'တီဗီအကြာကြီးကြည့်ရင်
မျက်လုံးကန်းတတ်တယ်'' စားရင်းအိပ်ရင် မြွေဖြစ်တတ်တယ်' စသဖြင့် ငယ်ငယ်ကတည်းက လူကြီးတွေပြောနေကြတာဖြစ်တဲ့စကားမျိုး
ကြားဖူးကြမှာပါ။ ဒါဆို အလှအပနဲ့ ပတ်သက်ပြီး တော့ လူကြီးသူမတွေပြောပြောနေတဲ့ သတိစကားမျိုးလေးတွေရော
ကြားဖူးပါရဲ့လား။ မကြားဖူးရင်လေ့လာ ကြည့်ရအောင်။
အဆီပြန်ရင်အလှဆီမသုံးနဲ့
အသားအရေခြောက်သွေ့ရင် အစိုဓာတ်ထိန်းခရင်မ်သုံးကြမှာပါ။
ဒါပေမဲ့ အဆီပါဝင်တာ၊ ရေဓာတ် အခြေခံထုတ်လုပ်တာမျိုးပါ။ တကယ်တော့ အသားအရေကိုအစိုဓာတ်ပေးတာက
အဆီပြန်တဲ့ အရေပြားကို ပိုပြီး မဆိုးရွားစေပါဘူး။ အရေပြားအပေါ်ယံလွှာက ခြောက်သွေ့လွန်းတဲ့အတွက်
အတွင်းကအဆီတွေက ဖြည့် ဆည်းပေးရုံသာပါ။
ဝက်ခြံညှစ်ရင် အမဲစက်ကျန်မယ်
ဘယ်လောက်ပဲဝက်ခြံတွေနဲ့ ပြည့်နေပါစေ။
ညှစ်ဖို့မကြိုးစားပါနဲ့။ ၀က်ခြံတွေကိုညှစ်လေ အသား အရေ ပျက်စီးပြီး အမာရွတ်ထင်ရုံသာပါ။
ပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းနဲ့ ကြေးချွတ်ပေးခြင်းကသာ အသား အရေကို သန့်ရှင်းစေမှာပါ။
အမွှေးအမျှင်တွေကို ရိတ်လေပိုထွက်လေ
ခန္ဓာကိုယ်က အမွှေးအမျှင်တွေကိုရိတ်လို့
ပိုပွားထွက်လာတာမဟုတ်ပါဘူး။ အမွှေးအမျှင်တွေက ပေါက် တာမြန်တာပါ။ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေက
ဟိုမုန်းမျိုးရိုးနဲ့သက်ဆိုင်ပါတယ်။
သခွားသီးက မျက်ကွင်းညိုတာကိုပျောက်စေတယ်
သခွားသီးက မျက်ကွင်းညိုတာကို ပျောက်စေပါတယ်။
တကယ်တော့ သခွားသီးကြောင့် မဟုတ် ပါဘူး။ သခွားသီးရဲ့ အအေးဓာတ်ကြောင့်ပါ။ ဒါပေမဲ့ သခွားသီးမှာပါဝင်တဲ့
သဘာဝအာဟာရတွေက အသားအရေကို ရေဓာတ်ဖြည့်ဆည်းပေးပါတယ်။
သံပုရာရည်က အသားအရေကိုကြည်လင်စေတယ်
သံပုရာရည်ကအသားအရည်ကို
ကြေးချွတ်ပေးနိုင်စွမ်းရှိတာမှန်ပါတယ်။ ဒါပေမဲ့ အလွန်ပျော့ပြောင်း ပါတယ်။
သံပုရာရည်ကိုအရေပြားပေါ်မှာ အကြိမ်ပေါင်းများစွာသုံးတဲ့အခါ
နောက်ဆုံးအမာရွတ်နဲ့ အမည်း စက် တွေ ပျောက်ကင်းသွားတာပါ။
လက်ဆေးပါသလား
လက်ဆေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ကလေးတစ်ယောက်လို
အကြိမ်ပေါင်းများစွာ ပြောတာခံဖူးမှာပါ။ မျက်နှာမသစ်ခင်၊ မိတ်ကပ်၊ Skin Care မသုံးခင်
လက်ဆေးဖူးပါသလား။ လက်ထဲက အညစ်အကြေးနဲ့ မမြင် ရတဲ့ ဘက်တီးရီးယားတွေက မျက်နှာကိုကူးစက်သွားနိုင်ပါတယ်။
ပုံမှန်အိပ်ပေး
အိပ်ရေးမ၀တာက နောက်တစ်နေ့နံနက်ခင်းမှာ
ပင်ပန်းနေစေသလို အသားအရေညိုးနွမ်းစေပြီး အိုမင်း ရင့်ရော်တာကိုပိုသိသာစေပါတယ်။ အဲဒါကြောင့်
တစ်နေ့ကို အနည်းဆုံး ၈ နာရီကြာအိပ်စက်ပေး ဖို့လိုပါတယ်။
မိတ်ကပ်နေ့တိုင်းသုံးတာ အသားအရေကိုပျက်စီးစေလိမ့်မယ်
ဒါမိတ်ကပ်အရည်အသွေးပေါ် မူတည်ပါတယ်။
အရည်အသွေးနိမ့်တဲ့ မိတ်ကပ်တွေက ချွေးပေါက်ပိတ် စေပါတယ်။ သဘာဝပစ္စည်းအခြေခံထုတ်ထားတဲ့
မိတ်ကပ်ကတော့ ချွေးပေါက်မပိတ်စေ ပါဘူး။ ဘယ်မိတ်ကပ် သုံးသုံး ညအိပ်ရာဝင်တိုင်းမဖျက်ပေးရင်တော့
အသားအရေပျက်စီးမှာပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment