Call Tool box Pro



စမတ်ဖုန်းတွေမှာ ပုံမှန်ဖုန်းခေါ်ဆိုနိုင်တဲ့ လုပ်ဆောင်ချက်ဟာ နောက်ပိုင်းမှာ တဖြည်းဖြည်းပိုမိုကျယ်ပြန့် လာခဲ့ပါတယ်။ အထူးသဖြင့် Android OS version မြင့်တဲ့ အမြင့်ပိုင်းစမတ်ဖုန်းတွေမှာဆိုရင် ဖုန်းခေါ်ဆိုမှု၊ လက်ခံပြောဆိုမှုကို ဖုန်းပေါ်ကဘာခလုတ်မှ နှိပ်စရာမလိုဘဲ ဖြေဆိုနိုင်မယ့် Smart Call ဆိုတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတတ်ကြပါတယ်။ ဥပမာ ဖုန်းလာတာနဲ့ နားနားကပ်လိုက်တာနဲ့ ပြောဆို နိုင်သလို နားနားကခွာလိုက်တာနဲ့ ဖုန်းချချင်တာမျိုး၊ အဝင်ဖုန်း မကိုင်ချင်တဲ့အခါ မျက်နှာပြင်ကို မှောက်လိုက်တာမျိုး၊ ဒါမှမဟုတ် ဖုန်းကိုလှုပ်ခါလိုက်တာနဲ့ ဖုန်းလက်ခံတာမျိုး၊ ဖုန်းချလိုက်တာမျိုး အစရှိတဲ့ အလိုလျောက်လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့အခါ စမတ်ဖုန်းအသုံးပြုရတာ အလွန်လွယ်လာပြီး အဆင်ပြေလာခဲ့ကြပါတယ်။

 ဒါ့အပြင် ဖုန်းခေါ်ဆိုတဲ့အသံအဝင်အထွက်ကို မှတ်သား သိမ်းဆည်းထားနိုင်တဲ့ လုပ်ဆောင်ချက်မျိုး၊ အရေးကြီးဖုန်းခေါ်ဆိုမှုတွေကို အချိန်နဲ့တပြေးညီ သတိပေးနိုင် တာမျိုး၊ မလိုလားအပ်တဲ့ ခေါ်ဆိုမှုတွေကို တားမြစ်နိုင်တာမျိုး ပြုလုပ်ချင်တဲ့အခါ သီးသန့်မူလ Android OS မှာ မပါဝင်တော့တဲ့အတွက် သီးသန့် Apps တွေထည့်သွင်းကာ အသုံးပြုခဲ့ကြပါတယ်။ အခုအခါမှာတော့ ဒီလိုလုပ်ဆောင်ချက်တွေအားလုံးကို စမတ်ဖုန်းအမြင့်ဖြစ်စရာမလို၊ Andriod Os version နောက်ဆုံးဖြစ်စရာမလိုအပ်ဘဲ Apps တစ်ခုထဲထည့်သွင်းထားရုံနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Call Toolbox လို့ခေါ်တဲ့ Apps လေးဟာ ကိုယ့်ရဲ့ဖုန်းမှာ Proximity sensor ပါဝင်ရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးဝင်လှတဲ့ Smart Call, Reminder, Call Recorder, Call Blocker, Auto Answer, Schedule အစရှိတဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးအသုံးပြုနိုင်မယ့်အပြင် Importmant Call လို့ခေါ်တဲ့ အရေးကြီးဖုန်းတွေဆိုရင် ထပ်ပြီးခွဲခြားထားနိုင်မယ့် လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ပထမဆုံး Call Toolbox ကို ပေးထားတဲ့ Link ကနေ Pro Version ကိုရယူပါ။ ဒါမှမဟုတ်ရင်လည်း Play Store မှာ Call Toolbox လို့ရိုက်ထည့်ပြီး ရှာဖွေကာထည့်သွင်းပါ။ ပထမဆုံး Call Toolbox ကိုဖွင့်လိုက်ရင် သူ့မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုချင်းစီမြင်တွေ့ရမှာဖြစ်ပါတယ်။ အပေါ်ဆုံးမှာရှိတဲ့ Call Toolbox ဆိုတဲ့စာသားနဲ့ တည့်တည့်မှာတော့ လုပ်ဆောင်ချက်တွေအားလုံးအတွက် အဖွင့်အပိတ် ပြုလုပ် နိုင်မယ့် power button သဖွယ် ခလုတ်လေး တည်ရှိပါတယ်။ စတင်အသုံးပြုဖို့အတွက် အဲဒီ button လေးကို နှိပ်လိုက်ပါ။ အဲဒီလိုနှိပ်လိုက်ရင် Call Toolbox is enable ဆိုတဲ့ စာတမ်းလေးပေါ်လာပြီး အောက်မှာရှိတဲ့ လုပ်ဆောင်ချက်တွေတစ်ခုချင်းစီကို အဖွင့်အပိတ်လုပ်ပြီး စိတ်ကြိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံးတွေ့ရတဲ့ Smart Call ဆိုတဲ့ Menu လေးပေါ်ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် သူ့ထဲမှာ ဖုန်းလာတဲ့အခါ ဖုန်းချလိုတဲ့အခါ ဘယ်လိုပုံစံနဲ့ အလိုလျောက်အသုံးပြုနိုင်မယ်ဆိုတဲ့ လုပ်ဆောင်ချက် အသေးစိတ်ကို ဝင်ရောက်ချိန်ညှိရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Back နဲ့ပြန်ထွက်ပြီး Smart Call ရဲ့ညာ ဘက်ထောင့်စွန်းနားက On/Off Button လေးကိုနှိပ်ပြီး On ထားပါ။ ဒါဆိုရင် ကိုယ့်ရဲ့စမတ်ဖုန်းဟာ အရင်တုန်းကနဲ့မတူတော့ဘဲ Smart Call Function ကိုအသုံးပြုဖို့ အဆင်သ့င်ဖြစ်နေမှာဖြစ်ပါတယ်။ Smart Call နည်းတူ အောက်ဘက်မှာရှိတဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးကိုလည်း အလားတူတစ်ခုချင်းစီ ၀င်ရောက်ပြင်ဆင် အဖွင့်/ အပိတ် ပြုလုပ်ကာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Menu ရဲ့အောက်ဘက်နားကို ဆက်သွားရင်တော့ တခြားအသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Call Blocking ဆိုတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ မလိုလားအပ်တဲ့ ခေါ်ဆိုမှုတွေ၊ SMS တွေရဲ့ နှောင့်ယှက်မှုကနေ ကင်းဝေးဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းနံပါတ်တစ်ခုချင်းစီအလိုက် အချိန် အခါအလိုက် Block ထားနိုင်သလို ဘယ်လိုနည်းလမ်းတွေနဲ့ Block ထားမလဲဆိုတဲ့ Block Method တစ်မျိုးစီလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။


Important Call မှာတော့ ကိုယ့်ရဲ့ဖုန်းကို အရေးကြီးတဲ့သူတွေပဲ ရွေးချယ်ခေါ်ဆိုနိုင်စေဖို့ ကန့်သတ် ထားနိုင်မှာဖြစ်ပြီး ဘယ်လိုအချိန်မျိုးမှာ၊ ဘယ်လိုပုံစံမျိုးနဲ့ ခေါ်ဆိုနိုင်မယ်ဆိုတာကို ရွေးချယ်ထည့်သွင်း ရမှာဖြစ်ပါတယ်။ တကယ်လို့ Urgent Mode လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကို ဖွင့်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းကို တစ်စုံတစ်ယောက်က Silent လုပ်ထားသည့်တိုင် ၂ မိနစ်အတွင်းမှာ ၂ ကြိမ်ခေါ်လိုက်တာနဲ့ နောက်ထပ် ၂ နာရီအကြာမှာ ထပ်ခေါ်မယ့် တတိယမြောက် Call ဟာ Slient Mode ထဲကထွက်ပြီး အသံမြည်လာမှာဖြစ်ပါတယ်။

မင်းသုနောင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment