Asphalt Overdrive











Asphalt ဟာ မိုဘိုင်းလောကမှာ အအောင်မြင်ဆုံး Racing game series ဖြစ်ပြီး Gameloft ကနေ ၁၁ ခုမြောက်ဂိမ်းကို ထုတ်ဝေလိုက်ပါပြီ။ ဒါပေမယ့် သူ့ရဲ့ Racing အမျိုးအစားကနေ သွေဖယ်ပြီးတော့ Overdrive ဟာ Runner အမျိုးအစား ဖြစ်နေပါတယ်။

ကစားသူတွေကို ပုံစံအသစ်နဲ့ ခံစားပျော်ရွှင်စေဖို့ထက် ပိုက်ဆံရဖို့နည်းလမ်းကို အခြားမိုဘိုင်းဂိမ်း တွေလိုမျိုး ဦးစားပေးလာတယ်လို့ ခံစားရတာတော့ အမှန်ပါပဲ။

Asphalt Overdrive ဟာ အခမဲ့ Free to play game ဖြစ်ပြီး iOS/Android/Windows Phone နဲ့ Windows 8 ပလက်ဖောင်းတွေမှာ ရရှိနိုင်တယ်။ ပုံမှန် 3 lane runner ဂိမ်းတစ်ခုပဲဖြစ်ပြီးတော့ Endless မဟုတ်ဘဲ သက်ဆိုင်ရာ Mission တွေနဲ့ ကစားရမှာဖြစ်ပြီး 3 stars ရရှိအောင် ကြိုးစားရမှာပါ။ ဘယ်လိုပဲ game mode တွေပြောင်းထားပေမယ့် အဓိကအချက်ကတော့ လမ်းပေါ်က အတားအဆီးတွေကို ရှောင်ရှားပြီး booster တွေကိုရယူရင်းနဲ့  3 star ရအောင် ကစားရမှာပါပဲ။     Stunt ပြကွက်တွေလုပ်ပြီးတော့ bonus score တွေလဲရရှိနိုင်ပါတယ်။

အစောပိုင်းမှာတော့ နောက်ခံဇာတ်လမ်းက Fast & Furious ရုပ်ရှင်ကားတစ်ခုလိုလို ပြုလုပ်ထား ပေမယ့် ကစားရင်းနဲ့ story ကလဲ ဒီလောက်ကြီး အရေးပါတာ မဟုတ်ပါဘူး။ တကယ်တမ်း ဆွဲဆောင်မှု ရှိတာက ၁၉၈ဝ ကာလတွေက ကာလီဖိုးနီးယားပြည်နယ်စတိုင် နောက်ခံပတ်ဝန်းကျင်နဲ့ အဲဒီအချိန်က နာမည်ကျော် ဇိမ်ခံကားတွေကိုပါ နောက်ဆုံးပေါ် ကားတွေနဲ့အတူ ထည့်သွင်းထားတာဖြစ်ပါတယ်။ Asphalt ဂိမ်းတွေရဲ့ထုံးစံအတိုင်း တောက်ပစိုပြေတဲ့ အရောင်အသွေးနဲ့ မိုဘိုင်းဂိမ်းတစ်ခု ဆိုတာထက် သာလွန် ကောင်းမွန်တဲ့ ဂရပ်ဖစ်တွေက အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမယ့် Gameplay ကတော့ အရင်ဂိမ်းတွေရဲ့ ပရိသတ်တွေအနေနဲ့ စိတ်ကျေနပ်စေလောက်တဲ့ ကြိုးစားမှုမျိုး ဟုတ်ပါ့မလားလို့ သံသ ယရှိစရာပါပဲ။

အခု Asphalt Overdrive ဂိမ်းမှာ နောက်ပိုင်းထွက်တဲ့ Runner  ဂိမ်းတွေလို Energy Bar စနစ် ပါဝင်လာပြီး ပုံမှန်နဲ့ Event  ဂိမ်းတွေအတွက် energy 1 point ယူ ပြီး Time Challenge ပုံစံမျိုးဖြစ်တဲ့ Enjoy the Ride mode  မှာတော့ energy 2 point ကျသင့်ပါတယ်။ Energy bar ကလဲ ပုံမှန်ထက်တောင် လျော့နည်းတဲ့အပြင် endless runner မဟုတ်တဲ့အတွက် Spiderman Unlimited တုန်းကလိုမျိုး ကိုယ်သာကျွမ်းကျင်မှုရှိရင် နာရီများစွာ ဆက်တိုက်ဆော့နိုင်မယ့် ဂိမ်းမျိုးလဲမဟုတ်ပြန်ဘူး။ ဂိမ်းတစ်ခုကို  စက္ကန့်ပိုင်းလောက်ပဲ ကြာတဲ့အတွက် နာရီနဲ့ချီပြီး ကစားရမှကျေနပ်မယ့် လူတွေအတွက် ထုံးစံအတိုင်း ပိုက်ဆံပိုကုန်ရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။

Game Mode တွေက အများအပြားပါဝင်ပြီး အဓိက Story ထဲမှာလဲ အဆင့်ငါးဆင့်နဲ့အတူ Boss Fight တွေအသီးသီးပါဝင်တယ်။ သတ်မှတ်ထားတဲ့ ကြယ်အရေအတွက်ရမှ Boss ကိုယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီးတော့ ကြယ်တွေရဖို့ကလဲ အမှားမရှိရုံနဲ့မရဘဲ Booster တွေကို ပေါပေါသီသီသုံးနိုင်မှ အဆင့်တိုင်းအတွက် သုံးပွင့်ရမှာပါ။ ဒါမှမဟုတ်ရင်လဲ ကိုယ့်ရဲ့ကားကို အဆင့်မြင့်ဖို့ ပိုကောင်းတဲ့ကား ဝယ်နိုင်ဖို့ စိတ်ရှည်ရှည်နဲ့ ဆော့ပြီးမှ အခန်းအများစုမှာ 3 Star ရနိုင်မှာ ဖြစ်တယ်။ Boss Fight တစ်ခါ နိုင်ပြီးရင် နောက်တစ်ဆင့် ကစားနိုင်မှာ ဖြစ်ပြီးတော့ အဲဒီ Boss အသုံးပြုတဲ့ကားကို လိုချင်ရင် ဒုတိယတစ်ခါ စိန်ခေါ်နိုင်ပါတယ်။ 

ဒုတိယအကြိမ် အနိုင်ရရင် Boss အသုံးပြုတဲ့ကားကို အပိုင်ရမှာ ဖြစ်တာကတော့ CSR game နဲ့ဆင်တူပါ တယ်။ game mode တွေကလဲ အမျိုးအစား အများကြီးပါဝင်တဲ့အပြင် အင်တာနက်နဲ့ ချိတ်ဆက်ထားရင် နေ့စဉ် daily event/ weekly event  တွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုကြေးတွေ ရယူနိုင်မှာပါ။ ဒါ့အပြင် ခုမှစဆော့တဲ့ ကစားသူတွေအတွက် တစ်နေ့ကိုတစ်ခါ တန်ဖိုးကြီးကားတွေကို စမ်းသပ်မောင်းနှင်လို့ရတဲ့ mode လဲ ပါဝင်ပါတယ်။ Nitro feature လဲပါဝင်ပြီး စတန့်ပြကွက်တွေနဲ့ လမ်းပေါ်က တခြားကားတွေကို ဘေးချင်း ယှဉ်တိုက်ပြီး ရရှိနိုင်တဲ့အပြင် အရင်ဂိမ်းတွေအတိုင်း ပြေးလမ်းပေါ်ကနေလဲ ရရှိနိုင်ပါတယ်။ runner mode မှာ racing  ဂိမ်းတုန်းကလိုပဲ Nitro ရဲ့ အခန်းကဏ္ဍကလဲ အရေးပါနေတာတွေ့ရပါတယ်။

Asphalt Overdrive ဟာ နာမည်ကျော် ဂိမ်းစီးရီးရဲ့ spin off Runner အမျိုးအစားဖြစ်ပြီး mission တွေပေါ်မှာ ပိုပြီးအားပြုထားတယ်။ ခဏလေးနဲ့ ပြီးသွားတဲ့ game mode  တွေမှာ energy bar နဲ့ ကန့်သတ်ထားတာက ပြောစရာဖြစ်ပါတယ်။ ဒါ့အပြင် booster နဲ့ ကားသစ်တွေမှာ in-game purchase နဲ့ ငွေပေးဝယ်ယူမှု နောက်တစ်ဆင့်တွေကို တက်ရောက်ရတာ ပိုမြန်ဆန်အောင် လုပ်ထားတာကလဲ အချိန်ပေးပြီး ကစားမယ့်သူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ထားတာပါပဲ။

ဂရပ်ဖစ်နဲ့ဖန်တီးမှုပိုင်းက ပြောစရာမရှိပေမယ့် ဒီလို downside တွေကြောင့် Overdrive ဟာ Asphalt series ထဲမှာလူကြိုက် အနည်းဆုံးဂိမ်းတစ်ခု ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment