သူ့ဆီကလိုအပ်တာလေးတွေ…








ဘ၀အတွက် အရေးကြီးတဲ့ လက်တွဲဖော်ရှာဖွေတဲ့အခါ ဘယ်လိုရှာဖွေကြသလဲ။ ဘာတွေလိုချင်တယ်၊ ဘယ်လိုဖြစ်စေချင်တယ်ဆိုတာ ချမရေးဖြစ်ပေမဲ့ လူတိုင်းမှာတူညီတဲ့အခြေခံလိုအပ်ချက်လေးတွေ တော့ရှိကြမှာပါ။ လူတိုင်းကတော့ ကိုယ့်အမြင်နဲ့ကိုယ်ပေါ့။ အခု ဘ၀လက်တွဲဖော်ကို ရွေးတဲ့အခါ ရှိ သင့်တဲ့အရည်အချင်းလေးတွေ ပိုရှင်းလင်းသွားအောင် ဖော်ပြပေးပါမယ်။

သစ္စာရှိမယ်
လူတစ်ယောက် ကိုယ့်အပေါ် သစ္စာရှိမယ်၊ မရှိဘူး ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူ့အတိတ်က သစ္စာရှိခဲ့သလား၊ သစ္စာမဲ့ခဲ့သလားဆိုတာကတော့ ကိုယ့်အတွက် စဉ်းစားစရာတစ်ခုဖြစ်သွားပါလိမ့် မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတယ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူက ပင်ကိုယ်အတိုင်းနေတတ်ပြီး ကိုယ်ချမှတ်တဲ့စည်းမျဉ်းတွေ အတိုင်း ကျင့်ကြံနေထိုင်သူတစ်ယောက်ပါ။ ဒီလိုပဲ ကိုယ့်ဘေးမှာလည်း ယုံကြည်ချက်ရှိရှိရပ်တည် နေချင်ပါလိမ့်မယ်။

သူကလူကြီးလူကောင်းတစ်ယောက်

လူကြီးလူကောင်းတစ်ယောက်ဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ… ။ ကိုယ့်အတွက်နေရာ ပေးမယ်။ ကိုယ့်ကိုယ် ဦးစားပေးမယ်။ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်တန်ဖိုးထားမယ် စတဲ့ အပြုအမူတွေနဲ့ခွဲခြားနိုင်ပါတယ်။

အပြောင်းအလဲမရှိ
သူကပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ ဘယ်လိုအခြေအနေပဲဖြစ်စေ ကိုယ့်အနားကမခွဲမခွာ အတူရှိနေပါလိမ့်မယ်။ ကိုယ့်ကိုယ်အမြဲတမ်း ခွန်အားတွေပေးနေပါလိမ့်မယ်။

ရင့်ကျက်သူ
နောက်ထပ်အရည်အချင်းတစ်ခုကတော့ ရင့်ကျက်သူပါ။ သူလုပ်ခဲ့တဲ့အမှားအတွက် တာဝန်ယူနိုင် သူကိုဆိုလိုတာပါ။ အသက်ကြီးတိုင်း ရင့်ကျက်တာမဟုတ်ပါဘူး။

အမြဲတမ်းရိုးသားမှုရှိ
ကိုယ့်အတွက် ကိုယ့်ကိုယ်တန်ဖိုးထားသူတစ်ယောက်က ကိုယ့်အပေါ်အမြဲတမ်းရိုးသားပါလိမ့်မယ်။ ကိုယ်ရင်ခုန်စေဖို့ ပုံပြင်တွေဖန်တီးသလို ကိုယ့်ကိုယ်မလိမ်မညာသူဖြစ်ပါလိမ့်မယ်။

ဟာသဉာဏ်ရွှင်
အပေါ်ကပြောသလို အရည်အချင်းတွေက လူတစ်ယောက်အတွက် လိုအပ်လှတယ်ဆိုပေမဲ့ တစ်ခါ တစ်ရံ ကိုယ့်ကိုယ်ရယ်မောပျော်ရွှင်စေဖို့လည်း လိုပါလိမ့်မယ်။ ဆက်ဆံရေးတစ်ခုက အမြဲတမ်း တည်ငြိမ်နေတာမကောင်းပါဘူး။ ရယ်မောပျော်ရွှင်စေဖို့လည်း လိုပါသေးတယ်။

ချစ်ခင်ကြင်နာဂရုစိုက်သူ
ဘယ်သူမဆို ချစ်သူရဲ့ဦးစားပေးမှုခံချင်ကြမှာပါ။ အမြဲတမ်းတော့လည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ်မပျော်ရွှင်နေချိန်မှာ သူ့ပျော်ရွှင်မှုကိုဘေးချပြီး ချစ်ခင်ကြင်နာဖို့တော့ လိုပါလိမ့်မယ်။

အကောင်းမြင်တတ်သူ

ဘယ်သူမှတော့ ကိုယ့်ကိုယ် စိတ်ဓာတ်ကျအားငယ်စေသူကို မလိုချင်ကြပါဘူး။ အဲဒါကြောင့် ကိုယ့် ချစ်သူက ကိုယ်နဲ့အမြင်မတူရင်တောင် အကောင်းမြင်တတ်သူဖြစ်ဖို့တော့လိုပါတယ်။

Whitey


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment