Bipasha Basu









Audience’s Choice ကဏ္ဍအတွက် ရွေးချယ်ထားတာကတော့ အိန္ဒိမော်ဒယ်မင်းသမီး ဘီပါရှာဘာ ဆူပါ။ သူက အက်ရှင်၊ သည်းထိတ်ရင်ဖိုနဲ့ လိင်ဆွဲဆောင်မှုသင်္ကေတအဖြစ် မီဒီယာတွေရဲ့ သတ်မှတ်ခြင်း ခံထားရသူပါ။ သူ့ရဲ့ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံအရ ဘာဆူက ဘောလိဝုဒ်ရဲ့ အနုပညာကြေး အမြင့်ဆုံး အနုပညာရှင်တစ်ယောက်ဖြစ်သလို အိန္ဒိနိုင်ငံရဲ့နာမည်ကြီး အနုပညာရှင်တစ်ယောက်အနေနဲ့ သတ်မှတ်ခံထား ရသူလည်းဖြစ်ပါတယ်။ 

ဖက်ရှင်မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲ ခြေလှမ်းစခဲ့ပြီး Ajnabee သည်းထိတ် ရင်ဖိုဇာတ်ကားမှာ ဇာတ်ပို့နေရာက ပထမဆုံးသရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့အတူ Film Award For Best Female Debut ဆုရခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးသရုပ်ဆောင်တဲ့ Race 2 ဇာတ်ကားမှာတော့ Flimfare Award For Best Actress ဆုလျားထားခံရပါတယ်။ No Entory, Phir Hera Pheir, Dhoom 2, Race စတဲ့ ဇာတ်ကားတွေက သူ့ရဲ့နာမည်ကြီး ဇာတ်ကားတွေပါ။ All The Best Fun Begins, Racz 3 မှာလည်း ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ခဲ့ပြီး ဘောလိဝုဒ်ရဲ့ Scream Queen ဆိုပြီး တင်စားခံခဲ့ရပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape



Share on Google Plus

0 comments:

Post a Comment