Android ဖုန်းတွေအတွက် မရှိမဖြစ် Battery Life Repair Pro3.9



ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေဟာ နေ့စဉ်ရက်ဆက် အဆက်မပြတ်ဆက်တိုက်အသုံးပြုနေကြရတဲ့ အခါ အချိန်ကြာမြင့်လာတာနဲ့အမျှ ဖုန်းရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘက်ထရီဟာလည်း တ ဖြည်းဖြည်း စွမ်းဆောင်ရည်ကျဆင်းလာတတ်ပါတယ်။ အထူးသဖြင့် ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်း အများစုမှ ဘတ်ထ ရီအတွက်အသုံးပြုထားတဲ့ ထုတ်ကုန်အရည်အသွေးကြောင့် တစ်ခါတစ်ရံသတ်မှတ် ထားတဲ့အချိန် ကာလ မတိုင်ခင်မှာပဲ ကုန်ဆုံးသွားတာမျိုး အလုပ်မလုပ်တော့တာမျိုး၊ အပူလွန်ကဲကာ လုံးဝသုံးမရတော့မျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ အသုံးပြုသူအများစုဟာ ဒီလိုအနေအထားမျိုးကို ရုတ်တ ရက် အချိန်တိုအတွင်းကျ မှသာသိရှိရတဲ့အတွက် ဘတ်ထရီသက်တမ်းကို ထိန်းသိမ်းစောင့်ကြည့်ဖို့ သတိထား အသုံးပြုနိုင်ဖို့ မဖြစ်မနေလိုအပ်လာမှာဖြစ်ပါတယ်။

ဒါပေမဲ့ တချို့စမတ်ဖုန်းတွေဟာ ဘတ်ထရီအသစ်လဲလှယ်ဖို့ ဈေးကွက်မှာအလွယ်တကူဝယ်ယူလို့ ရရှိနိုင် သလို ဈေးနှုန်းဟာလည်း လက်လှမ်းမီတဲ့ အနေအထားမျိုးမှာ ရှိနေတတ်တာကြောင့်လက်ရှိအသုံးပြုနေတဲ့ ဘတ်ထရီအား ပမာဏ(ရာခိုင်နှုန်း) ကိုဖော်ပြပေးတဲ့ apps မျိုးကိုသာ ထည့်သွင်းထားလေ့ရှိပါတယ်။ အခုအခါမှာ တော့ Battery Life Repair Pro ဆိုတဲ့ ဖုန်းရဲ့ ဘတ်ထရီ သက်တမ်းနဲ့ အလုပ်လုပ်တဲ့ပုံစံ၊ အမျိုးအစား၊ voltage အားတည်ငြိမ်မှု၊ အပူချိန်ဆန်းစစ်မှုနဲ့ ဘတ်ထရီတစ်ခုလုံးရဲ့ စွမ်းဆောင်မှု အခြေ အနေ အကုန်လုံးကို သိရှိအောင်ပြုလုပ်ကာ ပြုပြင်ထိန်းသိမ်းပေးနိုင်ပြီဖြစ်ပါတယ်။

Apps ကိုရယူဖို့အတွက် Playstore မှာ Battery Life Repair (Blackmart Studio) ဆိုပြီး ရှာဖွေ နိုင်ပါတယ်။ ရယူပြီးသွားတဲ့အခါ Apps ကိုဖွင့်လိုက်ပါ။ Apps မှာအဓိက Health, Tools နဲ့ Infor-mation ဆိုတဲ့ အဓိက Menr (၃) ခုပါဝင်တာ အရင်ဆုံးတွေ့ရမှာ ဖြစ်ပါတယ်။

ပထမဆုံး Health ဆိုတဲ့ menu အောက်မှာတွေ့ရမှာကတော့ Cell Map လို့ခေါ်တဲ့ ဖုန်းရဲ့ဘက်ထရီ တစ်ခုလုံးရဲ့အခြေအနေကို ဖော်ပြစစ်ဆေးဖို့အတွက် ပထမဆုံး အကြိမ်စစ်ဆေးမှုပြုလုပ်ပေးမှာဖြစ်ပါ တယ်။ Start ကို နှိပ်ပါ။ ပြီးရင် ဘက်ထရီမှာရှိနေတဲ့ပြဿနာတွေကို cell ကွက်ကလေးတွေအနေနဲ့ ကိုယ်စားပြုဖော်ပြပေးကာ နောက်ဆုံးရလာတဲ့အဖြေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ Fix Problem ကို နှိပ်ပါမယ်။ ဒါဆိုရင် ဘက်ထရီမှာရှိတဲ့ ပြဿနာရှိနေတဲ့ အစိတ် အပိုင်းလေးတွေကို ဖြေရှင်းပေးမှာဖြစ်ပြီး အားလုံးပြီးသွားခဲ့ရင်တော့ ကိုယ့်စမတ်ဖုန်းဘက်ထရီရဲ့ စွမ်းဆောင်ရည်ဟာ အရင်ကထက် သိသိသာသာကောင်းမွန်လာပြီး ပိုမိုတည်ငြိမ်လာတာကို တွေ့ ရမှာဖြစ်ပါတယ်။

ဒုတိယ menu ဖြစ်တဲ့ tools အောက်မှာတော့ ဒီ Apps ကိုရေးသားတဲ့ ကုမ္ပဏီဖြစ်တဲ့ Blackmart Studio ကနေနောက်ထပ် ထုတ်လုပ်ထားတဲ့ Apps တွေကို ညွှန်ပြပေးထားတာဖြစ်ပြီးလိုအပ်ရင် install ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံး menu တစ်ခုဖြစ် တဲ့ information မှာတော့ ဘက်ထရီရဲ့အသုံးပြုထားတဲ့ နည်းပညာ၊ အသုံးပြုနိုင်မှုအခြေအနေ၊ လက်ရှိအသုံးပြုနေတဲ့ Voltage ပမာဏ၊ အပူချိန်နဲ့အခြား အချက်အလက် ကလေးတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

မင်းသုနောင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment