Black Fashion









ယောက်ျားလေး၊ မိန်းကလေး ဘယ်သူပဲဖြစ်ဖြစ်အချိန်တိုင်း၊ နေရ တိုင်းအဝတ်အစားလိုအပ်ပါတယ်။ ပထမဆုံးချိန်းတွေ့တဲ့အခါဖြစ်စေ၊ အလုပ်အင်တာဗျူးဝင်တဲ့အခါဖြစ်စေ၊ သူငယ်ချင်တွေနဲ့အပြင်ထွက် လည်တဲ့အခါဖြစ်စေပေါ့။ ဘယ်နေရာပဲရောက်ရောက်ကိုယ့်ကိုယ်ကိုယ်တော့အကောင်းဆုံး၊ အလှဆုံးလို့ ထင်တာကိုဝတ်ချင်ကြမှာပဲလေ။ အထူးသဖြင့် မိန်းကလေးတွေအတွက်ပေါ့။ ဘာကြောင့်ဝတ်စားကြတာလဲ မေးရင်တော့ ကိုယ့်ကိုယ်ကိုယ် ယကြည်မှုရှိစေဖို့အတွက်ပါ။ အဲဒီ တော့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်နဲ့ ဖက်ရှင်ကျနေစေဖို့ မရှိမဖြစ် ရှိသင့်တဲ့ပစ္စည်းလေးတွေကို ကြည့်ရအောင်။
အနက်ရောင်ဝတ်စုံ
အနက်ရောင်ဝတ်စုံကဂန္တဝင်ဆန်ပါတယ်။ ကိုကိုးရှန်နယ်တီထွင်ခဲ့တဲ့ အနက်ရောင်ဝတ်စုံဟာဆိုရင် ယနေ့အချိန်အထိ အမျိုးသမီးတွေ ရွေးချယ်မှုဖြစ်နေဆဲပါ။ အနက်ရောင်ဝတ်လိုက်လို့ ရုပ်ဆိုးပန်းဆိုး ဖြစ်သွား တယ်လို့မရှိပါဘူး။ အနက်ရောင်က လူကိုသွယ်လျစေပြီး အရပ်ပိုရှည်သွားသယောင်ထင်ရစေပါတယ်။ ဘယ်အဆင်၊ ဘယ်ဒီဇိုင်းနဲ့မဆိုလိုက်ဖက်ပြီး Accessories တွေလည်းရွေးချယ်စရာစုံလင် လှပါတယ်။
အနက်ရောင်ဘလေဇာအကျ

ဘလေဇာအင်္ကျီအနက်ရောင် ကလည်းဘယခန္တာကိုယ်နဲ့မဆို လိုက်ဖက်လှပါတယ်။ ဘလေဇာ အင်္ကျီနဲ့ စကပ်၊ ဘောင်းဘီ၊ ဂျင်း နှစ်သက်ရာတွဲပြီးဝတ်ဆင်နိုင်ပါတယ်။ အဲဒါကြောင့် အနက်ရောင် ဘလေဇာအင်္ကျီ ကလည်း မိန်းက လေးတစ်ယောက်အတွက် မရှိမဖြစ်ရှိသင့်တဲ့ဝတ်စုံတစ်စုံပါ။

အနီရောင်ရှူးဖိနပ်
အခုအချိန်မှာတော့ အနီရောင်ဖိနပ်လေးတစ်ရံက ခြေထောက်ကို ကြွကြွလေးနဲ့လှသွားစေမယ့်ရွေး ချယ်မှုတစ်ခုဖြစ်နေပါပြီ။ ဖိနပ်အနီရောင်လေးဝတ်ဆင်တဲ့အတွက် ခန္ဓာကိုယ်မှာဆင်မြန်းထားတဲ့ အဝတ်အစား တွေကပိုပြီးပေါ်လွင် ထင်ရှားလာပါတယ်။ အနီရောင်ရှူးဖိနပ်၊ အနီရောင်သားရေဖိနပ် ကိုယ့်ခြေထောက်နဲ့ နှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
လည်ဆွဲ
ဖက်ရှင်ကိုအထူးစိတ်ဝင်စားသူတိုင်း လည်ဆွဲတစ်ခုလောက်တော့ မပါမဖြစ်ဆင်မြန်းကြပါတယ်။ သူများနဲ့မတူ ထူးခြားတဲ့လည်ဆွဲမျိုးပေါ့။ လည်ဆွဲလေးဆွဲလိုက်တဲ့အတွက် ကိုယ့်လည်ပင်းကပိုပြီး ထင်ရှားပေါ်လွင်လာသလို ညှို့အားပြင်းပြီး အမျိုးသမီးဆန်တဲ့ အလှကိုဖန်တီးပေးပါလိမ့်မယ်။
ဂျင်းဂျာကင်
ဂျင်းဂျာကင်တစ်ထည်လောက်ကလည်း မိန်းကလေးတစ်ယောက်အတွက် မပါမဖြစ်ရှိသင့်တဲ့         ပစ္စည်းတစ်ခုပါ။ လက်နဲ့ပဲဖြစ်စေ၊ လက်ပြတ်ဖြစ်စေ ဝတ်ဆင်ထားမယ်ဆိုရင် ကိုယ့်ရဲ့မျက်နှာအသွင်အပြင် ကိုတစ်ခြားဝတ်စုံတွေနဲ့မတူ ခပ်မာမာပုံစံနဲ့ ထူးခြားဆန်းသစ်သွားစေပါလိမ့်မယ်။
ပိုက်ဆံအိတ်
ပိုက်ဆံအိတ်ကလည်း မရှိမဖြစ်ပစ္စည်းပါ။ ပထမဆုံးကိုယ်အပြင် သွားတဲ့အခါဘယ်လိုသွားသလဲ၊ လွတ်လွတ်လပ်လပ်သွားသလား၊ ပစ္စည်းတွေအများကြီးထည့် ပြီးသွားတတ်သလား ပြန်တွေးပါ။ ပြီးမှ ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ်ထင်တဲ့  ပိုက်ဆံအိတ်မျိုးရွေးချယ်ပါ။
လည်စီးပုဝါ
လည်စီးပုဝါလေးက မိန်းကလေးတစ်ယောက်ကို ရင့်ကျက်မှု၊ နုပျိုစေမှု တစ်ပြိုင်တည်းပေးစွမ်း မယ့်ပစ္စည်းလေးတစ်ခုပါ။ လည်ပင်းမှာရစ်ပတ်ထားနိုင်သလို လက်ကိုင်အိတ်မှာလည်း တွဲချည်ထားနိုင်ပြီး တမူထူးခြားလှပနေစေပါလိမ့်မယ်။
ဂျင်း
ဂျင်းကဘယ်နေရာမဆို အလွယ်တကူ၊ အလျင်အမြန်ဝတ်ဆင်နိုင်ပြီး အချိန်ကုန်၊ အလုပ်ရှုပ်သက် သာစေပါလိမ့်မယ်။
ခြေညှပ်ဖိနပ
ခြေညှပ်ဖိနပ်လေးတစ်ရံကလည်း မိန်းကလေးတစ်ယောက် ရှိကိုရှိသင့်တဲ့ပစ္စည်းတစ်ခုပါ။ ထသွားထလာ အလွယ်တကူအဆင်ပြေစေပြီး ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိနေစေမှာပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment