ဘ၀မှာအောင်မြင်ချင်၊ ကြီးပွားချင်၊
ကြွယ်ဝချမ်းသာချင်သူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်စွမ်းက အခြေခံကျပါတယ်။
ကိုယ့်ဖြစ်တည်မှုကို လက်မခံနိုင်သူတစ်ယောက်က သူ့အတွက် အကောင်းဆုံးတွေကို ရှာဖွေတွေ့ရှိဖို့ဆိုတာခက်ခဲပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်လက်ခံတယ်ဆိုတာ အပြောက လွယ်ပါတယ်။ တကယ်ကျင့်သုံးဖို့ပဲခက်တာပါ။ ကံကောင်းစွာနဲ့ပဲ
ကိုယ့်ဖြစ်တည်မှုကို လက်ခံနိုင်စွမ်းက တဖြည်း ဖြည်းလေ့ကျင့်ယူလို့ရပါတယ်။
ကိုယ့်အားသာချက်ကို ဂရုစိုက်
အားနည်းချက်တွေကိုဖုံးကွယ်ရင်း အချိန်ကုန်ဖို့ကြိုးစားနေပေမဲ့အစား
ကိုယ့်အားသာချက်တွေကိုရှာ ဖွေပါ။ စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းယူပြီး သူများတွေနဲ့မတူတဲ့
ကိုယ့်ထူးခြားချက်တွေကိုချရေးပါ။ ဒီအပေါ်မှာသာအာရုံစိုက်ပါ။
အကောင်းမြင်စိတ်နဲ့စတင်
လူတိုင်းနီးပါး နံနက်ခင်းကို Facebook
တို့လို Social Media တွေနဲ့အစပြုကြတာများပါတယ်။ တစ်ခါ တလေမှာတော့ အဆိုးမြင်စိတ်တွေက
Social Media တွေကနေအစပြုလာပါတယ်။ အဲဒီတော့ နံနက်ခင်းမှာ Social Media တွေနဲ့ နေ့တစ်နေ့ကိုစတင်မဲ့အစား
သီချင်း၊ စာအုပ်တို့လိုမျိုး အစားထိုးကြည့် ပါတယ်။
ရှိတာကိုကျေးဇူးတင်ပါ
လူအများစုက ကိုယ့်မှာရှိတာကိုမေ့လျော့ပြီး
မရှိတာတွေကို မြည်တမ်းပူလောင်နေတတ်ကြပါတယ်။ အဲဒီတော့ ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုလေးတွေကိုပဲ
ကြံဖန်ပြီးကျေးဇူးတင်ကြည့်ပါ။
လူကောင်းတွေဝန်းရံနေပါစေ
ပတ်ဝန်းကျင်က လူမကောင်းလေ ကိုယ့်ရဲ့စိတ်တွေညစ်နွမ်းလေပါ။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ကြည်ကြည်လင်လင်ကောင်း ကောင်းမွန်မွန်မြင်လာစေဖို့ ပတ်ဝန်းကျင်ကောင်းဝန်းရံနေပါစေ။
အစားအသောက်သတိပြု
ကိုယ်စားသုံးတဲ့အစားအသောက်ကလည်း ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကို
သက်ရောက်မှုရှိပါတယ်။ အစား အသောက်ညံ့လေ စိတ်ဖိစီးပြီးစိတ်တွေကျလေပါ။ အဲဒါကြောင့် စိတ်နဲ့ခန္ဓာကျန်းမာစေဖို့
အစား အသောက် ကို ဂရုစိုက်ဖို့လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်
လူတိုင်းနီးပါးအတိတ်ကနေ ရုန်းထွက်ဖို့ခက်ခဲနေတတ်ကြပါတယ်။
နောင်တတွေ၊ နောက်ဆံတင်းမှု တွေက လွှမ်းမိုးပြီးဆုံးဖြတ်ချက်အမှားတွေ ချမိစေပါတယ်။ တကယ်တော့ဘ၀ဆိုတာ
အမှားတွေပြည့်နှက်နေ တာပါ။ ဒီအမှားတွေကို ခွင့်လွှတ်ပြီး သင်ယူတတ်ဖို့ကသာ အရေးကြီးပါတယ်။
အခွင့်အရေးစောင့်မနေနဲ့
အခွင့်အရေးက ကိုယ်တိုင်ဖန်တီးရတာပါ။
တစ်စုံတစ်ယောက်ဆီက အခွင့်အရေးကိုစောင့်မျှော်မနေ ပါနဲ့။ ကိုယ်တိုင်ဖန်တီးပါ။
ကူညီပါ
ကိုယ့်ကိုယ်ကိုယ် သက်သာရာရစေဖို့ အကောင်းဆုံးနည်းက
တစ်ခြားလူတွေကို အကူအညီပေး ဖို့ပါ။ အကူအညီရသူတွေဆီက အပြုံးကကိုယ့်ကိုယ်ကူးစက်လာစေတယ်။
အဲဒီအပြုံးတွေထဲကနေ ကိုယ့်ရဲ့ စစ်မှန်မှု ကိုရှာတွေ့လာပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment