ဆွဲဆောင်မှုဆိုတာ
တည်ရှိနေပေမဲ့ အဓိပ္ပါယ်ဖွင့်ရခက်တဲ့အရာတစ်ခုပါ။ မိန်းကလေးအများစုက သူတို့ကိုယ်သူတို့
မလှပဘူးလို့ထင်နေကြပါတယ်။ ဘယ်လောက်ပဲ မိတ်ကပ်တွေလိမ်းခြယ်ထားပါစေ။ ကိုယ်ကိုယ်တိုင်က
ယုံကြည်မှုကင်းမဲ့နေကြပါတယ်။ တကယ်တမ်းလည်း ဆွဲဆောင်မှုဆိုတာ မျက်နှာပြင်က လှလှပပလိမ်းခြယ်ထားတဲ့
မိတ်ကပ်ထက်ကိုပိုပါတယ်။ အဲဒါတွေက ဘာတွေလဲ… ဘယ်လို ရှာဖွေကြမလဲ…။
ယုံကြည်မှု
ယောင်္ကျားလေးတွေငြင်းမရအောင်
ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိကြပါတယ်။ သူတို့ဘာဆိုတာ
သတ်မှတ်ပေးဖို့ မလိုအပ်ပါဘူး။ သူတို့ကိုယ်သူတို့ ကျေနပ်မှုရှိကြပါ တယ်။
အသည်းအသန်မဖြစ်စေနဲ့
ယောင်္ကျားလေးအများစုက
သူနဲ့အတူရယ်မောနိုင်မဲ့ မိန်းကလေးကိုလိုချင်ကြတာပါ။ သူတို့ဟာသ ပြောရင် လိုက်ပြီးရယ်မောပေးမဲ့
မိန်းကလေးမျိုးပေါ့။ ဒါပေမဲ့ ဟာသပြောလိုက်တိုင်း လိုက်ရယ်မောနေစရာ တော့မလိုပါဘူး။
စွန့်စားလိုစိတ်
စွန့်စားလိုစိတ်နဲ့
စွန့်စားမှုကို ပျော်ရွှင်စိတ်ကလည်း မိန်းကလေးတစ်ယောက်အတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုပါ။
ဘယ်နေရာမှာမဆို တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတတ်တဲ့မိန်းကလေးကို မနှစ်သက် ကြမှာတော့ သေချာပါတယ်။
ခံစားမလွယ်နဲ့
မငိုမရယ်နဲ့
မလှုပ်မယှက်ဖြစ်နေတာလည်း မကောင်းသလို တငိုငို တရယ်ရယ်နဲ့ ခံစားချက်တွေ ပြင်းထန်လွန်းနေတာလည်း
မကောင်းပါဘူး။
အပြုံး
အပြုံးက
မိန်းကလေးတစ်ယောက်အတွက် ဆွဲဆောင်မှုအရှိဆုံး လက်နက်တစ်ခုပါ။ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ။
ပြုံးလိုက်ရင် အားလုံးကလှပသွားကြပါတယ်။
မိန်းမပီသမှု
ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတိုင်းက
တစ်နေကုန်တစ်စက္ကန့်မခြား သူတို့ရုပ်ရည်ကိုတစ်သသ လုပ်နေ ကြသူတွေမဟုတ်ကြပါဘူး။ သူတို့မှာ
နဂိုမူလပိုင်ဆိုင်ထားပြီးသားကိုပဲ ကျေနပ်ပြုံးပျော်နေကြသူတွေပါ။
ခင်မင်ရင်းနှီးစိတ်
ချည်းကပ်ရခက်ခဲသူတွေ၊
လက်ပေါက်ကပ်သူတွေဟာ ဆွဲဆောင်မှုရှိဖို့ ခဲယဉ်းပါလိမ့်မယ်။ အဲဒါကြောင့် မိန်းကလေးတစ်ယောက်က
ဖော်ရွေပျူငှာနေဖို့လည်း လိုပါတယ်။
ကြင်နာစိတ်
ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
သနားတတ်၊ ကြင်နာတတ်တဲ့ မိန်းကလေးက လူချစ် လူခင်ပေါများပါတယ်။ ဒါ ငြင်းစရာလိုတဲ့အမှန်တရားတစ်ခုပါ။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment