အင်တာနက်သုံးနေရင်း အိပ်ပျော်သွားခဲ့ရင် အလိုလျောက်ပိတ်ပေးမယ့် AutoData









Android စမတ်ဖုန်းတွေမှာ အင်တာနက်အသုံးပြုရတာ အမြန်နှုန်းနှေးပေမယ့် အနည်းနဲ့အများ အဆင်ပြေကြပါတယ်။ ခရီးသွားလာရင်း သိရှိလိုတဲ့ အချက်အလက်တွေ သိရှိနိုင်သလို၊ သူငယ်ချင်းတွေနဲ့ G talk ပြောမယ်၊ Email စစ်မယ် စသည်ဖြင့် ပြုလုပ်နိုင်ကြပါတယ်။ လူမှုကွန်ရက်တွေမှာ ဘာသတင်းတွေ တက်လဲ၊ ကိုယ့်သူငယ်ချင်းတွေက ဘယ်လိုအကြောင်းအရာတွေ တင်ထားလဲ အစရှိတာတွေလည်း ရောက်လေရာ နေရာတိုင်းမှာ ကိုယ့်ရဲ့ Android ဖုန်းကနေတစ်ဆင့် သိရှိနိုင်တာကြောင့် အရင်တုန်းကလို တစ် ခုခုသိချင်တာနဲ့ အင်တာနက်ဆိုင် ပြေးရတဲ့အဖြစ်ကနေ ကင်းဝေးစေခဲ့ပါတယ်။ 

လူငယ်အချို့မှာတော့ တစ်ခါတစ်ရံ ညဘက်အိပ်ခါနီးအချိန်ထိ ဖုန်းနဲ့ အင်တာနက်အသုံးပြုတတ်ကြ ပါတယ်။ အဲဒီလိုသုံးပြုရင်း ညဥ့်နက်လာတဲ့အခါ မျက်စိညောင်းပြီး အင်တာနက်မပိတ်ဘဲ အိပ်ပျော်သွား တတ်ကြပါတယ်။ မနက် မိုးလင်းတဲ့အခါမှ ဖုန်းမှာ အင်တာနက်ပွင့်နေတာ တွေ့ရပြီး အနည်းနဲ့အများ ကုန်သွားပြီဖြစ်ပါတယ်။ အခုအခါအင်တာနက်မေ့ပြီး မပိတ်မိသူတွေ၊ အသုံးပြုနေရင်း အိပ်ပျော်သွား တတ်သူတွေအတွက် AutoData ဆိုတဲ့ Apps ကိုအသုံး ပြုကာ ဖုန်းရဲ့မျက်နှာပြင်ပိတ်သွားတာနဲ့ Screen off ဖြစ်သွားတာနဲ့ 3G ကို အလိုအလျောက်ပိတ်ပေး နိုင်ပြီဖြစ်ပါတယ်။ 

3G Data ကို အလိုလျောက် အဖွင့်အပိတ် ပြုလုပ်နိုင်တဲ့ Android Apps တွေအများအပြားရှိတဲ့ အထဲက ဒီ Apps လေးဟာ သတ်မှတ်ထားတဲ့ အချိန်တစ် ခုအတွင်း ပြန်လည်ပွင့်ကာ Notification ရယူပေးနိုင်တဲ့အတွက် အရေးကြီးတဲ့ အချက်အလက်ကိုလည်း အချိန်နဲ့အမျှ သိရှိနေစေပါလိမ့်မယ်။

ပထမဆုံး AutoData Apps ကို Play Store ကနေရယူပါ။ အခမဲ့ Apps လေးတစ်ခုဖြစ်ပြီး အရွယ်အစားလည်း သေးငယ်ပါတယ်။ ဒါမှမဟုတ် ပေးထားတဲ့ Link ကနေရယူပါ။ Apps ကို ထည့်သွင်းပြီး ရင် စတင်အသုံးပြုဖို့ ဖွင့်လိုက်ပါ။ စစချင်း Auto Data ရဲ့အလုပ်လုပ်ပုံကို ရှင်းပြမှာဖြစ်ပါတယ်။ အလုပ် လုပ်ပုံ ရိုးရှင်း၊ အသုံးပြုရလည်း လွယ်ကူပါတယ်။ On/Off ပြုလုပ်ကာ အသုံးပြုရုံပါပဲ။

Apps ရဲ့ Home Screen မှာ ဖော်ပြထားတာကတော့ ဒီ App ဟာ အင်တာနက်အသုံးပြုနေရင်း အိပ်ပျော်သွားလို့ပဲဖြစ်ဖြစ်၊ ဖုန်းက Screen off  ဖြစ်သွားတာနဲ့ ၁၅မိနစ်အကြာမှာ အလိုလျောက်ပိတ်သွား ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ထပ် မိနစ်၂ဝ ကြာတဲ့အချိန်မှာ အလိုလျောက်ပြန်ပွင့်ကာ ၁၅မိနစ် ပွင့်ပြီး ရှိရှိသမျှ noti တွေရယူပေးပါလိမ့်မယ်။ အဲဒီလိုနဲ့ ၁၅ မိနစ်ပွင့်၊ မိနစ်၂ဝ ပိတ်ဆိုပြီး ထပ်ကာတစ်လဲလဲ ပြုလုပ်ပေးနေမှာ ဖြစ်ပါတယ်။

Default အနေနဲ့ ပါလာတဲ့ အနေအထားကို ကိုယ်နဲ့ကိုက်ညီမယ့် မိနစ်အတိုင်း ပြင်ဆင်ဖို့အတွက် Settings ထဲကိုဝင်ပါ။

အဲဒီမှာတွေ့ရတဲ့ Wait minute ဟာ Screen Off ဖြစ်သွားတာနဲ့ 3G ကို ချက်ချင်း မပိတ်သေးဘဲ အသုံးပြုနေမယ့် အချိန်ဖြစ်ပါတယ်။ အောက်ဘက်က repeat every minute ကတော့ အချိန် ဘယ်လောက် ကြာကြာမှာ အလိုလျောက်ပြန်ပွင့်မယ်ဆိုတဲ့ အချိန်ဖြစ်ပါတယ်။ ဥပမာ Wait နေရာမှာ ၁ မိနစ်ထားပြီး repeat နေရာမှာ ၆ဝ မိနစ်ထားလိုက်ရင် screen off ပြီး တစ်မိနစ်အကြာမှာ Mobile Dat အလိုလျောက် ပိတ်သွားပြီး မိနစ် ၆ဝ အကြာမှာ ၁ မိနစ်ပြန်ပွင့်မှာ ဖြစ်ပါတယ်။ ပြန်ပွင့်ပြီး ၁ မိနစ်ပြည့်တာနဲ့ ပိတ်သွားကာ နောက်ထပ် ၆ဝ မိနစ်အကြာ တစ်ကြိမ်ပြန်ပွင့်မှာ ဖြစ်ပါတယ်။

ဒီ App ကိုအသုံးပြုထားရင် 3G data ကို မပိတ်ဘဲ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Screen Off တာနဲ့ အလိုလျောက် ပိတ်ပေးနိုင်သလို Screen On တာနဲ့ အလိုလျောက် ပြန်ဖွင့်ပေးနိုင်တဲ့ အတွက်ကြောင့်ပါ။ Auto Data App အလုပ်လုပ်နေတယ်ဆိုတာ သိရှိနိုင်ဖို့အတွက်လည်း Notifications မှာကြည့်ရှုနိုင်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment