Android စမတ်ဖုန်းတွေအတွက် မရှိမဖြစ် Audio Control









စမတ်ဖုန်းတွေမှာ အများဆုံးအသုံးပြုကြတဲ့ Android OS မှာ အသံပိုင်းနဲ့ပတ်သက်လို့ ပြုပြင်ပြောင်း လဲ နိုင်ဖို့ထည့်သွင်းပေးထားတဲ့ Setting ပိုင်းဟာ အလွန်ပဲအားနည်းတာကိုတွေ့ရပါတယ်။
ဖုန်းမှာထည့်သွင်းတည်ဆောက်ပေးထားတဲ့ volume button ဟာ ဆိုရင်လည်း များသောအားဖြင့် ဖုန်းအ၀င်မြည်သံ (Ringer Volume) စကားပြောတဲ့အသံ (In-Call Volume,) နဲ့ Media Volume  တို့ကိုသာ အတိုးအလျော့ပြုလုပ်နိုင်ပါတယ်။ Notification အသံနဲ့ Speacker phone အသံတို့ကို အလွယ် တကူ အတိုး အလျော့လုပ်ဖို့ မလွယ်ပါဘူး။ အခုဖော်ပြမယ့် Audio Control ဟာ ဖုန်းတစ်ခုလုံးမှာရှိသမျှ အသံပိုင်းဆိုင်ရာ တွေကို အတိုးအလျော့ပြုလုပ်ထိန်းချုပ်နိုင်သလို စိတ်ကြိုက်ချိန်ညှိထားတဲ့ အသံ setting တွေကို Profiles အမျိုးမျိုးပြုလုပ်ကာ သိမ်းဆည်းထားနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းနေတဲ့အချိန်မှာ ဘယ်လိုအသံ profile မျိုးထားမယ်၊ အလုပ်မှာအစည်းအဝေးပြုလုပ်နေတဲ့အချိန်မှာ ဘယ်လိုအသံ profile မျိုးထားမယ်၊ အိပ်စက် အနားယူချိန်မှာ ဘယ်လိုအသံမျိုးကိုပဲမြည်မယ်ဆိုတဲ့ profile တွေကို Schedules တွေပြုလုပ်ကာ ကြိုတင် စီမံထားနိုင်ပါတယ်။
ဖုန်းရဲ့အသံတွေကိုအလွယ်တကူ ထိန်းချုပ်မရလို့စိတ်ရှုပ်နေတဲ့သူတွေအတွက် အလွန်အသုံးတည့် မယ့် Apps လေးပဲဖြစ်ပါတယ်။
ဒီ Apps လေးကို PlayStore ကနေ အခမဲ့ရယူပြီးထည့်သွင်းလိုက်ပါ။ စတင်အသုံးပြုဖို့အတွက် install ပြုလုပ်ပြီးတာနဲ့ဖွင့်လိုက်ပါ။ ပထမဆုံး အသံအတိုးအလျော့ပြုလုပ်ကာ ထိန်းချုပ်နိုင်မယ့် Volume Control တွေကိုမြင်ရပါလိမ့်မယ်။ ဘယ် Volume ကို ဘယ်လောက်ထားမယ်ဆိုပြီး ချိန်ညှိကာ အောက် ဘက်မှာရှိတဲ့ Profile button ကို နှိပ်လိုက်ပါ။ Create New Profild ကို ဆက်နှိပ်ပြီး နာမည်ပေးကာ save လုပ်ပါမယ်။ Profile button ရဲ့ဘေးက Vibrate ကိုနှိပ်ကာ Vibration setting ကိုလည်း အလွယ် တကူပြောင်းနိုင်ပါတယ်။ Ringer button ကတော့ မူလ Android မှာပါတဲ့ Sound Profile ဖြစ်ပြီး အလွယ် တကူပြောင်းနိုင်အောင် ဖော်ပြပေးထားတာဖြစ်ပါတယ်။ Silent, Vibrate, Normal သုံးမျိုးရွေးချယ်နိုင် ပါတယ်။ Schedule မှာတော့ ကိုယ်ဖန်တီးခဲ့တဲ့ profile တွေကို ဘယ်နေ့၊ ဘယ်အချိန်မျိုးမှာ သုံးမယ်ဆိုပြီးရွေးချယ်နိုင်ပါသေးတယ်။ ပြီးရင် Schedule ကို save လုပ်ပါမယ်။ ဒါဆိုရင် Schedule မှာ ဘယ် Profile ကို ဘယ်နေ့၊ ဘယ်အချိန်မှာ သုံးမယ်ဆိုတဲ့ အစီအစဉ်တွေ့မြင်ရမှာဖြစ်ပါတယ်။ Schedule list ထဲက profile တွေကို ပြန်ဖျက်ချင်တယ် ဆိုရင် ဖျက်ချင်တဲ့ profile ပေါ်ကို ခဏလေးဖိထားလိုက်တာနဲ့ delete လုပ်နိုင်မယ့် box လေးပေါ်လာ ပါလိမ့်မယ်။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment