ဇိမ်ခံကား ဘယ်လိုဝယ်မလဲ








ဈေးကြီးတဲ့ကားတွေကို ၀ယ်ယူခြင်းက သင့်ရဲ့ပိုက်ဆံအိပ်အတွင်းက ပိုက်ဆံတွေကို သိသိ သာသာ လျော့နည်းသွားစေမှာပါ။ ဒါကြောင့် သာမန်ကားတစ်စီးထက်စာရင် အကုန်အကျများမယ့် တန်ဖိုးကြီးကား တစ်စီးဝယ်ယူတော့မယ်ဆိုရင် ကိုယ့်အနေနဲ့သေချာစိစစ်ဝယ်ယူဖို့ သင့်ပါတယ်။ အထူး သဖြင့် ဇိမ်ကျကျစီးနင်းဖို့ ရည်ရွယ်ဝယ်ယူမယ့် ဇိမ်ခံကားဖြစ်နေရင် ပိုပြီးတော့တောင် သတိထားရဦးမှာပါ။ ဇိမ်ခံကားအမျိုးအစားကောင်းထဲဖြစ်မယ်။ တန်ဖိုးကြီးတာမှလည်း ကိုယ်ကရွေးချယ် ချင်တယ်ဆိုရင်တော့ သေချာပေါက်ဂရုတစိုက် ရွေးချယ် ရပါတော့မယ်။ ဒါမှလည်း ရွေးချယ်ဝယ် ယူပြီးချိန် မှာ ဒီကားနဲ့ပတ်သက်လို့ အချိန်တိုင်းစိတ်ကျေနပ်မှုအပြည့်အ၀ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီတော့ တန်ဖိုးကြီး ဇိမ်ခံကားတစ်စီး ၀ယ်ယူတော့မယ်ဆိုရင် ဆုံးဖြတ်ချက်မမှားယွင်းရအောင် ဘယ်လိုဂရုစိုက် ၀ယ်ယူ သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက်အကြံပြုပါရစေ။

ရင်းနှီးမှုရှိပါစေ
မဖြစ်မနေပြုလုပ်သင့်တဲ့အရာ တစ်ခုဖြစ်ပေမယ့် လူတိုင်းလွယ်လင့်တကူ ကျော်ဖြတ်သွား တတ်ကြ တဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။ ဇိမ်ခံကားတစ်စီးဝယ်ယူဖို့ ဆုံးဖြတ်ထားသူတစ်ဦးအနေနဲ့ မ၀ယ်ယူခင် ကတည်းက ကိုယ်ကဘယ်လိုဇိမ်ခံကားမျိုးကို ကြိုက်နှစ်သက်တာလည်းဆိုတာ သေချာသိနေဖို့လိုပါတယ်။ ဒါ့အပြင် ဇိမ်ခံကားအမျိုးအစားတွေ အများကြီးထဲကမှ ဘယ်အမျိုးအစားက ကိုယ်နဲ့သင့်တော်မယ်။ ဘယ် ကုမ္ပဏီထုတ် ဇိမ်ခံကားတွေကတော့ ဘယ်လိုအားနည်းချက်၊ အားသာချက်တွေရှိတယ်ဆိုတာကစ စိတ်ဝင် တစားနဲ့ လေ့လားထားသင့်တာပါ။ အထူးသဖြင့် ကိုယ်မျက်စိကျမိတဲ့ ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာ အတော်များများကို သေချာဂဏဃနသိထားဖို့ ပြင်ဆင်ထားသင့်တာပါ။ ဒါမှ တခြားတန်ဖိုးတူ အမျိုး အစားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကိုယ့်ကားက ဘယ်လိုအားသာချက်တွေရှိမလဲ သိနိုင်မှာဖြစ်သလို မကောင်းတဲ့အချက်တွေ ရှိနေရင်လည်း တင်ကြိုရှောင်ရှားနိုင်မှာကြောင့် ဖြစ်ပါတယ်။ ဒီလိုအချက် အလက်တွေကို သေချာမသိသေးဘဲ နဲ့တော့ ကိုယ်မျက်စိကျမိတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ကားတစ်စီးကို မျက်စိစုံမှိတ်ဝယ်ယူဖို့မသင့်ကြောင်း အကြံပြုချင်ပါတယ်။ 

လက်လှမ်းမီတဲ့ ဈေးကွက်အတွင်းမှာ အရင်ရှာ
နောက်တစ်ချက်ကတော့ ကိုယ်ဝယ်ယူချင်တဲ့ ဇိမ်ခံကားအမျိုးအစားကို ကိုယ့်နိုင်ငံတွင်းမှာ အသစ်အတိုင်း ၀ယ်ယူရရှိနိုင်မလားဆိုတာကို လေ့လာသင့်တာပါ။ ဘာကြောင့် ဒီအချက်ကိုထည့်ပြောရတယ်ဆိုတာ အားလုံး လည်းသိကြမှာပါ။ ကိုယ့်နိုင်ငံတွင်းမှာ အသစ်အတိုင်းဝယ်ယူနိုင်မယ်ဆိုရင် နိုင်ငံခြားက မှာယူ တင်သွင်းရတာ ထက် ပိုပြီးလွယ်ကူစေမှာဖြစ်သလို ကုန်ကျစရိတ်လည်း လျော့ချနိုင်မှာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း ကားကြော်ငြာတွေထဲမှာ ကိုယ်လိုချင်တဲ့အမျိုးအစားပါဝင်နေလား စနည်းနာသင့်ပါ တယ်။ ဒါ့အပြင် ကားနဲ့ပတ် သက်တဲ့အကြောင်းအရာတွေကို စဉ်ဆက်မပြတ်သတင်းမျှဝေနေတဲ့ အင်တာ နက်စာမျက်နှာတွေ၊ သတင်းစာနဲ့ ဂျာနယ်တွေရဲ့ အသုံးဝင်ပုံကိုလည်း မေ့မထားသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ကားရောင်းချသူအတော်များ များက သူတို့ရဲ့ကားကြော်ငြာတွေကို ဒေသတွင်းစာနယ်ဇင်းတွေ၊ မီဒီယာတွေကဆင့် ကြော်ငြာတတ်ကြ တာကြောင့်ပဲဖြစ်ပါတယ်။ ဒီနေ့လို အင်တာနက်ရဲ့အရေးပါမှု သိသိ သာသာရှေ့တန်းရောက်လာချိန်မှာ အွန်လိုင်းကားအရောင်းအ၀ယ် စာမျက်နှာတွေကတစ်ဆင့် ကိုယ်စိတ် ၀င်စားတဲ့ကားရဲ့အကြောင်းကို တတ်သိ နားလည်သူတွေနဲ့ ဆွေးနိုင်သလိုရောင်းသူနဲ့ တိုက်ရိုက် စကားပြောဆိုခွင့်လည်း ရှိပါတယ်။ ဒီအချက်တွေကို ငွေပမာဏများများနဲ့ ဇိမ်ခံကားဝယ်ယူဖို့ ပြင်ဆင်နေ သူတွေအနေနဲ့ မမှားသင့်တဲ့အမှားတွေ မမှားရအောင်  မဖြစ်မနေကြိုတင်ပြုလုပ်ထားသင့်တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။ 

စမ်းသပ်မောင်းနှင်ကြည့်ပါ
ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ ကားကကိုယ့်အကြိုက်နဲ့လည်း လုံးဝကိုက်ညီနေပြီ၊ ဈေးနှုန်းကလည်း လက် လှမ်းမီတဲ့ အခြေအနေမျိုးရောက်နေပြီဆိုရင်တော့ ဒီကားကို ကိုယ်တိုင်သွားရောက် စစ်ဆေးရတော့မှာပါ။ ဒီနေရာမှာ မဖြစ်မနေပြုလုပ်ရမှာကတော့ ကားကိုကိုယ်တိုင် စမ်းသတ်မောင်းနှင် ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ တချို့ကားတွေက အပြင်ပန်းအရ စင်းလုံးချောဖြစ်နေလောက်အောင် ပြင်ဆင် ထားပေမယ့် အင်ဂျင်ပိုင်းမှာ ချွတ်ယွင်းချက်တွေတစ်ခုမက ရှိနေတတ်ပါတယ်။ ဒီလိုအချက်တွေက ကိုယ်တိုင်မောင်းနှင်စစ်ဆေးကြည့်မှသိ နိုင်မှာမို့ ရောင်းသူနဲ့ဝယ်သူ တေ့တေ့ဆိုင်ဆိုင်စကားပြော ဆိုဖြစ်ကြ တဲ့အခါ စမ်းသတ်မောင်းနှင်ကြည့်ဖို့ကို မေ့ မနေသင့်တာပါ။ တကယ်လို့ ကိုယ်ကိုယ်နှိုက်က ကား အကြောင်း သိပ်နားမလည်ဘူးဆိုရင်တော့ ကိုယ်နဲ့ ရင်းနှီးသူတွေထဲက အင်ဂျင်ပိုင်းဆိုင်ရာ တတ်သိ နားလည်သူတွေကို စမ်းသတ်မောင်းနှင်ကြည့်ဖို့ အကူအညီ  တောင်းသင့်ပါတယ်။
ဖြစ်နိုင်ရင်တော့ ကိုယ့်အနေနဲ့ တစ်ပါတည်းဘေးက ထိုင်လိုက်သွားတာ အကောင်းဆုံးပါ။ ဘာကြောင့် လဲဆိုရင် ကိုယ်ဝယ်ယူမှာက ဇိမ်ခံကားဖြစ်တာကြောင့် ကားမောင်းနှင်နေချိန်မှာ ထိုင်ခုံတွေက သင့်သောင့် သက်သာရှိရဲ့လား၊ ကားရဲ့ငြိမ့်ညောင်းမှုက ကိုယ်ဝယ်ယူဖို့ စိတ်ကူးယဉ်မျှော်လင့်ထားတဲ့ စံနှုန်းမျိုးနဲ့ကိုက်ညီရဲ့ လားဆိုတာတွေကို ကားပေါ်မှာလိုက်ပါစီးနင်းကြည့်မှ သိရှိနိုင်မှာကြောင့်ဖြစ်ပါတယ်။ ဒီလိုစီးနင်းနေချိန်မှာ ကိုယ် က အလုံးစံမသိရင်တောင် ဒီကားရဲ့ကောင်းကွက်၊ ဆိုးကွက်တွေကို  ကားမောင်းသူနဲ့ တစ်လက်စတည်း ဆွေးနွေးညှိနှိုင်းနိုင်မှာပါ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment