ကားမောင်းတယ်ဆိုတာ
တကယ်တော့ အနုပညာတစ်ရပ်ပဲ ဖြစ်ပါတယ်။ လူတိုင်းကားမောင်း လို့ဖြစ် ပေမယ့် အန္တရာယ်ကင်းပြီး
လုံခြုံစိတ်ချမှုအပြည့်နဲ့ မောင်းနှင်နိုင်ဖို့ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်း
ဆိုင်ရာအရပါ ကြံ့ခိုင်မှုတွေလိုအပ်လာပါပြီ။ လူအချို့အတွက် ဒီလိုအချက်တွေက လွယ်လင့်တကူရှိနေတတ် ကြပေမယ့် တချို့အတွက်ကတော့
အချိန်ယူလေ့ကျင့်ပြီးမှ ရလာတတ်ကြ တာဖြစ်ပါတယ်။ လေ့ကျင့်မှုတွေနဲ့ အတူ အများက ယုံကြည်စိတ်ချရလောက်အောင်
ပြီးပြည့်စုံတဲ့ ကားမောင်းသူတစ်ယောက်ဖြစ်လာအောင် ဘာတွေ လုပ်ဖို့လိုအပ်တယ်ဆိုတာ အကြံပြုပါရစေ။
စာအုပ်ထဲက လေ့လာပါ
ပထမဆုံးလုပ်ဖို့ လိုအပ်တဲ့အရာဖြစ်ပါတယ်။
ကားနဲ့အတူ ပါဝင်လာတဲ့စာအုပ်ကို ကားပေါ် မတက်ခင် အရင်ဦးဆုံးဖတ်ကြည့်ဖြစ်ဖို့ လိုအပ်ပါတယ်။
ဒီစာအုပ်ဟာ အခြေခံအကျဆုံးနဲ့ ကိုယ့်နဲ့ပတ်သက် ရမယ့် ကားအကြောင်း၊ လမ်းစည်းကမ်းတွေအကြောင်း
ဖော်ပြထားတဲ့ စာအုပ်မျိုးဖြစ်ပေမယ့် လူအတော် များများက မဖတ်ဘဲ ပစ်ထားတတ်ကြတာပါ။ ဒါကြောင့်
အခြေခံဂရုပြုရမယ့်အရာတွေကို သတိမထားမိဘဲ မမှားသင့်တဲ့ အမှားတွေ ကျူးလွန်မိတတ်ကြတာပဲ
ဖြစ်ပါတယ်။ ကားဝယ်စဉ်မှာအတူပါလာမယ့် ဒီစာ အုပ်တွေက
ယာဉ်မောင်းဖြစ်သူကို အကောင်းဆုံးလမ်းညွှန်မှုတွေ ပြုလုပ်ပေးနိုင်သလို တစ်ခါတစ်ရံ ကိုယ်မေ့ကောင်း
မေ့သွားနိုင်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုပါ
ပြန်အမှတ်မိလာအောင် ကူညီပေးနိုင်စွမ်းရှိနေ တာပါ။
အာရုံကြောတွေကို အနားပေးပါ
ကားမောင်းသူတစ်ယောက်အနေနဲ့ အာရုံကြောတွေအားနည်းနေမယ်ဆိုရင်
အန္တတရာယ်များတဲ့ အခြေ အနေမျိုးတွေဆီ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းနှင်နေချိန်မှာ
အာရုံကြောတွေ အင်ပြည့် အားပြည့်နဲ့ ရှိနေစေဖို့ဂရုစိုက်ရပါမယ်။ နောက်တစ်ခုကတော့ ကားမောင်းနှင်နေစဉ်မှာ
အလွန် အမင်း တွေး တောခြင်းကို ရှောင်ကျဉ်ဖို့ပါပဲ။ အတွေးတစ်ခုခုထဲမှာနစ်မြောပြီး အတွေးနယ်ကျွံနေခြင်းက ယာဉ်နဲ့လမ်းပေါ်မှာ ဖြန့်ကျက်ထားရမယ့် အာရုံစိုက်မှုကိုလျော့နည်းသွားစေတာကြောင့်
အန္တရာယ်များ တဲ့အပြုအမူ တစ်ခုလို့သတ် မှတ်ထားရမှာ ဖြစ်ပါတယ်။ ပြီးတော့ အိပ်ရေးဝအောင်အိပ်ထားတဲ့
ကားမောင်းသူတစ်ဦးဟာ အိပ်ချင်မှုန်မွားနဲ့ မောင်းနှင်နေသူတစ်ဦးထက် ပိုသက်သောင့်သက်သာရှိနေပြီး
အမှားတွေမကျူးလွန်ဖို့ ကိုယ့်ကိုယ်ကို ထိန်းသိမ်း နိုင်မှာအသေအချာပါ။ ဒါ့အပြင် ကားမောင်းနှင်နေချိန် အတွင်း
ကိုယ့်အာရုံကြောတွေအနားရနေစေဖို့ စိတ်ကို တည်ငြိမ်အေးချမ်းသွားစေမယ့်
နူးညံ့တဲ့ ဂီတသံလေးတွေ နားဆင်ပေးနေဖို့လည်း လိုအပ်ပါတယ်။ ဒီအချက် ကလည်း အန္တရာယ်ကင်းအောင်
မောင်းနှင်နိုင်ဖို့ ကားမောင်းသူကို တက်ကြွနေစေမယ့်အရာတွေဖြစ်ပါတယ်။
အိပ်ဖို့တွန့်ဆုတ်မနေပါနဲ့
အဝေးပြေးလမ်းပေါ်မောင်းနှင်နေရတဲ့အခါ
အိပ်ချင်စိတ် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ခရီးဝေးမောင်း နှင်နေချိန်အတွင်း အိပ်ချင်စိတ်ဝင်ရောက်လာမှုက
ကားမောင်းသူကို အကြီးမားဆုံး အန္တရာယ်ဆီ ဦးတည်သွား စေနိုင်တဲ့ အချက်တစ်ချက်ပါ။ ဒီတော့
အကောင်းဆုံးလုပ်ရမယ့် အရာတစ်ခုက ခရီးဝေးမောင်းနှင်နေချိန် အတွင်း အိပ်ချင်စိတ်ဝင်လာရင်
လမ်းဘေးတစ်နေရာမှာကားရပ်ပြီး အိပ်စက် ပစ်လိုက်ဖို့ပါပဲ။ ဒီလိုမှ မလုပ်ချင် ဘူးဆိုရင်လည်း
ကားကိုအန္တရာယ်ကင်းမဲ့တစ်နေရာမှာ ခဏတာရပ်နားပြီး အညောင်းအညာပြေလမ်း လျှောက်တာ၊ လေညှင်းခံတာမျိုးတွေ
လုပ်ပေးသင့်ပါတယ်။ အိပ်ရေးဝသွားခြင်း က ကားမောင်းနှင်နေချိန်မှာ သက်သောင့်သက်သာ ဖြစ်နေစေမှာပါ။
မြင်ကွင်းရှင်းနေအောင်လုပ်ပါ
လေကာမှန်ပေါ်မှာ အားလုံးရှင်းလင်းနေအောင်
ဂရုစိုက်ထားဖို့ မေ့မနေသင့်ပါဘူး။ ဆိုလိုတာ ကတော့ ကားနောက်ကြည့်မှန်ပေါ်မှာ တိုးလိုးတွဲလောင်းရှိနေမယ့်အရာတွေကို
ဖြုတ်ထားခိုင်းတာပဲ ဖြစ်ပါ တယ်။ ၀င်ခွင့် ကဒ်ပြားတွေ၊ ပန်းတွေအပါအ၀င် လူအတော်များများ
အလွယ်တကူချိတ်ထားတတ်တဲ့ အရာ မျိုးတွေဟာ လေကာမှန်ပေါ်ကတစ်ဆင့် ကိုယ့်မြင်ကွင်းမရှင်းမလင်းဖြစ်အောင်
အနှောင့်အယှက်ပေးနိုင် တဲ့အရာတွေပါပဲ။ ဒါကြောင့် ဒီလိုအရာမျိုးတွေကို ဖြုတ်ထားဖို့လိုအပ်ပါတယ်။
ကားမောင်းနေစဉ် ယုံကြည်မှုရှိပါ
ကားမောင်းနှင်နေချိန်အတွင်း အန္တရာယ်ကင်းဖို့လိုအပ်တဲ့အချက်
တစ်ချက်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့မောင်းနှင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်
ဖြစ်ပွားခဲ့သမျှ ယာဉ်မတော်ဆမှုအတော် များများက ဆုံးဖြတ်ချက်ဘယ်လိုချရမလဲဆိုပြီး ချီတုံချတုံဖြစ်နေချိန်မှာ
ဖြစ်ပေါ်ခဲ့တာတွေချည်းပဲ ဖြစ်နေတာ ကြောင့်ပါ။ ဒါကြောင့် ယုံကြည်စိတ်ချထိုက်တဲ့ ကားမောင်းသူတစ်ယောက်ဖြစ်လာဖို့
ဆုံးဖြတ်ချက်ပြတ်ပြတ် သားသားနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်တဲ့ ကားမောင်းသူတစ်ဦးဖြစ်နေဖို့
လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်က လမ်းလေးခွဆုံလိုနေရာမျိုးကို ဖြတ်တော့မယ်ဆိုရင် ရဲရဲတင်းတင်းဖြတ်ဖို့
လိုအပ်သလို၊ မဖြစ်သေးဘူးဆိုရင် လည်း ကားတွေအားလုံးရှင်းသွားအောင် စောင့်နေသင့်တာပါ။
ရှေ့တိုးမလို ရပ်တော့မလိုအခြေအနေမျိုး လုပ်နေရင် အခြားကားမောင်းသူတစ်ဦးက ဘယ်လိုလုပ်ရမှန်းမသိဘဲ
မတော်တဆမှုတွေဖြစ်သွားနိုင်တာ ကြောင့်ပဲဖြစ်ပါတယ်။
အစွမ်းမပြချင်ပါနဲ့
နောက်တစ်ခုကတော့ လူထူလာပြီဆိုရင် ကိုယ်ကားမောင်း
ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ မပြ မိအောင် ထိန်းချုပ်ထားနိုင်ဖို့ပါ။ လူနေထူထပ်တဲ့လမ်းတွေပေါ်
ဖြတ်သန်းရတော့မယ့်အခါ ကိုယ့်ရဲ့ စကေးကို ကြွားလိုဇောနဲ့ လိုအပ်တဲ့အရှိန်ထက် ကျော်လွန်မောင်းနှင်မိတဲ့အခါ
ယာဉ်မတော်တဆမှု ဖြစ်တတ်တာကြောင့် ထူးချွန်ပြီးအန္တရာယ်ကင်းအောင် မောင်းနှင်နိုင်တဲ့ကားမောင်းသူတစ်ဦးဖြစ်ချင်ရင်
ဒီအချက်ကိုလည်း ရှောင်ထား ရမှာဖြစ်ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment