Beach Buggy Racing



PS2 ဂိမ်းထဲက ကားမောင်းရင်းတိုက်ခိုက်ရတဲ့ ဂိမ်းလေးတစ်ခုလိုပဲ ကမ်းခြေမှာပုံစံအမျိုးမျိုးရှိတဲ့ အမိုးပွင့် ကားလေးကိုမောင်းရင်း ပန်းတိုင်ကိုအရင်ဆုံးရောက်အောင်သွားရသလို သွားရင်းနဲ့လည်း တိုက်ခိုက်ရမယ့် ဂိမ်းလေးတစ်ခုဖြစ်ပါတယ်…

ဒီဂိမ်းလေးကတော့ ကျွန်တော်တို့ငယ်ငယ်က တော်တော်များများဆော့ခဲ့ကြဖူးတဲ့ PS2 ဂိမ်းထဲက ကားမောင်းရင်းတိုက်ခိုက်ရတဲ့ ဂိမ်းလေးတစ်ခုလိုပဲ ကမ်းခြေမှာပုံစံအမျိုးမျိုးရှိတဲ့ အမိုးပွင့်ကားလေးကို မောင်းရင်း ပန်းတိုင်ကိုအရင်ဆုံး ရောက်အောင်သွားရသလို သွားရင်းနဲ့လည်း တိုက်ခိုက်ရမယ့် ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းပေါ်မှာဆော့လို့ရတဲ့ Graphic ကောင်းတဲ့ဂိမ်းတွေထဲကတစ်ခုဖြစ်ပြီး 3D ပုံထွက်ရုပ်လုံး ကြွတဲ့ပုံရိပ်တွေ လှုပ်ရှားမှုတွေကြောင့် မျက်စိပသာဒရှိစေတဲ့အပြင် လှုပ်ရှားမှုတွေ တုန့်ပြန်မှုတွေဟာလည်း အထေ့အငေါ့မရှိ လျှင်မြန်သွက်လက်နေတာကြောင့် စပြီးဆော့တဲ့အချိန်မှာပဲ လက်ဖျားကမချချင်လောက် အောင် စွဲလမ်းစေပါလိမ့်မယ်။

ဒီဂိမ်းဟာ Xbox နဲ့ PS4 တို့လို Gameing Platform ကြီးတွေနဲ့အပြိုင် မိုဘိုင်း ဖုန်းတွေမှာတစ်ချိန်တည်း ဆော့ကစားခွင့်ပြုထားတဲ့အတွက် ဂိမ်းရေးသားပေးတဲ့ Vector Unit ကုမ္ပဏီကို ကျေးဇူးတင်ရပါလိမ့်မယ်၊ ဒါ့အပြင် ဂိမ်းကိုလည်းအခမဲ့ ဆော့ခွင့်ပြုထားပြီးကိုယ်ကျွမ်းရင် ကျွမ်းသလောက် နောက်ထပ်မောင်းရမယ့် အခန်းတွေပွင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းရဲ့ဇာတ်ကောင်နဲ့ မောင်းနှင်ရမယ့် ကားကိုလည်း ဆော့ ကစားရင်းရရှိတဲ့ gold တွေကနေတစ်ဆင့် အဆင့်မြှင့်တင်ရယူနိုင်ဦးမှာ ဖြစ်ပါတယ်။ ရရှိတဲ့ ဇာတ်ကောင် တစ်ဦးချင်းစီကနေမတူညီတဲ့ စွမ်းရည်တစ်မျိုးစီလည်း ပူးတွဲရရှိစေမှာဖြစ်ပြီး အဲဒီစွမ်းရည်တွေနဲ့ ပြိုင်ပွဲတွေ မောင်းနှင်တဲ့အခါ တိုက်ခိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မတူညီတဲ့ဂိမ်း mode ပေါင်း ၆ မျိုးမှာမတူညီ တဲ့စွမ်းရည်ပေါင်း ၂၅ မျိုးထိရရှိနိုင်မှာဖြစ်တဲ့အတွက် တစ်ခု အဆင့်မြှင့်လိုက်တိုင်း ဘယ်လိုစွမ်းရည်မျိုးပါဝင်လာ မလဲဆိုတဲ့ စိတ်လှုပ်ရှားစရာခံစားမှုမျိုးလည်း ရရှိစေပါ လိမ့်မယ်။ ယှဉ်ပြိုင်တိုက်ခိုက်ရမယ့် လမ်းအမျိုးအစား ပေါင်းလည်း ၁၅ မျိုးထိရောက်ရှိနိုင်မှာဖြစ်သလို ၀ယ်ယူလိုက်တဲ့ကားတွေကိုလည်း အစိတ်အပိုင်းတစ်ခုချင်းစီ အလိုက် ထပ်ပြီးအဆင့်မြှင့် တင်နိုင်မှာဖြစ်ပါ တယ်။

ဒီဂိမ်းဟာ joypak နဲ့ အဓိက ဆော့ကစားရတဲ့ Xbox, Playstatin အစရှိတဲ့ ဂိမ်း Platform စစ်စစ်တွေ ကနေဆင်းသက် လာတာဖြစ်တဲ့အတွက် ထိန်းချုပ်မောင်းနှင် ရတဲ့အစပိုင်းမှာတော့ အနည်းငယ်အခက် အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ control setting ထဲမှာ မိမိနဲ့ကိုက်ညီမယ့် ပုံစံပြောင်းပြီး မောင်းနှင်နိုင်ဖို့ ပြင်ဆင်နိုင်ပါလိမ့်မယ်။ ဒီဂိမ်းဟာတစ်ခြားနာမည်ကျော် racing ဂိမ်းတွေလိုပဲ Android TV, Table တွေကနေ တစ်ဆင့် သူငယ်ချင်း(၄)ယောက်အထိ ချိတ်ဆက်ပြီးအတူတူကစားနိုင်တဲ့ Multiplayer ဂိမ်းတစ်ခုဖြစ်သလို ပန်းတိုင်ရောက်ဖို့ခက်ခဲတဲ့ အတားအဆီးတွေကိုကျော်ဖြတ်ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။

 ဒီဂိမ်းကိုဆော့ကစားချင် တယ်ဆိုရင်တော့ Google Play Store မှာ Beacg Buggy Racing လို့ရိုက် ထည့်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်ပါတယ်။ ဂိမ်းအနေနဲ့အခမဲ့ဖြစ်ပေမယ့် ဂိမ်းထဲမှာအသုံးပြုရတဲ့ Coin, Gold, Gem အစရှိတဲ့အရာတွေကိုတော့ in-app-purchase အနေနဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ ၀ယ်ယူမှ ဆော့ကစားရမှာမျိုးမဟုတ်ဘဲကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့စိတ်ရှည် သည်းခံနိုင် စွမ်းပေါ် မူတည်ပြီး Coin, Gold, Gem တွေ ရရှိနိုင်မှာဖြစ်ပါတယ်။

Banurka


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment