လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ပြောရရင်.......မေမြတ်နိုး









လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ပြောရရင်မြတ်နိုးပထမဆုံးပြောချင်တာကတော့ လူ့အောက်ကျို့လို့လူပိမသေ ဘူးဆိုတဲ့စကားပုံလေးပေါ့။ အဲဒီစကားလုံးကို အရမ်းအလေးထားတယ်…
မေမြတ်နိုး


မြတ်နိုး New York သွားရင် သီချင်းလေးတွေကို ဟိုဘက်မှာပြချင်တယ်။ ငါအဆိုတော်လည်းလုပ်တယ်။ ရေး ထားတဲ့အဆိုတော်တွေကလည်း အကောင်းစားပေါ့နော်
လတ်တလောမှာဂျာနယ်တွေ၊ မဂ္ဂဇင်းတွေရိုက်ဖြစ်နေတယ်။ ပြီးတော့ အခွေလုပ်နေတယ်။ Solo Alb -um ထဲမှာ တေးရေးတွေဆီကရတာနဲ့ သီချင်းသွင်းနေပြီ။ အခုလောလောဆယ် ၀ိုင်းလေး၊ ဝေလျှံ၊ ကိုသားသား၊ ဆရာရွှေဂျော်ဂျော်ဆီကတော့ Confirm ရသွားပြီ။ အပ်တာက Bunny Phyo ရယ်၊ ကိုရဲရင့်အောင်ရယ်၊ ပြီး တော့ ဆရာမြင့်မိုးအောင်တို့လည်း ကျန်သေးတယ်။ အခွေထဲမှာလောလောဆယ်တော့ (၁၀)ပုဒ်လောက်ပါဖို့ မှန်းထားတယ်ရှင့်။ အခွေကဒီနှစ် ၂၀၁၆ ကုန်လောက်ထွက်ဖို့မှန်းထားပါတယ်။ မြတ်နိုး New York သွားရင် သီချင်းလေးတွေကို ဟိုဘက်မှာပြချင်တယ်။ ငါအဆိုတော်လည်းလုပ်တယ်။ ရေးထားတဲ့အဆိုတော်တွေက လည်း အကောင်းစားပေါ့နော်။ R&B နဲ့ Pop တွေကို နိုင်ငံခြားဆန်အောင်လုပ်ပေးထားတဲ့အတွက် ဟိုဘက်မှာ ပြလို့လည်း ပိုကောင်းပါတယ်ရှင့်။ ဇာတ်ကားကတော့နောက်လထဲမှာ တစ်ကားရိုက်ဖို့ရှိပါတယ်။

ဘာပြဿနာပဲဖြစ်ဖြစ် အရှုံးပေးပြီးထိုင်ငိုနေလို့မရဘူး။ ဘာပဲဖြစ်ဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ရ မယ်။ အမှန်တရားဘက်ကနေ အမြဲရပ်တည်နိုင်တယ်ဆိုတဲ့စိတ်လေးထားတာပေါ့။ တခုခုဆိုရင်လည်းငိုနေမယ့် အစား solution တခုခုကို စဉ်းစားသင့်တယ်လို့ထင်ပါတယ်။

Online ကနေတဆင့် ပေါင်း၎ဆင့်လောက်ကျော်ဖြတ်ပြီးတော့မှ Top 20 ရွေးချယ်ခံရတယ်

Asia’s Next Top Model ကို Online ကနေ မြတ်နိုးလျှောက်ဖြစ်ခဲ့တာပါ။ Online ကနေတဆင့်ပေါင်း ၄ဆင့်လောက်ကျော်ဖြတ်ပြီးတော့မှ Top 20 ရွေးချယ်ခံရတယ်။ Top 20 ကနေ Top 14 အဲဒီလိုမျိုး။ ပြီးတော့ သွားပြိုင်ရတာပေါ့။

Asia’s Next Top Model ပြိုင်ပွဲမှာအားအရဆုံးအပိုင်းက New York Fashion Week သွားရမယ့် အပိုင်းပါ။ အဲဒီအပိုင်းမှာလည်း effortlessly beautiful ဆိုပြီး သူတို့ Comment ပေးတဲ့ အပိုင်းရှိတယ်။ ဘာမှမလုပ်ပဲနဲ့ကို ပုံကစတိုင်လ်ကျနေတဲ့အတွက်။ Yutsai ဆို မြတ်နိုးနိုင်ပြီးတဲ့နောက်ပွဲတွေ ‘May’ don’t do anything!” နင်ဘာမှမလုပ်နဲ့။ ဘာမှမလုပ်ရင် စတိုင်လ်ကျနေတဲ့အတွက် Pose မလုပ်နဲ့ လို့တောင်ပြောကြ တယ်။ အဲဒါလေးတော့အားရပါတယ်။

မကြိုက်ဆုံးအပိုင်းက ပထမဆုံးအပိုင်း ဖန်လုံးထဲမှာဓာတ်ပုံရိုက်ရတာ
မကြိုက်ဆုံးအပိုင်းက ပထမဆုံးအပိုင်း ဖန်လုံးထဲမှာဓာတ်ပုံရိုက်ရတာ ဘာလို့မကြိုက်တာလည်းဆို တော့ အထဲမှာအရမ်းကိုကျဉ်းကြပ်တယ်လို့ခံစားရပြီး အသက်ရှုလို့လည်းမ၀တဲ့အတွက် အကောင်းဆုံးမလုပ် နိုင်လို့ နံပါတ် ၆ နေရာပဲရခဲ့တယ်။ ကိုယ်ကိုယ်ကိုယ်ကတော့ ဒီထက်မကကောင်းအောင် လုပ်နိုင်တယ်လို့ ထင်ခဲ့ပါတယ်။

Activity တွေလုပ်ရတဲ့အထဲမှာ အားမရတာကတော့ Sentosa ထဲမှာရေပေါ်မှာ Yoga လုပ်ရတဲ့အပိုင်း။ ရေထဲမှာလုပ်ရတာဆိုတော့ နဂိုကတည်းကကုန်းပေါ်မှာလုပ်ရင် လှုပ်စိလှုပ်စိနဲ့ကိုယ့်ကိုယ်ကိုယ်မနိုင်တာ။ ရေထဲ မှာလုပ်ရင် ပိုဆိုးတယ်။ Bikini ၀တ်ပြီးလုပ်ရတာဆိုတော့ အရမ်း Uncomfortable ဖြစ်တယ်။ အဲဒီအပိုင်းကို သိပ်သဘောမကျဘူးပေါ့။

international ဘက်ကိုသွားနေရတာဆိုတော့ international မှာဆိုရင် တက်သစ်စမော်ဒယ်ပဲဖြစ်ဖြစ်၊ လုံးဝ Professional Model ပဲဖြစ်ဖြစ် သူ့ရဲ့ကြိုးစားခအနုပညာကြေးဆိုတာရှိတယ်ပေါ့နော်။ ပိုက်ဆံလို့မပြောဘူး

သမီးဝါရင့်အနုပညာရှင်ကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် experience ၃နှစ်အတွင်းမှာ သိလိုက်ရတာ က မြတ်နိုးက international ဘက်ကိုသွားနေရတာဆိုတော့ intrenational မှာဆိုရင် တက်သစ်စမော်ဒယ်ပဲ ဖြစ်ဖြစ်၊ လုံးဝ Professional Model ပဲဖြစ်ဖြစ် သူ့ရဲ့ကြိုးစားခ အနုပညာကြေးဆိုတာ ရှိတယ်ပေါ့နော်။ ပိုက်ဆံလို့မပြောဘူး။ အနုပညာကြေး။ မြန်မာနိုင်ငံမှာလည်းရှိတာပဲ။ သူ့ရဲ့အနု ပညာကိုလေးစားတယ်။ တန်ဖိုးထားတယ်။ ကြိုးစားမှုကိုတန်ဖိုးထားမှုပေါ့။ အဲဒီအတွက် နည်းသည် များသည် ဖြစ်စေ ပေးတယ်။ တက်သစ်စဆိုရင် နာရီပိုင်းနဲ့ပေးတယ်။ အဲဒီမှာကျတော့ နိုင်ငံရဲ့ Modelling ဈေးကွက်မရှိတဲ့အခါကျတော့ မော်ဒယ်တွေတော်တော်များများကလည်း သူတို့နာမည်ရချင်တဲ့အတွက် အလကားလုပ်ပေးတာတွေလည်းရှိ တယ်။ အဲဒါကြောင့်ပဲ international ဘက်ကိုထိုးဖောက်လို့ မရဘူးပေါ့နော်။ သမီးထင်တာကတော့ အခုပိုက်ဆံ နဲ့သာအလုပ်လုပ်မယ်ဆိုရင် Model တွေရဲ့ quality တွေလည်း ကောင်းလာမယ်လို့ထင်ပါတယ်။ Industry ကြီးတစ်ခုလုံးလည်း international ဘက်ကိုထိုးဖောက်မယ်လို့ ထင်ပါတယ်။ ဒီငွေသားအနုပညာကြေးလေးက လူတွေပိုပြီး motivate လုပ်နိုင်မယ်လို့ထင်တယ်ရှင့်။ ပိုက်ဆံနဲ့လုပ်ရင် မော်ဒယ်တွေကပိုလည်းရလာချင်တယ်။ သူ့ကိုသူလည်းပိုပြီးလေ့လာမယ်။ ပိုပြီးတိုးတက်လာနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် Model တွေ Miss တွေဖြစ်စေချင်တာက နာမည်ကြီးဖို့အတွက်တစ်ခုတည်းမဟုတ်ဘဲ တကယ့်ကိုအနုပညာကိုချစ်လို့ လုပ်တယ် ဆိုတဲ့ရေရှည်အတွက် quality တစ်ခုအနေနဲ့လုပ်စေ ချင်တယ်။

General Knowledge က မော်ဒယ်တင်မဟုတ်ပဲ လူတိုင်းကသိသင့်တဲ့အရာတွေပါ
General Knowledge က မော်ဒယ်တင်မဟုတ်ပဲ လူတိုင်းက သိသင့်တဲ့အရာတွေပါ။ မော်ဒယ်တွေက ဘာလို့ပိုပြီးသိသင့်သလဲဆိုတော့ Public figure တွေဖြစ်တဲ့အတွက် Public figure ဆိုတာ ကိုယ်ကလူတိုင်းနဲ့ ဆက်ဆံရတဲ့အတွက် ပိုပြီးတော့ရင်းနှီးမှုရချင်ရင် common topic ဆိုတာရှိရမယ်။ Common Topic သိအောင် လို့ ကိုယ်က General Knowledge တွေ ဥပမာသူက business person နဲ့ စကားသွားပြောမယ်ဆိုရင် Business အကြောင်းနည်းနည်းပါးပါးတော့သိရမယ်။ Politician နဲ့စကားပြောချင်တယ်။ သိချင်တယ်၊ ခင်ချင် တယ်ဆိုရင် သူ့အကြောင်းသိရမယ်။ ကိုယ်က Public Figure ဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးတယ်။ နိုင်ငံ တကာနဲ့သွားပြီးဆက်သွယ်မယ်ဆိုရင် ကိုယ်ကမြန်မာနိုင်ငံကိုယ်စားပြုဖြစ်သွားပြီလေ။ ကိုယ်က Just a person မဟုတ်ဘူး။ Myanmay Citizen ဖြစ်နေပြီဆိုတော့ ကိုယ့်နိုင်ငံအကြောင်းကိုယ် သိသင့်တယ်လို့ထင်ပါတယ်။

Talents ဆိုတာကတော့ လူတစ်ယောက်ကမွေးလာရင် မြန်မာနိုင်ငံကမွေးလာပေမယ့် ဂျပန်နိုင်ငံရဲ့ Karate ကို Talent ပါတာလည်းဖြစ်နိုင်တယ်။ self ပါလာတာလည်းရှိသလို ဥပမာ မြန်မာနိုင်ငံကိုလာမယ် ဆိုရင်လည်း ရအောင်ကြိုးစားလို့ရတဲ့ Talents လည်းရှိတယ်။

အဆိုပိုင်းမှာ Talent ရှိတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ ကိုယ်ဆိုတဲ့သီချင်းက English သီချင်းတွေ၊ ဒါပေမဲ့ လည်း မြန်မာသီချင်း မြန်မာသံကို ရအောင်ကြိုးစားတာကကြိုးစားပြီးရတာတဲ့ Talents ပေါ့

နဂိုကတည်းကရလာတဲ့ပါရမီထက် ကြိုးစားပြီးရလာတဲ့ Talent နဲ့မတူဘူးပေါ့။ ၂ခုစလုံးကို ကိုယ်ရ ထားသင့်တယ်လို့ထင်တယ်။ မြတ်နိုးဆို အဆိုဝါသနာပါတယ်။ အဆိုပိုင်းမှာ Talents ရှိတယ်လို့ပြောလို့ရ တယ်။ ဒါပေမဲ့ ကိုယ်ဆိုတဲ့သီချင်းက English သီချင်းတွေ၊ ဒါပေမဲ့လည်း မြန်မာသီချင်း မြန်မာသံကိုရအောင် ကြိုးစားတာက ကြိုးစားပြီးရတာတဲ့ Talent ပေါ့။ နှစ်မျိုးစလုံးကိုလုပ်ထားသင့်တယ်။ နောက်တစ်ခုက လူဆိုတာ မျက်နှာလေး ခန္ဓာကိုယ်လေးလှနေရုံနဲ့ပြီးမသွားဘူး။ ဒီမော်ဒယ်ကလှတာထက် နောက်ထပ် ဘာတက်လဲမေး လာရင် ကိုယ်ကဘာမှမတက်ဘူးဆိုရင် ရှက်စရာကောင်းတယ်။ အခုနိုင်ငံခြားကမော်ဒယ်တွေ Kendall Jenner တို့ Kylie Jenner တို့ သူတို့ကလှတာတစ်ခုတည်းလားလို့မေးရင် Kylie Jenner ဆိုရင် Business Woman ဖြစ်သွားပြီ။ Makeup Artist လည်းဖြစ်သွားပြီ။ အခုဆို Cosmetic လိုင်းမှာ သူဖွင့်နိုင်ပြီ။ သူ့ရဲ့ပါရမီ၊ သူလုပ်နိုင် တဲ့ပါရမီပေါ့။ Kendall Jenner ဆို လှတာတင်မဟုတ်ဘဲ မော်ဒယ်ဆိုရင် တခြား Sports တစ်ခုဖြစ်ဖြစ် busin- ess တစ်ခုဖြစ်ဖြစ်၊ Acting ၊ Singing အဲဒါတွေပါ တတ်နေရင်ပိုကောင်းတာပေါ့။

မြတ်နိုးက Business နဲ့သာတွဲမယ်ဆိုရင် ကိုယ်ပိုင် Brand ထုတ်ချင်တဲ့ရည်ရွယ်ချက်ရှိတယ်။ မြတ်နိုးတို့လို Figure တွေအသားညိုပြီး ပိန်သွယ်တဲ့ Figure တွေအတွက်ဝတ်စားဆင်ယင်မှုလုံးဝကို international ဆန်တဲ့ လိုင်းတစ်လိုင်းလုပ်ချင်တယ်

မြတ်နိုးက Business နဲ့သာတွဲမယ်ဆိုရင် Fashion ပိုင်းကိုအရမ်းသဘောကျတယ်။ ကိုယ်ပိုင် Brand ထုတ်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ မြတ်နိုးတို့လို Figure တွေ အသားညိုပြီးပိန်သွယ်တဲ့ Figure တွေအတွက် ၀တ်စားဆင်ယင်မှု လုံးဝကို international ဆန်တဲ့ line တစ် line လုပ်ချင်တယ်။ ကြီးလာရင်လုပ်ဖို့စဉ်းစား ထားပါတယ်။

မော်ဒယ်ဆိုတာ ကိုယ်ဝတ်ထားတဲ့ဝတ်စုံကိုကြည့်ပြီးတော့ ချောသွားအောင် ဒီထက်မကတန်ဖိုးရှိသွားအောင် ဖော်ပြတတ်ရတယ်

ရေပန်းစားတိုင်းလိုက်ဝတ်တာထက် ကိုယ်နဲ့ဘယ်ဟာလိုက်တယ်ဆိုတာကြည့်ပြီး ကိုယ်ဝတ်ထားတဲ့ ၀တ်စုံကိုပိုပြီးတော့ မော်ဒယ်ဆိုတာ ကိုယ်ဝတ်ထားတဲ့ဝတ်စုံကိုကြည့်ပြီးတော့ ချောသွားအောင် ဒီထက်မက တန်ဖိုးရှိသွားအောင် ဖော်ပြတတ်ရတယ်။

Public life ကိုအဓိကမထားဘဲနဲ့ သူတို့ရဲ့အောင်မြင်မှုတစ်ခုကို သူတို့ရဲ့ပရိသတ်တွေရှေ့မှာ သူတို့ရဲ့ artistic ဖြစ်တဲ့ life ကိုပိုချပြကြတယ်

Artist တစ်ယောက်ဆိုတာ ကိုယ့်ရဲ့ Personal မဟုတ်ပဲ ကိုယ်ကပရိသတ်တွေမြင်ချင်တာကို ပိုပြီး ဖော်ပြသင့်တယ်ထင်ပါတယ်။ Personal Life ကိုနေရာတကာထိုးမထည့်ပဲ ဥပမာ Justin Bieber Selena Gomez က top in the world လောလောဆယ် သူတို့နှစ်ယောက်ဆိုရင် သူတို့ရဲ့ Public Life ကို အဓိက မထားဘဲနဲ့သူတို့ရဲ့ အောင်မြင်မှုတစ်ခုကို သူတို့ရဲ့ပရိသတ်တွေရှေ့မှာ သူတို့ရဲ့ artistic ဖြစ်တဲ့ life ကိုပိုချပြ ကြတယ်။ Selena Gomez ကိုပိုပြီးကြိုက်ကြတယ်။ သူကသီချင်းကိုပဲ အဓိကထားပြီးလုပ်တယ်။ သူ့ရဲ့ရူးသွပ်မှု၊ အခုဆိုသူက Instagram မှာ Top Followed Person ဖြစ်သွားပြီ။ အဲဒါသူ့ကြိုးစားမှုကြောင့် သူကတော့ သမီးရဲ့ Idol ပေါ့။


လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးပြောရရင် မြတ်နိုးပထမဆုံးပြောချင်တာကတော့ လူ့အောက်ကျို့လို့လူ ပိမသေဘူးဆိုတဲ့စကားပုံလေးပေါ့။ အဲဒီစကားလုံးကိုအရမ်းအလေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ ကမာန်မာနဆိုတာရှိကြတယ်။ ဒါပေမဲ့ကိုယ်ကလူတွေအများကြီးနဲ့ ပူးပေါင်းပြီးလုပ်နေတဲ့အချိန်မှာ မာန်မာနကို ရှေ့တန်းတင်လိုက်ရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။ လူတိုင်းမှာ Opininon ရှိတယ်။ လူတိုင်းက လူတိုင်း နဲ့သာလိုက်ပြီး အဆင်ပြေအောင်ဆက်ဆံတယ်ဆိုရင် အရမ်းအဆင်ပြေတဲ့လောကကြီး ဖြစ်နေလိမ့်မယ်လို့ မြတ်နိုးထင်တယ်။ Relationship ကလည်း အဓိက Undrestanding နဲ့ Trust ပဲပေါ့။ အဲဒီနှစ်ခုသာရှိမယ်ဆိုရင် မိဘနဲ့သားသမီးပဲဖြစ်ဖြစ် လင်မယားအချင်းချင်းဖြစ်ဖြစ်၊ သူငယ်ချင်းအချင်းချင်းဖြစ်ဖြစ် ဆက်ဆံရေးပိုပြီးခိုင်မာ လာမယ်။ ပိုကောင်းမွန်လာမယ်လို့ထင်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment