အသက် ၁၄ နှစ်အရွယ်ကတည်းက အနုပညာခြေလှမ်းစတင်ခဲ့တဲ့.....အန်ဂျီ




ဒီတစ်ပတ် Audience’s Choice ကဏ္ဍအတွက် ရွေးချယ်ထားတာကတော့ အန်ဂျီလို့ခေါ်တဲ့ကောင်မလေး ပါ။ သူကတော့ အားလုံးသိကြတဲ့ Asia’s Next Top Model Season 4 ကို စင်ကာပူနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 4 အထိ တက်လှမ်းနိုင်ခဲ့သူပါ။

အသက် ၁၄ နှစ်အရွယ်ကတည်းက အနုပညာခြေလှမ်းစတင်ခဲ့ပြီး New Face ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ သလို Miss Cagliari Cosmopolitan ဆုရရှိခဲ့ပါတယ်။ အန်ဂျီဟာ မော်ဒယ်တစ်ဦးဖြစ်လာဖို့ မျှော်လင့်ခဲ့သူမဟုတ်ပါဘူး။

“ကျွန်မ New Face ပြိုင်ပွဲအတွက် လူရွေးပွဲကိုသွားချင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မချစ်သူအမေက စိတ်ဆိုးမှာစိုးလို့သွားခဲ့ရတာ” ဆိုပြီးပြောလာပါတယ်။ ဒါပေမယ့်စင်မြင့်နဲ့အကျွမ်းတဝင်ရှိလာတဲ့ အန်ဂျီဟာ “ကျွန်မ စင်ပေါ်ကနေဆင်းလာတယ်၊ ကျွန်မလုပ်နိုင်ခဲ့တယ်ဆိုတဲ့အသိက ကျွန်မကို စိတ်ကျေနပ်စေတယ်၊ လူအများကြီးရှေ့မှာလမ်းလျှောက်ရတာ ကြောက်တော့ကြောက်တာပေါ့။ ဒါပေမယ့် ကြိုးစားတာမမှားဘူး လေ” ဆိုပြီး သူ့ခံယူချက်ကို ဖွင့်ဟလာပါတယ်။ AsNTM ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ပတ်သက်ပြီး “ကျွန်မ ပထမဆုံးရည်ရွယ်ချက်က ဒီပွဲမှာအနိုင်ရဖို့လည်းမဟုတ်ဘူး၊ ဒါပေမယ့် ပထမဆုံးအပတ်မှာလည်း အိမ်ပြန်သွားချင်တာမဟုတ်ဘူး”တဲ့။ ဒါပေမယ့်လည်း Tresemme Challenge မှာ အနိမ့်ဆုံးအမှတ်နဲ့ ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။

လက်ရှိအကြိုက်ဆုံးမော်ဒယ်က ဘယ်သူဖြစ်မလဲ။
Cara Delevigne ပါ။ သူက နာမည်ကြီးမော်ဒယ်ဖြစ်ပေမယ့် သူ့ကိုယ်သူနှိမ့်ချပြောတယ်၊ ဉာဏ်ထက်တယ်၊ အဲဒါကိုကြိုက်တယ်။

AsMTN မှာနိုင်ခဲ့ရင် ဘာဆက်လုပ်မလဲ

ဘုရားသခင် . . ကျွန်မ အနိုင်ရခဲ့မယ်ဆိုရင် Vitoria’s Secret Show မှာပါချင်တယ်။ ပြီးတော့ Chanel မှာပါချင်တယ်၊ ကျွန်မ Chanel ကြိုက်တယ်လေ။

မယ်ရွေးပွဲမှာလည်းပါတယ် ပြောတယ်နော်

ဘာလို့လဲဆိုတော့ ဒါကျွန်မအတွက် အတွေ့အကြုံသစ်တစ်ခုရမယ် ထင်လို့ပါ။ ကျွန်မ လေ့ကျင့်ရင်း၊ လေ့လာရင်းနဲ့ပဲ အသိပညာတွေ သင်ယူသွားချင်တယ်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment