ကံမကောင်းတဲ့နေ့တွေဆိုတာ
လူတိုင်းကြုံနေရတတ်တဲ့ကိစ္စတွေပါ။ ဥပမာ တစ်စုံတစ်ခုကို စောင့်မျှော် ရင်း စိတ်မရှည်ဖြစ်တာမျိုး၊
လုပ်နေလျှက်နဲ့ အလွဲလွဲအချော်ချော်ဖြစ်တာမျိုးပေါ့။ ဒါလေးတွေက သေးသေးလေး တွေပေမဲ့ များလာတဲ့အခါ
ကိုယ့်ရဲ့တစ်နေ့တာကို ထိခိုက်စေပါတော့တယ်။ အဲဒီတော့ ကံမကောင်းတဲ့အလွဲလွဲ အချော်ချော်နေ့ရက်တွေကို
ဘယ်လိုကျော်ဖြတ်ကြမလဲ…။
'ဂီတမရှိတဲ့ဘ၀ဟာ ဦးတည်ရာမရှိ'
ကိုယ်အကြိုက်ဆုံးသီချင်းနားထောင်တာလောက်
ဘယ်အရာကမှ ကိုယ့်ကိုယ်တက်ကြွစေမှာ မဟုတ်ပါဘူး။ ပေါ့ပ်၊ ဟစ်ဟော့၊ ရော့ခ် နှစ်သက်ရာနားထောင်လိုက်ပါ။
လက်ခံပါ
ကံမကောင်းတဲ့နေ့
တကယ်ဖြစ်ခဲ့တာပါ။ 'ငါမလုပ်ခဲ့မိရင်''လုပ်ခဲ့ရင်အကောင်းသား'ဆိုတဲ့စိတ်က လူကိုပိုပြီး
မွန်းကြပ်လာစေပါလိမ့်မယ်။
ရေချိုး
ရေချိုးပြီး
ခန္ဓာကိုယ်ရဲ့အနံ့အသက်နဲ့အတူ ပတ်ဝန်းကျင်ကို လန်းဆန်းစေလိုက်ပါ။ ရေခပ်နွေးနွေး လေးနဲ့
ချိုးပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းသွားစေပြီး စိတ်ကိုတစ်ဖန်ပြန်လည်လန်းဆန်းလာစေ
ပါလိမ့်မယ်။
အစီအစဉ်ဆွဲ
ကံဆိုးတဲ့နေ့ရက်ကိုကျော်ဖြတ်ဖို့
နည်းလမ်းတစ်ခုကတော့ မနက်ဖြန်အတွက် အစီအစဉ်ဆွဲနေဖို့ပါ။ အားလပ်ရက်၊ ဒါမှမဟုတ် စိတ်လှုပ်ရှားစရာတစ်ခုခု
အစီအစဉ်ဆွဲနေမယ်ဆိုရင် ပြန်ပြီးလန်းဆန်းသွားပါလိမ့် မယ်။
လေ့ကျင့်ခန်းလုပ်
ကံဆိုးတဲ့နေ့ရက်တွေမှာ
အလုပ်ချင်ဆုံးက အိပ်ရာ၊ ထိုင်ခုံမှာခွေပြီး နွမ်းလျပျင်းရိနေဖို့ပါ။ အဲဒီအကျင့် အစား
လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ သွေးပူပြီး စိတ်တွေပြန်လည်လန်းဆန်းသွားပါလိမ့်မယ်။
ဟာသကားကြည့်
'မရယ်ရင်ငိုရလိမ့်မယ်'တဲ့။
အဲဒီတော့ ရယ်မလား၊ ငိုမလား။ ရယ်ချင်တယ်ဆိုရင်တော့ ဟာသ ဇာတ်လမ်းကြည့်ပြီး စိတ်ကိုဖြေလျော့လိုက်ပါ။
တရားထိုင်
ကံဆိုးတဲ့နေ့တစ်နေ့မှာ စိတ်ထဲခိုအောင်းနေတာက
မကောင်းမြင်အတွေးတွေပါ။ ဒီစိတ်တွေကို ဖြေလျော့ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်ကြည့်ဖို့ပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment