ကိုယ်ပိုင်ကားဆိုတာ
တကယ်တော့ ကိုယ့်အတွက် နောက်ထပ်အိမ်ကလေးတစ်လုံးလိုပါပဲ။ လူနေ အိမ်ကတော့နွေးထွေးမှုပေးတယ်။
မွန်းကြပ်လာတဲ့အခါမှာ ကားလေးစီးပြီးရောက်တတ်ရာရာ သွားရတာ လည်း ပျော်ရွှင်စရာတစ်မျိုးပါပဲ။
ဒါပေမဲ့သွားတာတော့ဟုတ်ပါပြီ။ အထူးသဖြင့်မိန်းကလေးတွေသွား ရင်း လာရင်း အရေးကြီးကိစ္စပေါ်လာတဲ့အခါ
အိမ်လှည့်ပြန်ပြီးအလှပြင်ဖို့က အချိန်လည်းမရှိ၊ ကားပေါ်မှာ ကလည်း အလှပြင်စရာပစ္စည်းတွေကပုံလို့။
ဘာသုံးလို့သုံးရမှန်းမသိတော့ဘူး။ အဲဒီတော့ မိန်းကလေးတွေ အနေနဲ့ ကားပေါ်မှာဘယ်လိုအလှပြင်ပစ္စည်းတွေထားသင့်သလဲ။
ဘာပစ္စည်းတွေက အရေးကြီးသလဲကြည့် ရအောင်။
နေရောင်ကာလိမ်းဆေး
အရောင်ဖျော့ဖျော့တံခါးမှန်၊
လေအေးပေးစနစ်တွေက ကားအတွင်းက ကိုယ့်အတွက်တော့စိတ် ချမ်းသာစရာပါ။ ဒါပေမဲ့ပြင်ပက နေရောင်ခြည်ကိုအပြည့်အဝကာကွယ်ပေးနိုင်ပါ့မလား။
လုံးဝမကာကွယ် ပေးနိုင်ပါဘူး။ ဒါကြောင့် ကားပေါ်မှာနေရောင်ကာလိမ်းဆေးလေး လိမ်းဖြစ်တော့အသားအရေတွေ
မပျက်စီးတော့ဘူးပေါ့။
ရေမွှေး
ရေမွေးကလည်း
မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ်ပစ္စည်းပါ။ ကိုယ်ကြိုက်တဲ့မွှေးရနံ့ဘူးငယ် လေးပဲဖြစ်ဖြစ်ကားပေါ်မှာ
ဆောင်ထားမယ်ဆိုရင် ဘယ်နေရာရောက်ရောက် ကောက်ဆွတ်နိုင်ပြီး ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့
သွားလာနိုင်မှာမဟုတ်ပါလား။
ဆီစုပ်တစ်ရှူး
ကားနဲ့သွားရင်းလာရင်း
မျက်နှာကအဆီပြန်လာတတ်ပါတယ်။ အဲဒီအတွက်ကတော့ ဆီစုပ် တစ်ရှူးလေးသာဆောင်ထားပါ။ မိတ်ကပ်လိမ်းခါနီးပဲဖြစ်စေ၊
မျက်နှာအဆီပြန်နေတဲ့အခါ တစ်ရှူးလေးနဲ့ ပုတ်ပေးလိုက်မယ်ဆိုရင် မျက်နှာအဆီပြန်တာ ကင်းစင်သွားပြီး
မိတ်ကပ်လိမ်းရ အဆင်ပြေသွားစေပါလိမ့်မယ်။
နှုတ်ခမ်းသားပေါင်းဆေး
ကားပေါ်မှာ
Air-con ဖွင့်ထားတာပဲဖြစ်စေ၊
ပြတင်းပေါက်ဖွင့်ထားတာပဲဖြစ်စေ အသားအရေကခြောက်သွေ့ လာတတ်ပါတယ်။ အထူးသဖြင့်နှုတ်ခမ်းခြောက်လာပြီး
အဖတ်များကွာလာတတ်ပါတယ်။ အဲဒီအတွက် နှုတ်ခမ်းသားပေါင်းဆေးလေးသာဆောင်ထားပေးပါ။ နှုတ်ခမ်းသားခြောက်သွားတိုင်း
Lip Blam လေး သုံးပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးစိုပြေလာပါလိမ့်မယ်။
သွားပွတ်တံနဲ့သွားတိုက်ဆေး
နောက်ထပ်မပါမဖြစ်
ပစ္စည်းလေးကတော့ ရေမလိုတဲ့သွားတိုက်ဆေးနဲ့ သွားပွတ်တံလေးပေါ့။ ကားနဲ့ သွားလာနေတုန်း
အနံ့အသက်ထွက်စေတဲ့ အစားအသောက်စားမိတာ၊ အရေးကြီးတဲ့နေရာတစ်ခုကို သွားမယ် ဆိုတဲ့အခါ ဒီအနံ့အသက်ကို
ဖယ်ရှားပေးဖို့ လိုလာပါတယ်။ အဲဒါကြောင့် သွားပွတ်တံနဲ့ သွားတိုက်ဆေးလေး သာ ဆောင်ထားလိုက်ပါ။
လက်သန့်စင်ဂျယ်လ်
လက်ကလေးတွေသန့်ရှင်းနေမှ
စိတ်လည်းရှင်းတာပါ။ ဒါမှမဟုတ် သွားရင်းလာရင်းတစ်နေရာရာမှာ အစားအသောက် ဝင်စားတာမျိုး၊
သန့်စင်ခန်းသုံးတဲ့အခါမျိုးမှာ လက်သန့်စင်ဂျယ်လ်လေးလိုအပ်လာပါပြီ။ အဲဒီအတွက် လက်သန့်စင်ဂျယ်လ်လေးကိုလည်း
ကားထဲမှာထည့်ရမယ့်ပစ္စည်းလေးတစ်ခုအဖြစ် မှတ်ယူ ထားလိုက်ပါ။
ပေါင်ဒါဖောင်ဒေးရှင်း
ရုတ်တရက်ထွက်လာတာမျိုး
ဒါမှမဟုတ် မျက်နှာတစ်ပြင်လုံး မိတ်ကပ်အပြည့်မလိမ်းချင်တဲ့အခါမျိုးမှာ ပေါင်ဒါဖောင်ဒေးရှင်းလေးက
ကူညီပေးပါလိမ့်မယ်။ သိပ်ပြီးပြင်ဆင်ဖို့အချိန်မပေးရပါဘူး။ ပေါင်ဒါ ဖောင်ဒေးရှင်း လေးက
မျက်နှာပေါ်ကအဆီတွေကို ကင်းစင်ပြီး လှပသွားစေပါလိမ့်မယ်။
Bronzer
ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ
အသားအရောင်တွေပါ ပြောင်းလဲတတ်ပါတယ်။ အထူးသဖြင့် ကားမောင်းရင်း ပင်ပန်းလာတဲ့အခါမျိုးမှာပေါ့။
ဒီလိုပင်ပန်းနေတဲ့ အသွင်အပြင်ကိုဖုံးကွယ်ပေးဖို့ အကောင်းဆုံး ကတော့ bronzer ပါ။ Bronzer ကိုနဖူး၊ ပါးရိုးတစ်လျှောက်သုံးပေးပြီး
ပင်ပန်းနွမ်းနယ်နေတဲ့သွင်ပြင်ကို ဖုံးကွယ် ထားပေးနိုင်ပါတယ်။
မျက်တောင်ကော့ဆေး
မိန်းကလေးအတွက် မပါမဖြစ် ဆောင်ထားရမယ့်
နောက်ပစ္စည်းတစ်ခုကတော့ မျက်တောင်ကော့ဆေး ပါ။ ဘယ်လောက်ပဲပြင်စရာမရှိစေ မျက်တောင်ကော့ဆေးလေးသုံးလိုက်မယ်ဆိုရင်
မျက်ဝန်းလေးက ထင်ရှား ပြီး ပေါ်လွင်လာမှာပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment