Hindi Flim ရဲ့ရှေ့ပြေး အောင်မြင်သူ....ဗီယာဘာလန်











ခေါင်းဆောင်အမျိုးသမီးနေရာကနေသရုပ်ဆောင်ရင်း Hindi Flim ရဲ့ရှေ့ပြေး အောင်မြင်သူအဖြစ် မီဒီယာတွေမှာ သတ်မှတ်ခံထားရသူ….    ဗီယာဘာလန်

ဒီတစ်ပါတ် Audience’s Choice ကဏ္ဍအတွက်ရွေးချယ်ထားတာကတော့ ဗီယာဘာလန် လို့ ခေါ်တဲ့အိန္ဒိယမင်းသမီးပါ။ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ နေရာတစ်နေရာယူထားနိုင်ပြီး National Film Award, Film Fare Award ၅ကြိမ်၊ Screen Award ၅ ကြိမ် ရရှိထားတဲ့အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာ ခေါင်းဆောင်အမျိုးသမီးနေရာကနေ သရုပ်ဆောင်ရင်း Hindi Flim ရဲ့ရှေ့ပြေး အောင်မြင်သူအဖြစ်မီဒီယာတွေမှာ သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ဗီယာက ငယ်စဉ်ကတည်းက အနုပညာခြေလှမ်းအစပြုခဲ့တာဖြစ်ပြီး ၁၉၉၅ ဟာသဇာတ်လမ်း Hum Paanch မှာပထမဆုံးပါဝင်ခဲ့ပါတယ်။ University of Mumbai ကနေ လူမှုဗေဒကိုမဟာဘွဲ့ရခဲ့ပြီး စီးပွားရေးကြော်ငြာတွေ ဂီတ၊ ဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ၂၀၀၅ မှာရိုက်ကူးခဲ့တဲ့ Parineeta ဇာတ်လမ်းတွဲ Hindi Film လောကမှာချီးကျူးခံရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ဒီအောင်မြင်မှုက ၂၀၀၇ ခုနှစ်မှာ Heyy Babyy, Kismat Konnection စတဲ့ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးခွင့်ရလာပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားတွေက ဝေဖန်ခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်ကတော့ ဗီယာဘာလန် ရဲ့ အအောင်မြင်ဆုံးနှစ်ဖြစ်ပါလိမ့်မယ်။ Paa, Ishqiya, No One Killed Jessica, The Dirty Picture, Kahaani စတဲ့ဇာတ်ကားတွေက နာမည်ကြီးဇာတ်ကားတွေပါပဲ။ 

ဒီဇာတ်ကားတွေကြောင့်ပဲ Hindi ရုပ်ရှင်လောကမှာ ထိပ်ဆုံးကဦးဆောင်တဲ့မင်းသမီးဖြစ်လာ ပါတော့တယ်။နောက်ပိုင်းမှာတော့ ဗီယာက ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ရုံတင်သာမက ဗီယာ အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုတွေမှာလည်း ဦးဆောင်သူဖြစ်လာပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment