ရသွားတဲ့ Crown အပေါ်မှာ Respect ရှိရမယ်...........အိန်ဂျယ်လမုံ











နိုင်ငံဘယ်လောက်ပဲပြိုင်ပြိုင် သူရသွားတဲ့ Crown အပေါ်မှာ Respect ရှိရမယ်။ တကယ်လို့ ဘာဆုမှ မရခဲ့ရင်တောင် Respect ပေးသင့်တယ်လို့ အိန်ဂျယ်ထင်တယ်
အိန်ဂျယ်လမုံ

ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ မကွေးသွားဖို့လည်းရှိတယ်
လတ်တလောမှာ ဂျာနယ်၊ မဂ္ဂဇင်းတွေရိုက်ဖြစ်နေတယ်။ အတွင်းကဏ္ဍပဲဖြစ်ဖြစ် Cover ဖြစ်ဖြစ် နောက်ပြီး Billboard ကြော်ငြာတွေ၊ တီဗီကြော်ငြာ၊ MTV တွေလည်းရိုက်ဖြစ်နေတယ်။ ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ မကွေးသွားဖို့လည်းရှိတယ်။

Miss Myanmar လည်းဖြစ်ချင်ခဲ့တာဆိုတော့ ငယ်ငယ်ကတည်းကလည်း အိန်ဂျယ့်မေမေက Miss Universe ပွဲတွေပြတယ်
အိန်ဂျယ်ပြိုင်ပွဲစ၀င်တာက စစ်ဘေးရန်ပုံငွေပွဲမှာ အိန်ဂျယ့်ကို ဒီဇိုင်နာ ဆိုင်းလတ်ကနေစတင်ပေးတယ်။ တဖြည်းဖြည်းနဲ့ Miss Oramin F ကိုပြိုင်တယ်။ 1st Runner Up ရတယ်။ Idea မှာ ဆရာမျိုးကနေ Cover တင်ရိုက်တယ်။ သမီးက Miss ၀ါသနာပါတယ်ဆိုတော့ နိုင်ငံကိုယ့်စားပြုလည်းဖြစ်ချင်တော့ ပြီးတော့ Miss Myanmar လည်းဖြစ်ချင်ခဲ့တာဆိုတော့ ငယ်ငယ်ကတည်းကလည်း အိန်ဂျယ့်မေမေက Miss Universe ပွဲ တွေပြတယ်။ ပြိုင်လည်းပြိုင်ချင်ခဲ့တယ်။ ပြီးတော့ သရုပ်ဆောင်ဘက်ကိုလည်း အရမ်းဝါသနာပါတာဆိုတော့ အဲဒီမှာ Miss Goldenland မှာစပြိုင်တယ်။ အဲဒီမှာ Intercontinental ဆုကို အိန်ဂျယ်က မြန်မာ နိုင်ငံကိုယ်စားပြုသွားပြိုင်ခွင့်ရခဲ့တယ်။

Miss Intercontinental ကို အရမ်းအရေးပါတာမဟုတ်ဘူးလို့ ထင်ကြတယ်
အများဆုံးကတော့ Miss Intercontinental ကို လျှာလိမ့်တယ်ဆိုပြီးသိပ်မခေါ်ကြဘူး။ မြန်မာနိုင်ငံက လူအများစုက ကိုယ့်ဦးနှောက်ထဲမှာအမှတ်လွယ်တာကိုပဲ သတိထားကြတယ်။ Miss Intercontinental  ကိုအရမ်းအရေးပါတာမဟုတ်ဘူးလို့ထင်ကြတယ်။ Intercontinenatal က Centor Citzen ပေါ့။ ဘိုးဘွားတွေ အတွက် ရည်စူးပြီးတော့လုပ်ထားတဲ့ပွဲပါ၊ Miss ပွဲတွေ အကုန်လုံးကတော့ နိုင်ငံကိုယ်စားပြုပရဟိတတွေ လုပ်ဖို့ပေါ့။ အိန်ဂျယ် Title ကတော့ သက်ကြီးဘိုးဘွားတွေအတွက်ရည်ရွယ်ပြီးလုပ်ထားတယ်။

အိန်ဂျယ်ကိုယ်တိုင်က လည်းကိုယ့်ထက် သူများပြောတာ ပိုနားထောင်တာများတော့ အသက်ကြီးတဲ့လူတွေက ပိုပြီးစကားပြောချင်ကြတယ်
အိန်ဂျယ်တို့ ပြိုင်ပွဲတစ်ပွဲမှာ နောက်ဆုံး final မှ လှနေလို့မရဘူး။ Training Camp ရှိတယ်။ ဒီ Comp မှာအမြဲ အမှတ်ပေးနေတယ်ဆိုတာ သိနေတယ်။ Intercontinenatal ကိုဘယ်လိုရခဲ့သလဲဆိုရင် အိန်ဂျယ်တို့ မကွေး ဘက်ကိုသွားခဲ့တယ်။ ဘိုးဘွားရိပ်သာကိုသွားခဲ့တဲ့အချိန်မှာ အဲဒီမှာ အိန်ဂျယ် အမှတ်များများရသွားလားတော့ မသိဘူးပေါ့နော်။ အိန်ဂျယ် ကိုယ်တိုင်ကလည်း ကိုယ့်ထက် သူများပြောတာ ပိုနားထောင်တာများတော့ အသက်ကြီးတဲ့လူတွေက ပိုပြီးစကားပြောချင်ကြတယ်။ အိန်ဂျယ်ကလည်းအရမ်း သဘောကျတယ်။

အိန်ဂျယ်က လည်ပင်းရှည်တယ်။ အိန်ဂျယ်ဖက်ရှင်ကို ကျောင်းကလူတွေသတိထားမိတယ်
ငယ်ဘ၀အိန်ဂျယ်က ဖိုက်တာလို့ပဲပြောရမှာပေါ့။ ကျောင်းမှာကတည်းကစပြီး လူတွေလူတွေသတိထားမိတာက အိန်ဂျယ်က လည်ပင်းရှည်တယ်။ အိန်ဂျယ်ဖက်ရှင်ကို ကျောင်းကလူတွေသတိထားမိတယ်။ အဲဒီကတည်းက သူကမင်းသမီးဖြစ်မှာ မော်ဒယ်လုပ်မှာဆိုပြီး အိန်ဂျယ့်ကိုပြောကြတယ်။ သိတတ်စအရွယ်ကတည်းကနေစပြီး ပြောတယ်။  ဘယ်လိုဝါသနာပါတာလဲတော့မသိဘူး။ ငယ်ငယ်ကဆို အိန်ဂျယ်အရမ်းငိုပြီဆို တီဗီကြော်ငြာတွေ ဖွင့်ပေးမှရတာတဲ့။ ဇာတ်ကားတွေဖွင့်ပေးမှ အိန်ဂျယ်ကငြိမ်သွားတာပေါ့။  ဘယ်လိုပဲမုန့်ဝယ်ကျွေးကျွေးမရဘူး တဲ့။ မထက်ထက်မိုးဦးရဲ့  OSO ဆပ်ပြာမှုန့်ကြော်ငြာလာပြီဆိုရင်လည်း အိပ်နေရင်းနဲ့ထပြီးတော့ OSO ဆပ်ပြာ မှုန့်နဲ့ ပဲလျှော်မယ်'' အဲဒီလိုပြောပြောပြီးပြန်အိပ်သွားတယ်တဲ့။ အိန်ဂျယ့်အမေပြန်ပြောပြတာပေါ့နော်။

ကျောင်းမှာဆိုလည်း ဖက်ရှင်ဒီဇိုင်းတွေကိုအိန်ဂျယ်မေမေကပဲ သင်ပေးတယ်။ အဖြူအစိမ်းရယ် ပိတ်စအဖြူရယ်၊ ဒါပဲ ၀တ်ရ တာကို မေမေက ဇာတွေတန်းပေးတယ်။ ရင်ထိုးလေးတွေ၊ ခေါင်းလောင်းလေးတွေဆို အိန်ဂျယ် ကျောင်းမှာ ၀တ်ခဲ့တဲ့ဒီဇိုင်းတွေပါ။ မေမေ ကိုယ်တိုင်ဒီဇိုင်းဆွဲတယ်။ အင်္ကျီအကုန်ချုပ်တယ်။ တစ်နှစ်နဲ့တစ်နှစ် မတူအောင် မေမေကချုပ်ပေးတယ်။ ဖိနပ်ကအစ အင်္ကျီဘာအရောင်ဆို ဖိနပ်ကဘာအရောင် ကလစ်က ဘယ်လို၊ ဘေးလွယ် အိတ်ကဘယ်လို အကုန်လုံးစီစဉ်ပေးတယ်။ နေ့တိုင်းကျောင်းသွားဖို့အတွက် ဖက်ရှင် ကိုအမြဲတမ်းစီစဉ်ပေးနေ တာဆိုတော့ ဒါအိန်ဂျယ့်ကို သူများတွေစိတ်ဝင်စားဖို့ တစ်ခုဖြစ်လာတာပေါ့။ အခု အိန်ဂျယ်မှာရှိနေတဲ့ အ၀တ်အစားတွေကုန်လုံးက မေမေပဲဝယ်ပေးတယ်။ သက်သက်ကြီးလိုက်သွားတာမျိုး မရှိဘူး။ လိုက်သွားစရာလည်း မလိုသလောက်ဖြစ်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမြဲတမ်း မေမေပဲ ၀ယ်ပေးနေကျဆိုတော့ အမှန်အတိုင်းပြောရရင် အိန်ဂျယ်က အင်္ကျီအ၀တ်အစားတွေကို ချွတ်ရ၀တ်ရ ၀ါသနာ ပါတဲ့လူမဟုတ်ဘူး။ အင်္ကျီရှာဖို့၊ ဖိနပ်ရှာဖို့ဝါသနာမပါဘူး။ အပြင်သွားရင်ရိုးရိုးပဲ။ စကပ်မဟုတ်ရင် ဘောင်းဘီ ၀တ်တယ်။ Slipper စီးတယ်  အရမ်းထူးထူးခြားခြား ပြောင်းလဲသွားတာဘာမှမလုပ်ဘူး။

ကိုယ့်စိတ်နဲ့မကိုက်တာမျိုး ငယ်ငယ်ကတော့ရှိတာပေါ့။ သူလုပ်သွားတာတွေအကုန်လုံးကို ရူးကြောင်ကြောင် နိုင်တယ်လို့ထင်တယ်
ကိုယ့်စိတ်နဲ့မကိုက်တာမျိုး ငယ်ငယ်ကတော့ရှိတာပေါ့။ သူလုပ်သွားတာတွေအကုန်လုံးကို ရူးကြောင်ကြောင် နိုင်တယ်လို့ထင်တယ်။ ကျောင်းမှာက ဘွတ်ဖိနပ်တွေ မ၀တ်ရဘူး။ အင်္ဂလိပ်ကျောင်း မဟုတ်ဘူးဆိုတော့။ ဒါပေမဲ့ ဗမာကျောင်းမှာကျတော့ အကုန်လုံးက ညှပ်ဖိနပ်အဖြူပဲစီးရမယ်ဆိုပြီး ထုတ်ထားတယ်။ သူက ဘွတ်ဖိနပ်တွေ ၀တ်ခိုင်းတယ်။ Slocking တွေဆို ဘယ်သူမှမ၀တ်ကျဘူး။ အဲဒီ Stocking မှာအရုပ်လေး တွေပါတော့ ကိုယ့်ကိုယ်ကိုယ်ရှက်တာပေါ့။ အဲဒါကြီးက အရူးတစ်ယောက်လိုဖြစ်နေမလားပေါ့။ ကျောင်းသွား ရင် ကိုယ်ရောက်တာနဲ့သပ်သပ်ကြီးထင်နေမှန်းသိတယ်။ ကိုယ့်အင်္ကျီက တစ်ယောက်နဲ့မှမတူဘူး။ ကျောင်း တံဆိပ်ကိုကအစ ပုံစံလေးတွေမျိုးစုံလုပ်ထားပေးတော့ သူများတွေနဲ့မတူဘူးဆိုတာသိနေတယ်။ ရှက်တော့ ကိုယ့်ကိုယ်ကိုယ် ကုန်းပြီးနေတယ်။ သူများမမြင်ပါစေနဲ့ပေါ့။ အတန်းထဲဆိုလည်း အနောက်မှာထိုင်တာများ တယ်။ အမှန်တော့ကြီးလာတော့ အိန်ဂျယ်ပြန်တွေးမိတာ အိန်ဂျယ်လုပ်ခံရတာတွေက ဘ၀မှာ သူလုပ်ခံတာ တွေက ခေတ်နောက်ကျတာတွေမဟုတ်ဘူး။ ဒီအရှေ့ကို ပြန်မြင်ပြီးတော့လုပ်ခဲ့တာလို့ ခံစားရတယ်။ အဒါ ကြောင့် သူ့ရဲ့ဖက်ရှင်တွေမှန်သမျှ အိန်ဂျယ်ယုံတယ်။ နောက်ပိုင်းသူဝတ်ခိုင်းတာမှန်သမျှ အကုန်ဝတ်တယ်။

Top 16 final ပဲဝင်ခဲ့တယ်။ ပထမဆုံးပြိုင်ပွဲဆိုတော့ လိုအပ်ချက်တွေရှိနေလို့ပဲ အိန်ဂျယ်မြင်တယ်။ တချို့ တချို့သော လူတွေဆို Popular ဖြစ်ချင်လို့ ဒီအလုပ်ကို တကယ်မချစ်ဘဲလုပ်တယ်။
အိန်ဂျယ် သွားပြိုင်တာဆုမရခဲ့ဘူး။ Top 16 Final ကိုပဲဝင်ခဲ့တယ်။ ဒါမေပဲ့ အိန်ဂျယ်ကိုယ်တိုင် ဆုတစ်ခုချိတ် ချင်ခဲ့တယ်။ မရခဲ့ဘူးဆိုတာ မထိုက်တန်လို့ပဲ အိန်ဂျယ် မှတ်ယူထားတယ်။ ပထမဆုံးပြိုင်ပွဲဆိုတော့ လိုအပ် ချက်တွေရှိနေလို့ပဲ အိန်ဂျယ်မြင်တယ်။ လူတိုင်းက အောင်မြင်အောင်ကြိုးစားဖို့က လွယ်တယ်လို့ထင်ကြတယ်။ တကယ်လည်းဟုတ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေပေးထားတဲ့နေရာမှာ ရပ်တည်ဖို့ကလွယ်တာမဟုတ်ဘူးလို့ ထင်တယ်။ အိန်ဂျယ်သွားပြိုင်ပြီး ဆုမရပဲပြန်လာတဲ့အချိန်မှာ ငိုခဲ့တယ်။ ငိုတယ်ဆိုတာကလည်း ကိုယ့်နိုင်ငံ အတွက် ဘာမှမယူလာနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်တာ။ ဒါပေမဲ့ အိန်ဂျယ်ဘာဖြစ်လဲဆိုတော့ Miss Myanmar ကပဲ မြန်မာနိုင်ငံကိုယ်စားပြုဖြစ်မှာမဟုတ်ဘူးလေ။ သရုပ်ဆောင်အလုပ်အနုပညာအလုပ်တွေနဲ့လည်း နိုင်ငံ ကိုယ် စားပြုရင်ပြုနိုင်ပါတယ်။ အိန်ဂျယ်လည်း Miss တစ်ယောက်အနေနဲ့ ဆုတွေမယူလာနိုင်ခဲ့ရင်တောင်မှ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကိုလုပ်သွားမယ်။ နောက်တက်လာမယ့် လူတွေ ကိုလည်း   အကောင်းဆုံးပံ့ပိုးပေးသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်တဲ့အလုပ် အပေါ်မှာစေတနာ ပါမှုဝါသနာပါမှု။ တချို့ချို့သောလူတွေဆို Popular ဖြစ်ချင်လို့ဒီအလုပ်ကို တကယ် မချစ်ပဲလုပ်တယ်။ အိန်ဂျယ် အနေနဲ့တော့ စိတ်ထဲကနေတကယ်ချစ်မြတ်နိုးပြီး လုပ်စေချင်တယ်။ ဒါမှလည်း နေရာတစ်နေရာရမယ်။ အောင်မြင်မှုတစ်နေရာ ထိန်းထားနိုင်ဖို့က ကိုယ်တစ်ယောက်တည်းနဲ့မပြီးဘူး။ အဖွဲ့အစည်းနဲ့လုပ်နိုင်မယ်။ အနုပညာဆိုလည်း အကုန်လုံးနဲ့ဆိုင်သွားတယ်ပေါ့နော်။ ကိုယ့်ပရိသတ်တွေကအစ သတိထားမိရမယ်။ အချင်း ချင်းလေးစားမှုရှိရမယ်။ ကိုယ်ဘယ်လောက်ပဲခင်တယ်ပြောပြော သူငယ်ချင်းအရင်းခေါက်ခေါက်တောင်မှ အပြန်အလှန် လေးစားမှုရှိရမယ်လို့ထင်ပါတယ်။

နိုင်ငံကြီးကြီးသေးသေး သူပြိုင်တဲ့ပွဲအပေါ်မှာ လေးစားမှု  Respect ပေးရမယ်။ သူ့ဖာသာ ၁၅နိုင်ငံပဲပြိုင်ပြိုင် တချို့ ၃၇ နိုင်ငံ Crown ရသွားတဲ့လူတွေလည်းရှိတယ်။ နိုင်ငံဘယ်လောက်ပဲပြိုင်ပြိုင်သူရသွားတဲ့ Crown အပေါ်မှာ Respect ရှိရမယ်။ တကယ်လို့ ဘာဆုမှမရခဲ့ရင်တောင် Respect ပေးသင့်တယ်လို့ အိန်ဂျယ် ထင်တယ်။ အဓိက အနုပညာအလုပ်ကရတဲ့ Title နဲ့ မသက်ဆိုင်ဘူးလို့ထင်ပါတယ်။ အိန်ဂျယ်တို့ အနုပညာ အလုပ်က အနုပညာလို့သာပြောတာ တော်တော်ခက်ခဲပြီးတော့ ကြမ်းတမ်းတယ်လို့ထင်ရတယ်။

Miss တွေပေါ်လာတဲ့အတွက် ကောင်းတာဆိုရင် အိန်ဂျယ်က အရင်ကဆိုအလှအပမကြိုက်ဘူး။ Miss ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေ လမ်းလျှောက်တာ၊ ဆံပင်၊ မိတ်ကပ်ကအစ အကုန်လုံးပြောင်းလဲလာတာလို့ အိန်ဂျယ်ထင်တယ်။ အရင်က ပိုသီပတ်သီနေတဲ့လူတွေ Miss ဖြစ်ပြီးတဲ့နောက်ပိုင်း  Smart ကျလာတယ်လို့မြင်တယ်။ တချို့ကျ တော့ Miss ပြိုင်ပွဲတွေကို Bikini နဲ့ပြိုင်ရတာအပြစ်လို့မြင်ကြတယ်။ Miss ပြိုင်ရင် ခန္ဓာကိုယ်မပြပဲဝတ်ထားတဲ့ ၀တ်စုံက အဆင်မပြေဘူးလေ။ ခန္ဓာကိုယ်လည်း ကျစ်လျစ်မှုဘယ်လောက်ရှိသလဲဆိုတာ ကိုယ့်အတွက် ကြိုးစားမှုကိုပြရ မှာဆိုတော့ ဒါကိုမကောင်းဘူးလို့ မမြင်ဘူး။ Physically အရ ပြသတယ်လို့ပဲအိန်ဂျယ် မြင် တယ်။

ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးလုပ်ပြီး ယှဉ်ပြိုင်ရမယ်လို့ အိန်ဂျယ်မှတ်ယူတယ်
Miss တွေ Model အတွက် အရမ်းများလာတာကောင်းပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ရွေးချယ်စရာ အများကြီးရှိလာတာပေါ့။ သူများနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ အဲဒီတော့ ပြိုင်ဘက်တွေရှိလာတာပေါ့။ ပြိုင်ဘက် ဆိုတော့ သူ့ကိုတက်နင်းပြီးတော့ တက်တာမျိုးမဟုတ်ဘူးပေါ့။ ဖြစ်စေချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ပြိုင် မယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလုပ်ပြီး ယှဉ်ပြိုင်ရမယ်လို့ အိန်ဂျယ်မှတ်ယူတယ်။ သူများကို လိုက်ပြိုင် နေရင် ကိုယ့်အတွက်အချိန်တွေ အလကားကုန်တယ်လို့ထင်ပါတယ်။ 

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment