၂နှစ်ကနေနှစ်၂၀၀အထိအောင်မြင်ပါစေ..........အိန္ဒြာကျော်ဇင်











၂နှစ်ကနေနှစ်၂၀၀အထိအောင်မြင်ပါစေ။ ထိပ်ဆုံးကို ရောက်ပါစေလို့ အူဝဲဆုတောင်းပေးလိုက်ပါတယ်
အိန္ဒြာကျော်ဇင်

Reflection ရုပ်ရှင်မှာ ''အူဝဲ''က''မေနိုင်း''ဇာတ်ရုပ်က သရုပ်ဆောင်ရမယ်ဆိုတော့ ဘယ်လိုကြိုတင် ပြင်ဆင်ထားလဲ။
အဓိကကတော့ အ၀တ်အစားပိုင်းကို အူဝဲတို့က Stylist ကို ငှားထားတယ်ဆိုတော့ သူကအ၀တ် အစားပိုင်းကိုတာဝန်ယူမှာပေါ့နော်။ မေနိုင်းရဲ့ကာရိုက်တာကတော့ ဒီကားထဲမှာ Revent ပေါ့နော်။ မခိုင်ကြီး (ထွန်းအိန္ဒြာဗိုလ်) ကြောင့် သူရဲ့မိသားစုတွေပျက်စီးခဲ့ရတယ်။ အဲဒီတော့ တစ်နေ့နေ့မှာ အဲဒီမခိုင်ကြီးကို ကလဲ့စားချေမယ်ဆိုတဲ့ စိတ်ရှိတဲ့သူပေါ့။

ဖက်ရှင်တွေအတွက် Stylist နဲ့လုပ်မယ်ဆိုသလို ''အူဝဲ'' တို့အခုပြသွားတဲ့ဖက်ရှင်တွေကလည်း အလန်းစားတွေ ချည်းပဲ။ ရုပ်ရှင်ကားတွေက ရုံတင်ဖို့တန်းစီစောင့်ရတော့ ဒီဖက်ရှင်တွေက Out မအောက်သွားဖို့အတွက်ရော ဘယ်လိုစီစဉ်ထားလဲ။
အဲဒီအတွက်လည်း အူဝဲတို့တွက်ထားပါတယ်။ သဘောက အခုဒီအချိန်မှာဝတ်နေတဲ့အ၀တ်အစား တွေကိုမထုတ်ဘူး။ အခု Up Date ဖြစ်နေတဲ့ဟာတွေကိုအခုဝတ်လိုက်ရင် ရုံတင်တဲ့အခါ အဲဒါတွေက Out of Date ဖြစ်နေပြီပေါ့နော်။ အဲဒီတော့ အဲဒီလိုမဖြစ်အောင်ကြိုတွက်ထားပါတယ်။

အဓိကမင်းသားမပါတဲ့ မင်းသမီးချည်း၎ယောက်(ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ၀တ်မှုံရွှေရည်၊ ပက်ထရစ်ရှာ ဆိုတော့ မင်းသမီးဈေးကွက်ဖြစ်ဖို့ ဖောက်ထွက်လိုက်တာလား။

အဲဒီလိုလည်းမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင်ကိုယ်လုပ်ချင်တဲ့ ဟာတစ်ခုကိုလုပ်လိုက်ရတဲ့သဘော ပါပဲ။
ရုပ်ရှင်ရုံ ၁၀၀စီမံကိန်းနဲ့ ပတ်သက်ပြီး''အူဝဲ''ရဲ့အမြင်ကို ပြောပြပေးပါဦး။
အဲဒါကတော့ အမြန်အကောင်အထည်ဖော်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို အကောင် အထည်ဖော်နိုင်မှပဲ Producer တွေကလည်း အသက်ရှုချောင်မှာ။

''ပြေသုဒြာ''က ပြေတီ နဲ့ အူဝဲတို့ရဲ့သမီးကြီးနာမည်။ အခု''သုဒြာ''ဆိုတာရုပ်ရှင်ထုတ်လုပ်ရေး နာမည်ကိုရော ဘယ်လိုပေးဖြစ်သွားတာလဲ။
သုဒြာဆိုတာ ပါဠိစကားလုံးပေါ့နော်။ အူဝဲက ပါဠိစကားလုံးတွေကို သဘောကျတယ်။ အဲဒါကြောင့်မို့ အူဝဲရဲ့သမီးလေးနဲ့ သားလေးကို ပါဠိနာမည်လေးတွေပါအောင်မှည့်ပေးတာပါ။ အရှေ့က ဖေဖေ့နာမည် ''ပြေ'' ထည့်တယ်။ ''သုဒြာ''ဆိုတာသူ့အဓိပ္ပါယ်နဲ့သူပေါ့နော်။ သမီး လေးနာမည်က ''ပြေသုဒြာ''ပေါ့။  သားလေးဆိုလဲ ဒီလိုပဲ။''ဓီရ''ဆို တာက ပညာတတ်ဆိုတဲ့ဓိပ္ပါယ်ပေါ့နော်။ အဲဒီတော့ သားလေးနာမည် ကို''ပြေဓီရ'' ဆိုပြီးပေး လိုက်တယ်။ အူဝဲကပါဠိနာမည်ဆိုရင်ကိုသဘောကျနေတာ။ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်မယ်ဆိုတော့လည်း' 'သုဒြာ''ဆို တဲ့နာမည်လေးကလှတယ်ပေါ့နော်။ ပြီးတော့သမီးလေးရဲ့နာမည်ဖြစ်တော့ ပိုပြီးအဓိပ္ပါယ်ရှိတယ်ပေါ့။ ကိုယ်လုပ်တဲ့အလုပ်လေးကို သုဒြာနာမည်နဲ့လုပ်ချင်တော့ သုဒြာနာမည်လေးပေးလိုက်တယ်။

ဒါဖြင့်သားလေး''ပြေဓီရ''နာမည်နဲ့ရော ဘာလုပ်ဖို့ရှိသေးလဲ။
သားလေးဓီရအတွက်လည်း စဉ်းစားထားပါတယ်။ ရှေ့လျှောက် လုပ်ရမယ့်အလုပ်တွေမှာ သားနာမည် လည်း ထည့်ပေးရမယ်ပေါ့။

မိဘနှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်နေတော့ သားနဲ့သမီးမှာ ငညျ တော့ပါလိမ့်မယ်ထင်တယ်။
အင်း…။ အခုတော့ငယ်သေးကြလို့လားမသိဘူး။ မပြောတတ်သေးဘူး။

ပြီးခဲ့တဲ့နှစ်မှာ''မောင့်အိမ်သူ'' ဇာတ်ကားနဲ့''အူဝဲ''ကိုအကယ်ဒမီရမှာပဲဆိုပြီး တွေးထားခဲ့ပေမယ့် လွဲသွားတယ်။ သရုပ်ဆောင်ကောင်းပါလျက် အကယ်ဒမီတွေနဲ့လွဲနေရတာနဲ့ပတ်သက်ပြီး…
အဲဒါက တကယ်မကောင်းသေးလို့ မရတာပါ။ တကယ်ကောင်းဖို့အတွက် အူဝဲကြိုးစားရဦးမှာပါ။

အူဝဲတို့ရိုက်မယ့်ကားတွေမှာ အစ်ကိုတွေမောင်တွေဖြစ်တဲ့ ကိုရာဇာ(ရာဇာနေ၀င်း)တို့ ပိုင်ပိုင် (ပိုင်ဇေရဲထွန်း) တို့နဲ့ရော ရိုက်ဖို့ရှိဦးမလား။
အင်း… လောလောဆယ်တော့ အစီအစဉ်တော့မရှိသေးဘူး။ ဒါပေမဲ့ ဇာတ်ထဲမှာဇာတ်ဝင်ခန်းအရ ကာ ရိုက်တာ ဇာတ်ကြောင်းနဲ့လိုက်တယ်ဆိုရင်တော့ ထည့်မှာပါ။
''အူဝဲ''ရဲ့ Our Princess Eaindar Kyaw Zin Fan Group မှာ Fan ဘယ်နှစ်ယောက်ရှိလဲ။
၇၀၀၀ နီးပါးရှိပါပြီ။

အခုဆိုရင်''အူဝဲ''ရဲ့ Reflection ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ မန္တလေးအပါအ၀င် အနယ်နယ် အရပ်ရပ်က Fan တွေက လူတိုင်းဝင်ရင်း လက်ဆောင်တွေပေးရင်း တက်ရောက်လာကြတယ်ဆိုတော့ ''အူဝဲ''ရဲ့ စိတ်ခံစားမှုက
သူတို့ကို''အူဝဲ''ကဖိတ်တာပေါ့နော်။ သူတို့ကအဝေးကနေလာပြီး တက်ပေးတဲ့အတွက် Fan အဖွဲ့ ကို အများကြီးကျေးဇူးတင်ပါတယ်။
ပရိသတ်တွေကဟိုးကတည်း ကနေအခုအချိန်အထိ''အူဝဲ''ကို ချစ်ခင်အားပေးနေကြတာလည်း တွေ့ရတယ်။
ကိုယ့်အပေါ်မှာ သူတို့ကတကယ်ချစ်ကြတယ်။ အားပေးကြတယ်။ စိတ်ရောကိုယ်ရောအားပေး ကြတယ်။ အဲဒီလိုသူတို့ရဲ့တကယ်ချစ်တဲ့စိတ် အားပေးတဲ့စိတ်ကြောင့် ကိုယ့်ရဲ့စိတ်ကလည်း အဲဒါရဲ့ Reflection ပေါ့နော်။ ကိုယ်ကလည်းသူတို့အပေါ်မှာ အမြဲတမ်းစိတ်ထဲမှာရှိနေတယ်ပေါ့နော်။ သူတို့ရဲ့ အားပေးမှုကို ဦးထိပ်ထားပြီးကျေးဇူးတင်နေမိတယ်။

ဟိုးအရင်ကဆိုရင် Print Media ကိုပဲအလေးထားပြီး သူတို့ရဲ့အနုပညာရှင်တွေအကြောင်းကို ဖတ်ရှုခွင့် သိခွင့်ရကြတယ်။ အခုဆိုရင် ရုပ်သံတွေရှိလာတယ်။ ဖုန်းတွေလည်းရှိလာတယ်။ အဲဒီလိုပြောင်းလဲမှုတွေအပေါ်မှာ အူဝဲရဲ့အမြင်က…
သူ့ရဲ့ခေတ်အခြေအနေကိုက အဲဒီလိုမျိုးသွားတာကိုး။ အဲဒီတော့ ဘယ်မှာပဲဖြစ်ဖြစ်နေရာတိုင်းမှာ အဆိုးနဲ့အကောင်းက ဒွန်တွဲနေတာပါ။ အဲဒီအပေါ်မှာ စိတ်ကိုသူ့နေရာနဲ့သူ ထားတတ်မယ်ဆိုရင် အားလုံး အဆင် ပြေမှာပါ။
ပရိသတ်ရဲ့ရင်ခွင်ထဲကို Shape ဂျာနယ်ရောက်လာတာဟာ ၂နှစ်ပြည့်ပြီ။ အဲဒီတော့ အမှတ်တရစကားလေး ပြောပေးပါဦး။
၂နှစ်ဆိုတာက နည်းသေးတယ်ပေါ့နော်။ အဲဒီ၂နှစ်ကနေ နှစ်၂၀၀အထိအောင်မြင်ပါစေ။ ထိပ်ဆုံးကို ရောက်ပါစေလို့ အူဝဲဆုတောင်းပေးလိုက်ပါတယ်။

Share on Google Plus

0 comments:

Post a Comment