အရည်အသွေးကောင်းတဲ့
မိတ်ကပ်မှာရင်းနှီးမြှပ်နှံတယ်ဆိုတာ လှပချင်တဲ့အမျိုးသမီး တစ်ယောက် လုပ်ရမဲ့တာဝန်တစ်ခုပါ။
ဒါပေမဲ့ ဘယ်လောက်ပဲဈေးကြီး၊ ဘယ်လောက်ပဲ အရည် အသွေးကောင်းနေပါစေ… မိတ်ကပ်ဆိုတာ ထာဝရသိမ်းထားလို့ရတဲ့
ပစ္စည်းမဟုတ်ပါဘူး။ အသားအရေ ကို ကျန်းမာလှပစေပါတယ်ဆိုတဲ့ Skin Care တွေတောင် တစ်ချိန်မှာဘက်တီရီးယားတွေ
ပေါက်ဖွားလာတဲ့အတွက် စွန့်ပစ်ရပါတယ်။ ဒါပေမဲ့ စွန့်ပစ်ပစ္စည်းတွေကို တစ်နည်းတစ်ဖုံပြောင်း သုံးနိုင်တဲ့
နည်းလမ်းလေးရှိပါတယ်။
Eyeliner ခဲတံ
Eyeliner ခဲတံတွေက ၂-၃ နှစ်ခံပါတယ်။
တစ်ချို့က ၅ နှစ်အထိတောင်သက်တမ်းတိုးလိုက်ပါသေး တယ်။ ဒါပေမဲ့ နေ့စဉ်မဟုတ်တောင် အရေပြားနဲ့ထိတွေ့နေရတော့
ပိုးမွှားလေးတွေပေါက်ဖွားလာတာပေါ့။ အဲဒီ တော့ မီးခြစ်နဲ့၂ မိနစ်လောက်အပူပေးလိုက်ပြီး
Gel Liner အဖြစ်ဖန်တီးကြည့်ပါ။
အိုင်းရှဲဒိုး
Eyeshadow လေးတွေက ၂နှစ်အထားခံပါတယ်။
သုံးမကုန်လို့ စိတ်မပူပါနဲ့။ လက်သည်းဆိုးဆေး အကြည်လေးတွေထဲမှာ ရောင်ခြယ်မှုန့်လေးတွေအနေနဲ့
ပြန်ဖန်တီးလို့ရပါတယ်။
ခန္ဓာကိုယ်လိမ်းအလှဆီ
နေ့စဉ်အလှအပအခြေခံအနေနဲ့ အသုံးပြုကြတဲ့ပစ္စည်းပါ။
နေ့စဉ်ခန္ဓာကိုယ်လို ကြီးမားကျယ်ပြန့်တဲ့ နေရာသုံးရတာဆိုတော့ မကုန်မှာစိတ်ပူစရာမလိုဘူးပေါ့။
ပေါင်ဒါ
အချိန်အကြာဆုံးသုံးရတဲ့ အလှကုန်တွေထဲကတစ်ခုပါ။
ဒါပေမဲ့ မိတ်ကပ်လိမ်းတိုင်းပေါင်ဒါတော့ သုံးခဲပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နည်းလေကောင်းလေဆိုတာ
သိထားတာကိုး။
ပါးနီ (Blush)
ပါးနီကလည်း ၂ နှစ်အထားခံတဲ့ပစ္စည်းပါ။
ပါးနီမရှိလို့ စိတ်ပူစရာမရှိပါဘူး။ နှုတ်ခမ်းဆိုးဆေး၊ Eyeshadow ကို အစားထိုးသုံးနိုင်ပါတယ်။
ပြီးတော့ ပါးနီဆိုတာမရှိမဖြစ် ပစ္စည်းတစ်ခုမှမဟုတ်တာ။
ဖောင်ဒေးရှင်းအရည်
သိပ်မသုံးဖြစ်ဘူးဆိုရင်တော့ ၂ နှစ်အထားခံတဲ့အလှကုန်ပါ။
တစ်ချို့ကတော့ ၆ လ ၁ နှစ်အထား ခံပါ တယ်။ နေ့တိုင်းသုံးတာ ဆိုရင် ၂ နှစ်အတွင်းမကုန်မှာမပူရပါဘူး။
မိတ်ကပ်ဖျက်ဆေး
ခရင်မ်ဖြစ်စေ၊ ဂျယ်လီဖြစ်စေ တစ်နှစ်အထားခံပါတယ်။
မိတ်ကပ်နေ့တိုင်းသုံးနေမှတော့ မိတ်ကပ် ဖျက် ဆေးနေ့တိုင်းလိုတာပေါ့။ အဲဒီတော့ အထားမခံမှာလည်း
ပူနေစရာမလိုတော့ပါဘူး။
မျက်တောင်ကော့ဆေး
မျက်ဝန်းအလှနဲ့ပတ်သက်လာရင် အသုံးပြုတဲ့မျက်တောင်ကော့ဆေးက
အဖုံးဖွင့်ပြီး ၆ လအထားခံ ပါတယ်။ ပုံမှန်မသုံးဖြစ်ရင်ခန်းခြောက်လာပြီး ကပ်စေးစေးဖြစ်လာတာပေါ့။
အဲဒီတော့ နပနူငညနမ ခဲတံသာ အသုံးပြုပါ။
နှုတ်ခမ်းဆိုးဆေး
တစ်ချို့က နှုတ်ခမ်းဆိုးဆေးတစ်တောင့်က
၂-၃ နှစ်ခံတယ်လို့ပြောကြတယ်။ တစ်ချို့ကတော့ ၅ နှစ် အထိအထားခံတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။
လွန်ကဲတဲ့ အပူချိန်မှာမထားတာအကောင်းဆုံးပါ။
လက်သည်းဆိုးဆေး
လက်သည်းဆိုးဆေးကတော့ ဘယ်လောက်ပဲအထားခံတယ်ပြောပြော
လေလုံကောင်းလေဖြစ်တဲ့ ပစ္စည်းပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment