ဆက်ဆံရေးတစ်ခုကို
အဆုံးသတ်ဖို့ဆိုတာ ဘယ်တော့မှမလွယ်ကူပါဘူး။ ဒါကနှစ်ယောက်စလုံးကို နာကျင်ရစေပြီး ကိုယ့်ကိုယ်ကိုယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်မှချခဲ့ရဲ့လားလို့ပြန်ပြီး
တွေဝေရစေပါတယ်။ တစ်ခါ တစ်ရံမှာ စိတ်ထဲကနေဖြတ်လိုက်ပေမဲ့ ဦးနှောက်ထဲက 'ပြန်ဆက်ရင်လာဖြစ်မလဲ'ဆိုပြီး
ကိုယ့်ကိုယ် ကိုယ်ပြန် မေးနေမိပါတယ်။ ပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ပြန်တွဲဖို့ဆိုတာ
လွယ်လွယ်ကူကူဆုံးဖြတ်လို့ရတဲ့အရာ မဟုတ် ပါဘူး။ အဲဒီတော့ ရည်းစားဟောင်းနဲ့ ပြန်တွဲသင့်သလား၊
မတွဲသင့်ဘူးလား… ။
အချိန်ကုန်ဆုံးခဲ့ပြီ
အချိန်က
နာကျင်မှုဒဏ်ရာအားလုံးကို ကုသပေးနိုင်ပါသလား။ အကုန်လုံးတော့မဟုတ်ပေမဲ့ တစ်စိတ် တစ်ပိုင်းတော့
ကုသပေးပါတယ်။ ဒါမှမဟုတ် နှစ်ယောက် သားအဝေးမှာနေပြီး ကိုယ့်ရဲ့စိတ် တွေကိုပြန်သုံးသပ်ဖို့အချိန်လိုတာ
လည်းဖြစ်နိုင်ပါတယ်။
စိတ်ပျက်စရာကောင်းတယ်
ရည်းစားဟောင်းနဲ့ပြတ်သွားချိန်မှာတော့
ဘယ်သူမှစိတ်ပျက်စရာကောင်းတဲ့ ခံစားချက်လိုချင်ခဲ့မှာ မဟုတ်ပါဘူး။ အဆုံးသတ်သွားချိန်မှာ
နှစ်ယောက်စလုံးအတွက် မလွယ်ကူလှပါဘူး။ ဒီခံစားချက်ကိုမှ မကျော် လွှားနိုင်ရင် သူ့ကိုပြန်ဆက်ရုံပေါ့။
ပြဿနာက သေချင်စရာကောင်းနေသလား
တစ်ခါတစ်လေ
ဆက်ဆံရေးပြဿနာက ပြင်ဆင်ရခက်ခဲပါတယ်။
အဲဒီတော့ ကိုယ့်ပြဿနာတွေ၊
သူ့ပြဿနာတွေက သေချင်စရာကောင်းလောက်အောင်ကြီးကျယ်နေပါသလား။
ပြန်မေးကြည့်ပါ။ ဒီလိုမှ မဟုတ်ရင် နှစ်ယောက်စလုံးပြေလည်နိုင်တာပေါ့။
ညှိနှိုင်းဖို့ဆန္ဒရှိတယ်
သူနဲ့အတူရှိနေချိန်မှာတော့
ကိုယ်မကြိုက်တဲ့သူ့အပြုအမူတွေကို ညှိနှိုင်းဖို့ခက်ခဲနေတာပေါ့။ အခု အခြေအနေကမတူတော့ဘူးလေ။
သူမရှိတဲ့အချိန်ဆိုတော့ ကိုယ်မကြိုက်တဲ့အပြုအမူတွေကို ညှိနှိုင်းဖို့ ဆန္ဒ ရှိသလား ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။
တစ်ထပ်တည်းပြန်လိုချင်တယ်
ငယ်ရွယ်စဉ်အချိန်မှာတော့
မာနတွေကိုယ်စီနဲ့ ကိုယ်ကြိုက်တဲ့ လမ်းလျှောက်ဖို့အတွက် ကျောခိုင်း စွန့်ခွာခဲ့ကြတယ်။
တစ်ဖြည်းဖြည်း အသက်အရွယ်ရလာချိန်မှာတော့ သူမှသူ၊ သူ့ကိုပြန်လိုချင်တယ်ဆိုတဲ့ ခံစားချက်ပါ။
မိသားစုကဘာပြောလဲ
မိသားစုက
ကိုယ့်အကြောင်း ကိုယ့်ထက်ပိုပြီးသိနိုင်ပါသလား။ ဖြစ်နိုင်ပါတယ်။ ပြဿနာပြင်ပက လူတွေဖြစ်တဲ့အတွက် အမှန်တရားကို
ကိုယ့်ထက်ပိုပြီးမြင်နိုင်ပါတယ်။
ကိုယ်ထင်တဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်
အဆုံးသတ်သွားချိန်မှာ
ကိုယ်ထင်တာက လွတ်လပ်သွားပြီပေါ့။ လူသစ်၊ စိတ်သစ်နဲ့ အရာရာပြန် အစပြုနိုင်ပြီ ပေါ့။
တကယ်တော့ တစ်ခါတစ်ရံ လူကလွတ်လပ်သွားတယ်ထင်ရပေမဲ့ စိတ်ကသူ့ဆီ ပါသွားတတ်ပါတယ်။
ကိုယ်တို့နှစ်ယောက်လိုက်ဖက်ခဲ့တယ်
သူငယ်ချင်းတွေကပြောခဲ့ဖူးတယ်…
“ကိုယ်တို့အတွဲက ချစ်စရာအကောင်းဆုံး”တဲ့။
ဒုတိယအခွင့်အရေးကိုယုံကြည်တယ်
ကိုယ်မှားခဲ့တာလည်းဖြစ်နိုင်တယ်။ သူမှားခဲ့တာလည်းဖြစ်လိမ့်မယ်။
ဒါပေမဲ့ ဒုတိယအကြိမ် အခွင့်အရေးပေးဖို့မထိုက်တန်ဘူးလား။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment