ပြစ်မျိုးမှဲ့မထင်
လှပတဲ့အသားအရေဆိုတာ လူတိုင်းလိုချင်တောင့်တနေတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ အချိန်တိုင်း
အပြစ်ကင်းစင်စွာ ချောမွေ့နေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ တစ်ခါတလေ ညအိပ်တုန်းက အကောင်း
ပေမဲ့ နောက်တစ်နေ့နံနက် မိုးလင်းတဲ့အခါ မျက်နှာမှာ ဝက်ခြံလိုမျိုး ထွက်လာပြီး အလှအပကို
နှောက်ယှက် လာပါတော့တယ်။ အထူးသဖြင့် အရေးတကြီး သွားခါနီးလာခါနီးလိုမျိုးဆိုရင် ပိုဆိုးတာပေါ့။
အဲဒီတော့ ပြစ်မျိုးမှဲ့မထင် လှပတဲ့အသားအရေ ပိုင်ဆိုင်လာအောင် ဘယ်လိုဖန်တီးကြမလဲ…..
အစိုဓာတ်ထိန်းခရင်သုံးပါ
မိတ်ကပ်မလိမ်းခင်မှာ
နေရောင်ကာကွယ်နိုင်စွမ်းပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်ကို မျက်နှာပြင်အနှံ့ လိမ်း ပေးပါ။
ဘယ်လောက်ပဲ မိတ်ကပ်လိမ်းပါစေ။ မျက်နှာကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ရမှာပါ။ အဲဒါကြောင့်
နေရောင်ကာကွယ်နိုင်စွမ်းနဲ့ အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်း ပါဝင်တဲ့ခရင်မျိုး သုံးပေးမယ်ဆိုရင်
မိတ်ကပ်သားကိုလည်း စိုစိုလေး တောက်ပနေစေပါလိမ့်မယ်။
အောက်ခံမိတ်ကပ် (Primer) သုံး
ပြစ်မျိုးမှဲ့မထင်
လှပတဲ့အသားအရေ လျှို့ဝှက်ချက်ကတော့ မိတ်ကပ်အောက်ခံပါ။ အစိုဓာတ်ထိန်း ခရင် မ်လိမ်းပြီး
မိနစ်အနည်းငယ် ကြာတဲ့အခါ အစိုဓာတ်တွေ မျက်နှာပေါ်မှာ အထိုင်ကျသွားတဲ့အခါ မိတ်ကပ် အောက်ခံ
သုံးပေးပါ။ Silicone ပါဝင်တဲ့
Primer ကမျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ပါးရေတွန့်ခြင်းကို သက်သာစေပါလိမ့်မယ်။ Primer
သုံးတဲ့အခါ နည်းနည်းလေးပဲ သုံးဖို့လိုပါတယ်။ အများကြီးသုံး မိမယ်ဆိုရင် မျက်နှာကို
ပိုပြီးတွန့်သွား စေပါလိမ့်မယ်။
အမည်းစက်၊ အမည်းကွက်ဖုံးကွယ်
ကွန်ဆယ်လာ
သုံးပေးပါ။ ဒါပေမဲ့ ကွန်ဆယ်လာသုံးတဲ့အခါ မျက်ဝန်းတစ်ဝိုက် အမည်းစက်၊ အမည်းကွက်တွေ ရှိတဲ့နေရာတွေကိုသာ
အဓိကထားသုံးပေးပါ။ ဒီလိုနေရာလောက်ကိုသာ ကွန်ဆယ်လာ အုပ်ပေးပြီး လက်ထိပ်ကလေးနဲ့ ခပ်ဖွဖွ
ပုပ်ပေးပါ။ ကွန်ဆယ်လာသုံးတဲ့အခါ ခရင်မ်အမျိုးအစားကိုသာ ရွေးချယ်ပေးပါ။ ကိုယ့်အသားအရေထက်
အရောင်ဖျော့တဲ့ ကွန်ဆယ်လာမျိုးက မျက်နှာပြင်ပေါ်က အပြစ်အနာ အဆာတွေကို ပိုပြီးထင်ရှားစေတာကို
သတိပြုပါ။
ဖောင်ဒေးရှင်းသတိထားရွေးချယ်
သဘာဝအတိုင်း
ပြစ်မျိုးမှဲ့မထင် လှပတဲ့အသားအရေပိုင်ဆိုင်ဖို့ Silicone ပါဝင်တဲ့ ဖောင်ဒေးရှင်းအရည်
မျိုး ရွေးချယ်ပေးပါ။ ခြောက်သွေ့တဲ့ တောက်ပတဲ့ ဖောင်ဒေးရှင်းတွေက မျက်နှာကို ပြားချပ်သွားစေတာမျိုး
အရမ်းပေါ်လွင်သွားစေတာမျိုး ဖြစ်စေပါတယ်။ အဲဒါကြောင့် ဖောင်ဒေးရှင်း ရွေးချယ်တဲ့အခါ
အသားအရေနဲ့ လိုက်ဖက်တဲ့အရောင် ရဖို့အတွက် အချိန်အလုံအလောက်ပေးတာ အကောင်းဆုံးပါပဲ။
ခပ်ပါးပါးလိမ်း
ပြစ်မျိုးမှဲ့မထင်
လှပတဲ့အရေပြားပိုင်ရှင်လေးဖြစ်ဖို့ ဖောင်ဒေးရှင်း လိမ်းပုံလိမ်းနည်းကလည်း အရေး ကြီးပါတယ်။
ဖောင်ဒေးရှင်း လိမ်းတဲ့အခါ အစက်ကလေးတွေကို နှာခေါင်း၊ မေးစေ့၊ နှာဖူးတို့မှာ ချပေးပြီး
လက် ထိပ်ကလေးနဲ့ အတွင်းကနေအပြင်ကို ခပ်ဖွဖွလေး ပွတ်ပေးပါ။ မျက်နှာအောက်ကနေ အပေါ်ဘက်
ပွတ်တာ ကိုတော့ရှောင်ပါ။
ရောလိမ်းတဲ့အခါ
မျက်နှာရဲ့
အချိုးအစားအလှကို ပေါ်လွင်စေဖို့ ဖောင်ဒေးရှင်းအရောင် နှစ်မျိုးရောလိမ်းတဲ့အခါ မျက်နှာ
အတွင်းဘက်ကို ဗဟိုထားပြီး အချိုးအကွေ့ ပေါ်လွင်ချင်တဲ့နေရာကို ဦးစားပေး လိမ်းပေးပါ။
ခပ်ပါးပါးလေး လိမ်းပေးလိုက်ရုံနဲ့ ဖုံးကွယ်ချင်တဲ့နေရာတွေ ဖုံးကွယ်နိုင်သလို ပေါ်လွင်စေချင်တဲ့နေရာ ကိုလည်း
ပိုပြီးပေါ်လွင် သွားစေပါတယ်။
ပိုလျှံနေတဲ့ဖောင်ဒေးရှင်းတွေ
ဘယ်လောက်ပဲ
ခပ်ပါးပါးလိမ်းလိုက်ပေမဲ့ တစ်ခါတစ်ရံ မျက်နှာမှာ မိတ်ကပ်လိမ်းတာက ပိုလျှံပြီး ကွက်
နေပါသေးတယ်။ ဒီပိုလျှံနေတဲ့ မိတ်ကပ်တွေကိုဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော ရေမြှုပ်လေးကို
ရေအနည်းငယ် ခပ်စိုစိုလေးဖြစ်အောင်စွတ်ပြီး နှာခေါင်း၊ မေးစေ့အောက်၊ မျက်ဝန်းအောက် တစ်ဝိုက်ကို
ခပ်ဖွဖွလေး ပွတ်ပေးပါ။ ဒီလိုနေရာတွေက ပိုလျှံနေတဲ့ ဖောင်ဒေးရှင်းတွေကြောင့် ရယ်လိုက်တဲ့အခါ
မျက်နှာကို ပိုပြီး အိုမင်းသွားသယောင် ထင်ရစေပါလိမ့်မယ်။
အစက်အပျောက်လေးတွေ ဖုံးကွယ်
နောက်ထပ်ပြစ်မျိုးမှဲ့မထင်
လှပတဲ့အသားအရေအတွက် နည်းလမ်းကောင်းတစ်ခုကတော့ မျက်နှာပြင် တစ်ခုလုံးကို ဖောင်ဒေးရှင်း
အပြည့်လိမ်းမဲ့အစား အစက်အပြောက်လေးတွေကိုပဲ လိမ်းတဲ့နည်းလမ်းပါ။ အနီရောင် အစက်အပြောက်လေးတွေအတွက်
အဝါရောင်မိတ်ကပ်သားလိုမျိုး သုံးပေးပါ။
ပေါင်ဒါသုံး
မျက်နှာကို မိတ်ကပ်လိမ်းပြီးတဲ့အခါ
ပြောင်နေတဲ့မျက်နှာကို ခပ်ပြေပြေလေး ဖြစ်သွားစေဖို့ နှာဖူး၊ ပါး၊ နှာခေါင်းတို့ကို Translucent Powder လေးသုံးပေးပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment