Apple ID တစ်ခုဖန်တီးကြမယ်









လက်ရှိပြည်တွင်းဈေးကွက်မှာရော ပြည်ပမှာပါ လူကြိုက်အများဆုံး မိုဘိုင်းဖုန်းအမျိုးစားအဖြစ် ဆက် လက်ရပ်တည်နေဆဲဖြစ်တဲ့ Apple ရဲ့ iPhone တွေဟာ အသုံးပြုသူတွေရဲ့ လက်ထဲ ကိုတော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဈေးကွက်အနေအထားအရ တခြားစမတ်ဖုန်းများစွာနဲ့ ယှဉ်ပြိုင်နေရဆဲဖြစ်ပေမယ့် Apple အသုံးပြုသူပရိသတ် အခိုင်အမာ ရရှိထား တာကတစ်ကြောင်း၊ အရည် အသွေးနဲ့နည်းပညာပိုင်းမှာ ထိပ်ဆုံးကနေပဲ ဦးဆောင်လေ့ရှိတာ ကတစ်ကြောင်း၊ ဈေးနှုန်းကြီးမြင့်ပေမယ့် အရည်အသွေးပိုင်းမှာ စိတ်ချရတဲ့အတွက် လူကြိုက်များရေပန်းစား တဲ့ စမတ်ဖုန်းအဖြစ် လွှမ်းမိုးထားနိုင်တာက Apple ရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

 ဒါပေမယ့် အခုနောက်ပိုင်းမှာ Apple User တွေ အလွန်များပြား လာပေမယ့် iPhone အသုံးပြု သူတွေထဲမှာ မိမိကိုယ်ပိုင် AppleID နဲ့ အသုံးပြုသူ အရေအတွက်ဟာ အလွန်တရာနည်းနေသေးတာကို အံ့သြဖွယ်တွေ့ကြရပါတယ်။ ဖုန်းဝယ်ယူတဲ့အခါ ဆိုင်ကထည့်ပေးလိုက် တဲ့/ဖွင့် ပေးလိုက်တဲ့ ID နဲ့သာအသုံးပြုကြပြီး ဆိုင်တစ်ချို့သာ Customer တွေအတွက် သီးသန့် mail တစ်ခုနဲ့ကိုယ်ပိုင် AppleID တစ်ခုကိုဖန်တီးပေးတတ်ကြတာကိုလည်း အလွန်နည်းပါးစွာတွေ့ကြရပါတယ်။ 
ဒီအတွက် အားနည်းချက် ကတော့ Apps တစ်ခုချင်းစီအတွက် Update ပြုလုပ်တဲ့အခါ Apps အသစ် ထည့်သွင်း ချင်တဲ့အခါနဲ့ In-APP- Parched Apps တွေအတွက် Payment ၀န်ဆောင်မှုတွေနဲ့ အသုံးပြုချင်တဲ့အခါ အသုံးပြုလို့မရတဲ့ အခက်အခဲတွေရှိလာတတ်ပါတယ်၊ ဒါ့အပြင် APPle ရဲ့အဓိကလုံခြုံရေး ၀န်ဆောင်မှုဖြစ်တဲ့  iCloud နဲ့ချိတ်ဆက်အသုံးပြုတဲ့အခါမှာလည်း မိမိကိုယ်ပိုင် သီးသန့် အသုံးပြုတဲ့ AppleID သာမဟုတ်ခဲ့ရင် အ ချက်အလက်တွေဟာ လုံခြုံမှုအပြည့်အ၀ ရှိမှာမဟုတ်တော့ ပါဘူး။ ဒါဆိုရင်တော့ မိမိကိုယ်တိုင် AppleID ဖွင့်ပြီးအသုံးပြုတာဟာ အကောင်းဆုံးပါပဲဆိုတဲ့အချက်ကို မလွဲမသွေဆိုက်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
 ဒီလိုမိမိ ကိုယ်တိုင်ဖွင့်ပြီး အသုံးပြုဖို့အတွက်လည်း ခက်ခက်ခဲခဲလုပ်ဆောင်စရာမလိုဘဲ သာမန် Web Account တစ်ခုဖွင့်သလိုပဲ လွယ်လွယ်ကူကူပြုလုပ်နိုင်ပါတယ်။ မိမိကိုယ်တိုင် AppleID ဖွင့်ဖို့အတွက်လိုအပ်ချက် တွေကတော့ Internet လိုင်းချိတ်ပြီးသားဖြစ်တဲ့ Laptop (သို့) PC ရယ်၊ Apple ရဲ့နောက်ဆုံးထွက် iTunes Soft-ware ရယ်၊ gmail (သို့မဟုတ်) mail အကောင့်တစ်ခုရယ်ပဲ လိုအပ်မှာဖြစ်ပါတယ်။
ပထမဆုံး Computer မှာရှိတဲ့ Brower ကနေ https://appleid.apple.com ကို အရင်ဖွင့်လိုက်ပါ။ ပြီးသွားရင် Web စာမျက်နှာရဲ့ ညာဘက်အပေါ်ထောင့်နားလေးမှာရှိတဲ့ Create Your AppleID ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါ။ ဒါဆိုရင် AppleID ဖွင့်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေ ဖြည့်သွင်းရမယ့် စာမျက်နှာကိုရောက်ရှိသွားမှာဖြစ်ပြီး အဲဒီမှာကိုယ့်ရဲ့ mail address နဲ့တကွ အခြားအချက်အလက် အကုန်လုံး ကို ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် အောက်ဆုံးမှာရှိတဲ့ Continue ကိုနှိပ်ပြီး ဆက်သွားပါမယ်။
အခုဆိုရင် APPle ကနေပြီးကိုယ့်ရဲ့ mail ဆီကို verification code (6) လုံးပါတဲ့ mail ကိုပို့ ပေးမှာဖြစ်ပြီး အဲဒီ code(6) လုံးကိုယူပြီးထည့်ပေးရမှာဖြစ်ပါတယ်။
ခုဆိုရင် ကိုယ်ဖွင့်လိုက်တဲ့ Apple ID Account တစ်ခုပွင့်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ အသုံးပြုဖို့ အတွက်လိုအပ်တဲ့ Payment & Shipping အချက်အလက်တွေ ထည့်ပေးရပါဦးမယ်။
ဒီအချက်အလက်တွေကိုတော့ Browser ကနေမထည့်တော့ဘဲ iTunes Application ကနေ ထည့်ပါ မယ်။ iTunes ကိုဖွင့်ပြီး ကိုယ်ခုနကဖွင့်ထားတဲ့ User Name, Password နဲ့ Sing In ၀င်ပါမယ်။
အဲဒီလို Sing In ၀င်လိုက်တာနဲ့ ကိုယ့်ရဲ့လိုအပ်နေသေးတဲ့ အချက်အလက်တွေကိုဆက်ပြီး ဖြည့်ခိုင်း  ဖို့အတွက် Review ပြုလုပ်ခိုင်းပါလိမ့်မယ်။ Review, Comtinue, Agree တို့ကိုပဲနှိပ်ပြီး Review Your Adress  အထိရောက်အောင်သွားပါ။
Country အနေနဲ့ US ကိုပဲရွေးချယ်ပါမယ်။ Payment Type ကိုတော့ None ကိုပဲရွေးချယ်ပါမယ်။ ပြီးသွားရင်အောက်မှာရှိတဲ့ Billing Address ကိုဖြည့်ပါမယ်။ ဒီနေရာမှာ အနည်းငယ်သိထားသင့်တာက ဖြည့်ရမယ့် Billing Address ဟာလက်ရှိအမှန်တကယ် US မှာရှိနေတဲ့ နေရာ၊ ဖုန်းနံပါတ် အစရှိသဖြင့် မှန်ကန်ဖို့လိုပါတယ်။ ဒီတော့ ကျွန်တော်တို့က Google မှာ US မှာအမှန်တကယ်ရှိတဲ့ လိပ်စာတစ်ခုကို ရှာဖွေရပါမယ်။ ဥပမာ (google New York office) လို့ရိုက်ထည့်ကြည့်ပါ။ google ရဲ့ အမှန်တကယ် New York မှာရှိတဲ့လိပ်စာကို တွေ့ပါလိမ့်မယ်။ အဲဒီမှာရှိတဲ့ အချက်အလက်တွေကိုယူပြီး ဖြည့်သွင်းပေးပါမယ်။ ဒီနေရာ Apple ဟာ Apple ID အတွက် သင်ဘယ်သူဆိုတာထက် ဘယ်နေရာမှာနေတယ်ဆိုတာကို အသိအမှတ်ပြုတာကြောင့် Billing Address ရဲ့အချက်အလက်က အမှန်တကယ်မရှိလို့မရပါဘူး။ အလားတူပဲ Billing Adderss အတွက် Country ကိုရွေးချယ်တဲ့နေရာမှာ ကိုယ်ရွေးချယ်တဲ့နေရာပေါ် မူတည်ပြီး အမှန်တကယ်ရှိတဲ့လိပ်စာကို ရှာဖွေထည့်သွင်း ပေးရမှာဖြစ်ပါတယ်။ အဲဒီလိုထည့်သွင်းပြီး Continue နှိပ်ကာဆက်သွားလိုက်ရင်တော့ ကိုယ့်ရဲ့ Apple ID ဟာ iTunes Store မှာစတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီအချိန်မှာကိုယ့်ရဲ့ iPhone ထဲကို ထည့်သွင်းမယ်ဆိုရင်လည်း ထည့်သွင်းလို့ရပြီဖြစ်ပါတယ်။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment