Audience’s
Choice ကဏ္ဍအတွက်ရွေးချယ်ထားတာကတော့ အာလီယာဘက်သ်ပါ။ ဗြိတိသျှလူမျိုး ဟောလိဝုဒ်မင်းသမီးတစ်ဦးဖြစ်
ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူ Matesh Bhatt နဲ့ မင်းသမီး Soni Razdan တို့ရဲ့ သမီးဖြစ်သူ
ဘာလီယာဟာ ကလေးဘဝကတည်းက Sangharsh ဆိုတဲ့ သည်းထိတ်ရင်ဖို ဇာတ် ကားမှာ ကလေးသရုပ်ဆောင်အနေနဲ့
ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတော့ Sidhart
Malbortra, Varun Dhawan တို့နဲ့ပူးပေါင်းပြီး
Student of the year ဆိုတဲ့အချစ်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Highway ဆိုတဲ့ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ထားပြီး နောက်မှာတော့
ပရိသတ်တွေသတိထားမိလာပြီး အဲဒီဇာတ်ကားနဲ့အတူ Filmfore
Critics Award for Best Actress ဆုရရှိခဲ့ပြီး Best
Actress ဆုလျာထားခံခဲ့ရပါသေးတယ်။
ဒီဇာတ်ကားပြီး နောက်မှာတော့ 2 States, Humpty Sharma
Li, Dulhania, Kapoor & Sons စတဲ့ ဇာတ်လမ်းတွဲတွေနဲ့အတူ ဟောလိဝုဒ်အောင်မြင်မှုလမ်းကြောင်းပေါ်
ရောက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ သန်း ကျော်ရှာဖွေနိုင်ခဲ့ပါတယ်။
၂ဝ၁၆ မေလမှာတော့ အာလီယာက Udta Punjab ဇာတ်ကားမှာ Shchid Liapoor, Kareena Liapoor စတဲ့နာမည်ကြီးသရုပ်ဆောင်တွေနဲ့
တွဲဖက်သရုပ်ဆောင်ထားပါတယ်။
အာလီယာကသရုပ်ဆောင်ပိုင်းတင်မကပါဘူး။
၂ဝ၁၄ ကထွက်ရှိတဲ့ Highway ဇာတ်ကားရဲ့
ဇာတ် ဝင်သီချင်းကိုလည်း ပါဝင်သီဆိုထားပါသေးတယ်။ ဒါတင်မကပါဘူး Filmfare, Screen, Stardust တို့လို
နာမည်ကြီးဆုပေးပွဲတွေမှာလည်း အစီအစဉ်တွေမှာလည်း တင်ဆက်သူအဖြစ်ပါဝင်ထားပါတယ် ၂ဝ၁၄ မှာတော့
သူ့ရဲ့ကိုယ်ပိုင် Fashion brand တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။
ဒါတင်မကပါဘူး နာမည်ကြီးကုန်ပစ္စည်းတွေဖြစ်တဲ့ Coca-cola,Garnier,
Maybel-line တို့မှာလည်း ပါဝင်ကြော်ငြာခွင့် ရခဲ့ပါတယ်။
0 comments:
Post a Comment