အကောင်းဆုံးဇာတ်ကားတွေ ဖော်ပြပေးရမယ်ဆိုရင်…










အခုနောက်ပိုင်း ဘောလိဝုဒ်ဇာတ်ကားတွေက မြန်မာပရိသတ်တွေအကြိုက်ဖြစ်လာပြီး အဲဒီထဲမှာ အားကစားလောကကိုအခြေခံတဲ့ဇာတ်ကားတွေလည်း အောင်မြင်လာပါတယ်။ အားကစားကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားတွေအနက် အကောင်းဆုံးဇာတ်ကားတွေ ဖော်ပြပေးရမယ်ဆိုရင်…

(၁) M.S Dhoni: The Untold Story
ဒီနှစ်အတွင်း အကောင်းဆုံးဇာတ်ကားပါ။ နာမည်ကြီးခရစ်ကတ်သမား ဒိုနီရဲ့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ဒီဇာတ်ကားဟာ အိန္ဒိယနိုင်ငံရဲ့ဝင်ငွေအများဆုံးရ ခရစ်ကတ်သမားတစ်ဦးဖြစ်လာဖို့ ဒိုနီဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်း ရိုက်ကူးထားတာပါ။ မဖြစ်မနေကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းပါ။

(၂) Sultan
၂၀၁၆ အတွင်း အမြတ်အများဆုံးရဇာတ်ကားဖြစ်ပြီး ''သေမြေကြီး၊ ရှင်ရွှေထီး''ဆိုတာကို Message ပေးထားပါတယ်။ ဆယ်မန်က သာမန်ရွာသားတစ်ဦးကနေ အကြီးကျယ်ဆုံးသောလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်လာပြီး ကျရှုံးမှုကနေပြန်လည်အောင်မြင်လာပုံကို အသားပေးရိုက်ကူးထားပါတယ်။

(၃) Marry Kom
နောက်ထပ်အတထုတ္ထုပ္ပတိဇာတ်ကားကောင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ (၅)ကြိမ်ရရှိခဲ့တဲ့လက်ဝှေ့မယ် မယ်ရီကွန်းရဲ့နေရာမှာ နာမည်ကြီးမင်းသမီးချော်ပရာက ပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ လက်ဝှေ့သမားတစ်ယောက်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်း အားကျအတုယူဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားပါတယ်။ 

၎။ Bhaag Mikha Baag
ဒါရိုက်တာ ပရာကတ်ရှ်မီရာရဲ့ နောက်ထပ်တတိယမြောက် အတ္ထုပ္ပတိကားဖြစ်ပြီး မင်းသားဖာဟန်က သာမန်အရပ်သားတစ်ဦးကနေ ကမ္ဘာ့အကောင်းဆုံးအပြေးသမားတစ်ဦးဖြစ်လာပုံကို အဓိကထားရိုက်ကူးထားပါတယ်။ 

၅။ Hawa Hawai
စကိတ်ချစ်သူတွေအတွက် တွန်းအားပေးနိုင်တဲ့ကားဖြစ်ပြီး ရှာကစ်က ဆင်းရဲသား လက်ဘက်ရည်အဖျော်သမားတစ်ဦးကနေ စကိတ်စီးချန်ပီယံဖြစ်လာပုံကို အသားပေးရိုက်ကူးထားပါတယ်။ 

၆။ Chak De! India
ရှာရွတ်ခန်းက အိန္ဒိယဟော်ကီအသင်းနည်းပြအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ဆင်းပုံ ဘယ်တော့မှအရှုံးမပေးတတ်ပုံကို အသားပေးထားပါတယ်။ 

၇။ Pakiala House
ခရစ်ကတ်အားကစားနည်းရဲ့ အနှစ်ချုပ်နဲ့ ထာဝရချစ်မြတ်နိုးမှုတွေကို မြင်တွေ့ရမယ့်ဇာတ်ကားပါ။

Share on Google Plus

0 comments:

Post a Comment