ယုံကြည်မှုတွေပျောက်ဆုံးနေ ပြီလား ...


ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေချိန် ဘယ်သူမဆို ယောင်ဝါးဝါးဖြစ်ကြမှာ သဘာဝပါ။ တစ်ချို့မိန်းကလေးတွေကတောင် အောင်မြင်မှုအတွက် ချီတက်နေချိန်မှာ အောင်မြင်မှုကို သုံးဆောင်နေ ချိန်မှာ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားမိတာပေါ။ ဒီတော့ဘာဖြစ်မလဲ။ ကိုယ်ရသင့်၊ ရထိုက်တဲ့အခွင့်အရေးတွေ လွဲချော်မယ်။ အဲဒီအတွက် နောင်တတွေရမယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ဆိုတာလွယ်မယောင်နဲ့ ခက်ခဲတဲ့ကိစ္စတစ်ခုပါ။ ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်ဆီကနေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာကို ပုံတူကူးချနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ယုံကြည်မှု နည်းနေချိန် ဘယ်လိုပြန်ထရမယ်ဆိုတာကို သိဖို့ပါ။ ဘယ်လိုပြန်ထကြမလဲ ...။

ဝတ်ဆင်ပါ

အဝတ်အစားက လူတစ်ယောက်ကို ယုံကြည်မှုတိုးစေတဲ့ အကူပစ္စည်းတစ်ခုပါ။ ဘောင်းဘီရှည်၊ အင်္ကျီအပုံလိုက်နဲ့ ပွဲအခမ်းအနားတစ်ခုထဲ ဝင်သွားကြည့်ပါလား။ လူအများက အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြပြီး ကိုယ့်ကိုယ်ကိုယ်စိတ်မသက်မသာဖြစ်မှာ သေချာပါတယ်။ အဲဒီတော့ ကိုယ့်ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပေါ်လွင်ထင်ရှားတဲ့ဝတ်စုံမျိုး၊ စိတ်ဓာတ်တက်ကြွစေတဲ့ အရောင်မျိုး ရွေးချယ် ဝတ်ဆင်ကြည့်ပါ။

ကိုယ်နေဟန်ထားသတိထား
မိန်းကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေမဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကိုယ်နေဟန်ထားကိုဂရုစိုက်ဖို့ပါ။ ပထမဆုံးဝတ္ထုစာအုပ်တစ်အုပ်ထဲက စာရေးဆရာရဲ့လူတစ်ယောက် အပေါ် အဖွဲ့အနွဲ့ကိုပဲ သတိထားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသူတွေက ပခုံး၊ ကျောရိုးတို့ ကုန်းနေပြီး လူပျင်းတစ်ယောက်သဖွယ် ရေးဖွဲ့ထားတာကို တွေ့ပါလိမ့်မယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ခံစားရဖို့ ခါးကိုမတ်မတ်ထားပါ။ ပခုံးတွေကိုအကျယ်ပြန့်ဆုံး ဖွင့်ဟထားပါ။

လူမှုကွန်ယက်တွေကနေအနားယူ
သိတဲ့အတိုင်းပဲ ... မိန်းကလေးဆိုတာ အချိန်ရရင်ရသလို ကိုယ့်ကိုယ်ကိုယ်သူများနဲ့ နှိုင်းယှဉ်နေတာ။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်မယ်။ တစ်ခါတစ်ရံ မင်းသမီးတွေနဲ့နှိုင်းယှဉ်မယ်။ ဒီလိုနှိုင်းယှဉ်ရင်း ဒုက္ခရောက်တော့တာပါပဲ။ နဂိုကတည်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိပါဘူးဆိုမှ အခုသူများနဲ့ယှဉ်မိတာ ပိုဆိုးပြီးပေါ့။ အကောင်းဆုံးက Facebook, Instagram, Twitter တို့လို လူမှုရေး ကွန်ယက်တွေကနေ ခေတ္တအနားယူထားလိုက်ပါ။

အတိတ်ကိုချန်ထားခဲ့
မိန်းကလေးအများစုရဲ့ အားနည်းချက်ကတော့ အတိတ်ကိုမစွန့်လွှတ်နိုင်တာပါ။ ဒီမစွန့်လွှတ်နိုင်တဲ့စိတ်ကပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကင်းမဲ့စေတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့နှစ်တွေက အလုပ်အင်တာဗျူးမဖြေနိုင် တာ၊ စာမေးပွဲကျတာမျိုးတွေပေါ့။ အဲဒီအချိန်တွေကတည်းက ခိုအောင်းနေတဲ့ဝမ်းနည်းအားငယ်စိတ်က လက်ရှိအချိန်မှာ ‘ငါလုပ်ရင်ဖြစ်ပါ့မလား’ ဆိုပြီး ကိုယ့်ရဲ့ယုံကြည်မှုတွေကို ပျောက်ဆုံးစေပါတယ်။

ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ

လောကမှာ ဘယ်သူကအကောင်းဆုံးပါဆိုပြီး ပြောကြတယ်။ တကယ်တော့ ကိုယ့်မိဘတွေထက် ဘယ်သူပိုပြီး ကောင်းနိုင်မှာပါလဲ။ ဒီထက်ကောင်းနိုင်တာတော့ ကိုယ်ပါ။ ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ။

Crystal


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment