Android အတွက် အကောင်းဆုံးအခမဲ့ RPG ဂိမ်း Soulcraft










Soulcraft ဂိမ်းကို Android အတွက် အကောင်းဆုံးအခမဲ့ RPG ဂိမ်းအဖြစ် သတ်မှတ် ထားပြီး iOS ပလက် ဖောင်းပေါ်မှာလည်း လူကြိုက်များတယ်။

မိုဘိုင်းပလက်ဖောင်းပေါ်က အက်ရှင် RPG ဂိမ်းတွေအနက်အ ချိန်ဖြုန်းရကျိုးနပ်တဲ့ ဂိမ်းကောင်း တွေရှိပါတယ်။ Warriors 2 ကို ဆော့ကစားပြီးနောက် အလားတူဂိမ်းမျိုးလိုချင်တဲ့သူတွေဟာ Soulcraft ကို ရွေးချယ်သင့်ပါတယ်။ Warriors 2 နဲ့ ကစားရပုံဆင်တူပြီး ရွေးချယ်မှုပိုမိုများပြားတဲ့ 3D ဂိမ်းတစ်ခုဖြစ်ကာ အခမဲ့ရရှိတာလည်း တူညီပါတယ်။ လူသားများရဲ့ ထာဝရအသက်ရှင်ချင်တဲ့လောဘဟာ ငရဲတံခါးများကို ပွင့်စေပြီး ကမ္ဘာမြေပေါ်သို့ မိစ္ဆာများအားဖိတ်ခေါ်လိုက်ပါတယ် သင်က ကမ္ဘာမြေ ပေါ်ရောက်လာတဲ့ မိစ္ဆာတွေကို နှိမ်နင်းရမယ့် အိန်ဂျယ်အဖြစ် ဆော့ကစားရမှာပါ။ လောကသံသရာကို ဆက်လက် ထိန်း သိမ်းနိုင်ဖို့ ရုန်းကန် တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ ဒီဂိမ်းကို Android အတွက် အ ကောင်းဆုံးအခမဲ့ RPG  ဂိမ်းအဖြစ် သတ်မှတ် ထားပြီး iOS ပလက် ဖောင်းပေါ်မှာလည်း လူကြိုက်များပါတယ်။ ၎င်းရဲ့လှပတဲ့ 3D Graphic ရုပ်ထွက်နဲ့ ကောင်းမွန်တဲ့ GamePlay ကြောင့် ဆော့ကစားသူတွေက အကောင်းမြင်ကြပါတယ်။Warrior 2 နဲ့မတူညီတာက ၎င်းဟာ Ads တွေပိုများပြီး Spell တစ်ခုချင်းဆီကိုလည်းဝယ်ယူရကာ Custo-mize ပြုလုပ်နိုင်ခွင့် ပိုပေးထားတယ်။

လက်နက်ပြောင်းလိုက်ရင် တိုက်ခိုက်ပုံပြောင်းသွားတာကတော့တူညီပြီး မိမိရဲ့လက်နက်ကို Gold ဖြင့် Upgrade တင်ရမှာပါ။ ပထမ ဆုံးအကြိမ်ဆော့ကစားသူအတွက် အလွန်ရှည်လျားတဲ့ Tutorial က စောင့်ကြို နေပြီး မိမိဘာသာဆော့ကစားနိုင်ဖို့ အတော်စောင့်ရပါတယ်။ ဒါ့အပြင် ပိုက်ဆံနဲ့ဝယ်ယူရတဲ Gold က Membership မရမချင်း ဟိုဟာဒီဟာဝယ်ခိုင်းတဲ့ Ads တွေက စိတ်အနှောက်အယှက်ပေးမှာဖြစ်ပြီး item တွေကလည်း Boss တွေဆီက အလကားမကျပါဘူး။ 

ဒါပေမယ့်လည်း စတင် ဆော့ကစားကြည့်တဲ့အခါမှာတော့ ၎င်းရဲ့ Sensitive ဖြစ်တဲ့တုန့်ပြန်မှု၊ ဇာတ်လမ်းသွားဆန်ဆန် GamePlay နဲ့ Dungeon Crawler စတိုင် RPG ဂိမ်းက Warrior 2 လိုဂိမ်းမျိုးနှစ်သက်သူတွေအတွက် နှစ်သက်စေမယ့် မိုဘိုင်းဂိမ်းတစ်ခုပါပဲ။ Level တစ်ခုနဲ့ တစ်ခုကြား Loading Time အနည်းငယ်ကြာတာကလည်း စိတ်ရှည်ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ 

အခန်းတစ်ခုချင်းဆီကို လုံလောက်တဲ့ပမာဏအထိ အကြိမ်ကြိမ်ဆော့ကစားပြီး မိမိဟီးရိုး Level တက်မှသာ Boss နဲ့နောက်ပိုင်းအခန်းတွေကို unlock ရမှာဖြစ်ပါတယ်။ အကြိမ်ကြိမ်အခါခါဆော့ကစားပြီး Gold Farm ရတာမပျင်းတဲ့သူတွေအတွက်တော့ Gold Membership ဝယ်ယူစရာမလိုလောက်ပါဘူး။ Soulcraft မှာ currency နှစ်မျိုးရှိပြီး ရန်သူတွေကိုနှိမ်နင်းနိုင်ရန် ရရှိတ Soul နဲ့လည်း Item တွေ ဝယ်ယူနိုင်ပါတယ်။

ဒီဂိမ်းကို MobileBits GmbH မှ ထုတ်လုပ်ပြီး iOS, Android ပလက်ဖောင်းနှစ်မျိုးလုံးမှာ အခမဲ့ရရှိနိုင်တယ်။ Android 4.0 သို့မဟုတ် iOS 7.0 နဲ့အထက်မှာ ထည့်သွင်းနိုင်ပါတယ်။

Share on Google Plus

0 comments:

Post a Comment