓိက ကတော့ ပြောတဲ့အတိုင်း ရေးဖို့ကတော့ အရေးကြီးပါတယ်။
အမွန်းကပွင့်လင်းတဲ့သူဆိုတော့
အမွန်းအနေနဲ့ ဘယ်လိုလူမျိုးကိုမကြိုက်ဘူးလဲ။
အမွန်းက ပွင့်ပွင့်လင်းလင်းနေတဲ့သူဖြစ်တဲ့အတွက်
မပွင့်မလင်းနေတဲ့သူနဲ့ အမွန်းနဲ့လုံးဝ အဆင် မပြေ ပါဘူး။ လူရှေ့မှာအမွန်းကိုမုန်းတဲ့ ပုံစံမျိုးမပြောပဲနဲ့
နောက်ကွယ်ကျမှ အမွန်းကိုမုန်းတဲ့သူနဲ့ အမွန်းနဲ့ အဆင် မပြေဘူး။
အမွန်းရဲ့ပရိသတ်ကို Shape ဂျာနယ်ကနေတစ်ဆင့်
စကားလက်ဆောင်လေးပြောပေးပါဦး။
အမွန်းရဲ့ပရိသတ်တွေကို
အမွန်းကကြယ်ပွင့်လေးတွေလို့ ခေါ်ပါတယ်။ အမွန်းရဲ့ကြယ် ပွင့်လေးတွေကို
အမွန်း အမြဲတမ်းရေတွက်နေပါတယ်။ အခုအချိန်ထိ
အားပေးနေတာကိုလည်း ကျေးဇူး တင်ပါတယ်။ အမွန်းရဲ့
Automatic အခွေလေးကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
Beauty ပိုင်းအတွက် အမွန်းအနေနဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ
ဘာတွေပြောင်းလွဲသွားတယ်လို့ထင် လဲ။
အရင်တုန်းကလိုမျိုး ရုပ်ပြောင်ပလိန်းကြီးနဲ့
အပြင်သွားရင်လုံးဝအဆင်မပြေတော့ပါဘူး။ တော် တော်များများက အမွန်းလားဟင်လို့ မေးလာကြတယ်။
မိတ်ကပ်မပြင်ထားတာနဲ့ ပြင်ထားတာနဲ့ကတော့ ကွာခြားမှုတွေရှိပါတယ်။ အရင်ကဆို မိတ်ကပ်တောင်လိမ်းလေ့မရှိဘူး။
အခုကျတော့ ကိုယ့်ကိုယ်ကိုယ် မိတ်ကပ်လေးတော့ လိမ်းနိုင်အောင် ကိုယ့်ကိုယ်ကိုယ်တွန်းအားပြန်ပေးရပါတယ်။
အဲဒီလိုမျိုးတော့ပြောင်း လဲ တာလေးတွေရှိပါတယ်။
အမွန်းအနေနဲ့ မိတ်ကပ်ပြင်တဲ့အခါ
မျက်နှာရဲ့ဘယ်အစိတ်အပိုင်းကိုပြင်ရတာ သဘောကျလဲ။
မျက်လုံးနဲ့နှုတ်ခမ်းကိုပြင်ရတာ သဘောကျပါတယ်။
Fashion က အမွန်း အတွက်ဘယ်လောက်ထိအရေးကြီးလဲ။
Fashion ဆိုတာကတော့ အမွန်းအတွက်တော့ အမှတ်အသားတစ်ခုအနေနဲ့
ပရိသတ်ကိုချပြတာ ပါ။ အရေးကြီးပါတယ်လို့ ပြောလို့ရပါတယ်။ အမွန်းအတွက်တော့ အဆို အက ပြီးရင်တော့ င္ဿေ့်ငသည က အရေးကြီးပါတယ်။
Facebook ဆိုတဲ့ လူမှုကွန်ရက်ကို
အမွန်းအနေနဲ့ ဘယ်လိုမြင်လဲ။
အမွန်းအနေနဲ့ ကိုယ်တိုင်ကသာ အနုပညာရှင်တစ်ယောက်သာ
မဖြစ်ခဲ့ဘူးဆိုရင် အမွန်းဆီမှာ Facebook
Account ဆိုတာရှိမှာမဟုတ်ပါဘူး။ အမွန်းအရမ်းကိုငြီးငွေ့ပါတယ်။ အမွန်းကိုယ်တိုင်လည်း Face book ကိုပဲသုံးတာပါ။ Facebook Account ကိုသုံးမိတဲ့အခါမှာ ငါ့သူငယ်ချင်းတွေ
ဘာလုပ်နေလဲ ဆိုတာကို စစ်ဆေးမိတယ်။ အဲ့အတွက် တစ်ခါတလေကျတော့ အလိုမကျတာတွေဖြစ်လာတတ်ပါတယ်။
ကိုယ့်ရဲ့အပြင် မှာပျော်နေရမယ့် အချိန်တွေကို ဒီဖုန်းမျက်နှာပြင်လေးကိုကြည့်ပြီး ဘ၀တစ်ခုလို့
ထင်မှတ်ရတာကြီးကို အမွန်း မကြိုက်ဘူး။ အဲ့ဒါကြောင့် Facebook Page
ပဲသုံးပါတယ်။ မနက်တစ်ခါ ညတစ်ခါလောက်ပဲသုံးဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်လည်း အချိန်ကုန်သက်သာသလို
ကိုယ့်ဘ၀ကြီးက အရင်ကထက်လှလာတယ်လို့လည်း ခံစားမိပါတယ်။ ပရိသတ်နဲ့ဆက်သွယ်လို့ရတဲ့အတွက်လည်း Facebook က အမွန်းအတွက်လည်းကောင်းပါ တယ်။ အမွန်းရဲ့ဘ၀မှာ Facebook က လိုအပ်ချက် တစ်ခုမဟုတ်ပါဘူး။
အမွန်းအနေနဲ့ Facebook အသုံးပြုတဲ့အခါ
ဘယ်ဟာကိုပိုသဘောကျလဲ။
Instagram သုံးရတာကိုပိုသဘောကျပါတယ်။ ဘာလို့လည်းဆိုတော့
Instargram ကျတော့ ဓာတ်ပုံနဲ့ ဗီဒီယိုလောက်ပဲတင်လိုက်ရုံပဲ။ ပြီးတော့ ထွေထွေထူးထူးပြောရမယ်ဆိုရင်
Instargram က လူတွေ ပေးတဲ့ Comment တွေလည်းမတူဘူး။
ရိုးရိုးရှင်းရှင်းလေးပဲမြင်တွေ့ရတယ်။ ပေါက်ကွဲထွက် လာတဲ့ ခံစားချက် တွေလည်း မတွေ့ရဘူး။
ရှင်းရှင်းလင်းလင်းလေး မြင်တွေ့ရတယ်။ အဲ့အတွက်ကြိုက် တယ်။
အမွန်းအနေနဲ့အောင်မြင်မှုကို ဘယ်လိုမြင်လဲ။
အခုကိုယ်တိုင် အောင်မြင်မှုဘယ်လောက်ရနေပြီလို့ ထင်လဲ။
အမွန်းအနေနဲ့ အောင်မြင်မှုဆိုတာကို ဘယ်လိုမြင်လဲပြောရမယ်ဆိုရင်
အဓိကကတော့ ကိုယ့်ရဲ့ ထုတ် ကုန်ဖြစ်တဲ့ ကိုယ်ဖန်တီးထားတဲ့အနုပညာကို ပရိသတ်ရှေ့ချပြတာပါလို့ပဲခံယူထားပါတယ်။
ကိုယ်ဖန်တီးထား တာကို ပရိတ်ရှေ့ချပြနိုင်တာလို့ပဲခံယူပါတယ်။ ကိုယ်ဖန်တီးထားတာကို ပရိသတ်ရှေ့ချ မပြနိုင်သေးဘူးဆိုရင်
အဲဒါမအောင်မြင်သေးလို့ပါ။ အဲဒီတော့ အခုအချိန်မှာ အောင်မြင်မှု အကြောင်း ကိုပြောမယ်ဆိုရင်
အမွန်းရဲ့ သီချင်းတွေကို အရင်တုန်းကလည်း လူနားထောင်အောင်နဲ့ ပရိသတ် စိတ်ဝင်စားအောင်
အများကြီးကြိုးစား ထားခဲ့ရတယ်။ အခုအချိန်မှာကျတော့ အမွန်းပရိသတ် လည်းရှိလာ တဲ့အပြင် အမွန်းရဲ့အခွေကိုလည်းစောင့်မျှော်
နေသူတွေရှိပါတယ်။ ကိုယ်ဖန်တီးထားတဲ့ အနုပညာကို အဆင်သင့်စောင့်နေတဲ့ ပရိတ်သတ်ရှိတယ်ဆိုတာ
ကတော့ အရင်ကထက်ပိုတိုးလာတယ်လို့ပဲမြင်ပါတယ်။ အမွန်းရဲ့အောင်မြင်မှု ဆိုတာကလည်း ပရိသတ်က
နှစ်သက်တယ်။ ပြီးတော့ ချစ်မြတ်နိုးတယ် လို့ပဲခံယူ ပါတယ်။ အမွန်းအနေနဲ့လည်းအတိုင်းအတာ
တစ်ခုအထိပဲ အောင်မြင်နေတယ်လို့ပဲထင်ပါတယ်။ ဒါပေမဲ့ ဘ၀မှာအောင်မြင်တာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့
ဘ၀မှာ အောင်မြင်မှု စံနှုန်းတွေကတူမှာ မဟုတ်ပါဘူး။ အမွန်းရဲ့ဘ၀မှာ အောင်မြင်မှုဆိုတာကတော့
နေ့ရက်တွေတိုင်း မှာ ပျော်ရဲ့လား ဆိုတာ ကတော့ အဓိကပါပဲ။ ဘ၀မှာ ဘယ်လောက်ပဲအောင်မြင်နေပါစေ။
အထီးကျန်ပြီးတော့ ဦး တည်ရာမဲ့နေတာ ဆိုရင်တော့ အဲဒါကအောင်မြင်မှုလို့ အမွန်းမခံယူတော့ပါဘူး။
အဲလိုဖြစ်မှာကိုတော့ ကြောက် ပါတယ်။ အဲလိုမဖြစ်အောင်လည်း ဂရုစိုက်ပါတယ်။
အမွန်းရဲ့တေးစီးရီးမိတ်ဆက်ပွဲကို
တိရိစ္ဆာန်ဥယျာဉ်မှာလုပ်တာက တခြားရည်ရွယ်ချက်တစ်ခုခုရှိလို့လား။
တိရိစ္ဆာန်ဥယျာဉ်မှာလုပ်ဖြစ်တဲ့ အကြောင်းရှိပါတယ်။
အမွန်းကိုအားပေးတဲ့ ပရိသတ်တွေထဲမှာ ကလေး သေးသေးလေးတွေလည်းပါ ပါတယ်။ ကလေးသေးသေးလေးတွေကိုလည်း
အမွန်းအလေးထားတဲ့ အနေနဲ့ တိရိစ္ဆာန်ဥယျာဉ်မှာ သွားပြီးတော့ သူတို့လေးတွေအတွက်သွားပြီးတော့
ဖျော်ဖြေတာဖြစ်ပါတယ်။ သူတို့ရဲ့မိဘ တွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံဖြစ်ပါတယ်။ အဲဒါကြောင့်ပါပဲ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment