စိတ်ချရအောင် လော့ခ်ဘယ်လိုချမလဲ၊ ဘာကြောင့် လော့ခ်ချရတာလဲ









ကားတွေကို ပိုင်ရှင်တွေက လော့ခ်ချကြပါတယ်။ ဘာကြောင့် လော့ခ်ချရတာလဲဆိုရင်တော့ အား လုံးသိကြတဲ့အတိုင်း အထွေထွေ လုံခြုံရေးကြောင့်လို့ပဲ အကြမ်းဖျင်း အားဖြင့် ဖြေရမှာ ဖြစ်ပါတယ်။ ဒီနေ့ အသုံးပြုနေတဲ့ကားတွေမှာ လော့ခ်အမျိုးအစား(၂)မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ အော်တိုလော့ခ်နဲ့ မန်နျူရယ်လော့ခ်တွေပါ။ ကားတစ်စီးကို လော့ခ်ချလိုက်တယ်ဆိုတာ အလွယ်ကူဆုံးနည်းလမ်း တစ်ခုဖြစ်တယ် လို့ သတ်မှတ်နိုင်ပေမယ့် အရေးကြီးဆုံးမဖြစ်မနေ လုပ်ရမယ့်အလုပ်တစ်ခုဆိုရင် ငြင်းနိုင်တဲ့သူ ရှိမှာမဟုတ်ပါ ဘူး။ ဒါကြောင့် ကိုယ်ကကားနဲ့ဝေးရာကို ရောက်နေချိန်တွေမှာ ကားတစ်စီးကို လုံခြုံမှုအပြည့်နဲ့ရှိနေအောင် ဘယ်လို စနစ်တကျလော့ခ်ချသင့်တယ်ဆိုတာ အကြံပြုလိုက်ချင်ပါတယ်။
၁။ မန်နျူရယ်စာအုပ်ကို လေ့လာပါ
ဘာအလုပ်ပဲလုပ်လုပ် အရေးကြီးဆုံးကတော့ လမ်းညွှန်စာအုပ်ကို မဖြစ်မနေဖတ်ဖို့ပဲ ဖြစ်ပါတယ်။  စက်ပစ္စည်းတစ်ခုဝယ်ယူလိုက်ရင် ကိုယ့်အတွက် အကျိုးအရှိဆုံးနဲ့  မဖြစ်မနေလုပ်သင့်တဲ့အရာက လမ်း ညွှန်စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ဖို့ပါပဲ။ လော့ခ်လေးချဖို့အတွက်များ လမ်းညွှန်စာအုပ်ဖတ်ဖို့လိုလို့လား ဆိုပြီး အမေးရှိလာခဲ့ရင်တော့ ဟုတ်ကဲ့လိုပါတယ်လို့ပဲ ဖြေရပါလိမ့်မယ်။ ကားအားလုံးနီးပါးက လော့ခ်စနစ်ကို မန်နျူရယ်စနစ်နဲ့ အသုံးပြုလို့ရအောင် ဖန်တီးထားတတ်ကြတာပါ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ အော်တိုစနစ်တွေက ထိုးဖောက်ဝင်ရောက်လာတာ ကြောင့် ကိုယ့်ကားက ဘယ်လိုစနစ်မျိုးနဲ့ အဓိက ထားဖန်တီးထားတယ်ဆိုတာ သိအောင် စေ့ငုသင့်  ပါတယ်။ တကယ်လို့ ကိုယ်က မန်နျူရယ်စာအုပ်ကို မကြည့်ရှုဖြစ်ဘူးဆိုရင်တော့ ကားအတွင်းပိုင်းကို   တစ်ချက်လောက်ကြည့်ဖြစ်ဖို့ လိုအပ်မှာပါ။ ဘာကြောင့်လဲဆိုရင်တော့ အတွင်းပိုင်းမှာအော်တိုစနစ် နဲ့ လော့ခ်မျိုးရှိမနေရင် အပြင်ဘက်မှာပါ အော်တိုစနစ်မျိုး ရှိမနေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ အော်တိုလော့ခ်စနစ်လား မန်နျူရယ်လား ဆိုတာ နောက်ထပ်အလွယ်သိနိုင် တဲ့အချက်တစ်ချက်ကတော့ ကစားသော့ကို ကြည့်ရှုလိုက်ဖို့ပါပဲ။
၂။ မန်နျူရယ်နည်းနဲ့လော့ခ်ချပါ
ကိုယ်က ကားအတွင်းပိုင်းကို ရောက်နေချိန်တွေမှာဆိုရင်တော့ ကားကို မန်နျူရယ်နည်းနဲ့ လော့ခ် ချလိုက်နိုင်ပါတယ်။ မန်နျူရယ် လော့ခ်အများစုဟာ တံခါးဖရိန်အောက်ဘက်နားမှာ များသောအားဖြင့် တည်ရှိတတ်ကြတာပါ။  မန်နျူရယ်လော့ခ်တွေရဲ့အားသာချက်တွေကတော့ တံခါးတစ်ပေါက်ချင်းစီကို သီးခြားစီခွဲပြီး လော့ခ်ချ နိုင်တာဖြစ်ပြီး ရီမုတ်လွတ်နေတာတွေဘာတွေ မရှိတဲ့အတွက် သေချာမှုရှိတာပဲ ဖြစ်ပါတယ်။
၃။ အော်တိုလော့ခ်
အော်တိုလော့ခ်ကတော့ ကားမောင်းသူနံဘေးက တံခါး ပေါက်နားမှာ တပ်ဆင်ထားပါတယ်။ အော်တိုလော့ခ်တွေဟာ များသောအားဖြင့် အလုပ်လုပ်တဲ့ ပုံစံတွေကို ပုံနဲ့တကွဖော်ပြထားလေ့ရှိတာပါ။ အော်တိုလော့ခ်တွေကတော့ ကားမောင်းနှင်သူအတွက် အလွန်အသုံးဝင်ပြီး အချိန်ကုန်လူ ပင်ပန်းသက်သာစေပါတယ်။
၎။ ဘာကြောင့်လော့ခ် ချရတာလဲ
အလွယ်ကူဆုံးနဲ့ အမှန်ကန်ဆုံးအဖြေကတော့ သူခိုးရန်က ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ လော့ခ်ချထားလိုက်ရင် သူခိုးရန်က လုံးဝလွတ်ပြီလို့သတ်မှတ်လို့မရပေမယ့် အတိုင်းအတာတစ်ခုအထိ တော့ သူတို့လမ်းကြောင်းကို ဟန့်တားနိုင်လိုက်မှာ အသေအချာပါပဲ။   ကားတစ်စီးကို ခိုးယူသူအများစုက  အချိန်နဲ့လုပြီး အလုပ်လုပ်ရတာကြောင့် လော့ခ်ကိုသေချာချထား နိုင်ရင် သူတို့အတွက် ခိုးယူဖို့အရမ်း ခက်ခဲသွားတတ်ပါတယ်။ နောက်တစ်ချက်က သူခိုးအများစုအတွက် လော့ခ်စနစ်ကောင်းမွန် လွန်းတဲ့ကားတွေက ဆွဲဆောင်နိုင် မှုနည်းတာကြောင့် ကိုယ့်ကားကို လော့ခ်ကောင်းကောင်းတပ်ထားနိုင်လေ သူခိုးရန်က ဝေးအောင်ရှောင်နိုင်လေလို့ သတ်မှတ်နိုင်မှာ အသေအချာပါပဲ။ ဒီနေ့အခိုးခံရတဲ့ကားအများစုကို စစ်တမ်းကောက်ယူကြည့်ရာမှာ လော့ခ်ချထားဖို့ မေ့လျော့နေတဲ့ကားအများစု ဖြစ်နေကြတာ တွေ့ရမှာပါ။ လော့ခ်ချဖို့ ပျက်ကွက်တဲ့ကားအများစုဟာ မြို့ပြမှာသာမကဘဲ ဆင်ခြေဖုံးရပ်ကွက်တွေ၊ ကျေးလက်ဒေသလို နေရာမျိုးမှာပါ ပျောက်နေတာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် လော့ခ်ချထားတဲ့အပြင် ကိုယ့်ကားကို သူခိုး ခိုးယူမယ့်အန္တရာယ်က ကာကွယ်ချင်တယ်ဆိုရင်တော့ ပိုပြီးစိတ်ချရတဲ့လော့ခ် ချထားတာ ပိုကောင်းပါတယ်။

၅။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့
လော့ခ်ချရခြင်းရဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်ပဲ ဖြစ် ပါတယ်။ ကားမောင်းနှင်နေချိန်အတွင်း အသက်အန္တရာယ်ဖြစ်မဲ့ဘေးက ကာကွယ်နိုင်အောင် လော့ခ်ကို အသုံးပြုကြသလို ကားကြပ်တဲ့နေရာမျိုးတွေမှာ မျှော်လင့်မထားတဲ့ ပြင်ပအန္တရာယ်မျိုးတွေနဲ့ မကြုံရအောင် လည်း လော့ခ်ကို အသုံးပြုကြလေ့ ရှိကြတာပါ။ ယာဉ်ကြောပိတ်ဆို့လေ့ရှိတဲ့နေရာတွေမှာ တံခါးကို ရုတ်တရက်ဖွင့်ပြီး ငွေညှစ်တာ၊ လူကိုအန္တရာယ်ပြုတာ စတဲ့ဘေးတွေကကာကွယ်နိုင်ဖို့ လော့ခ်ကို ကားမောင်းနှင်နေချိန်တွေမှာလည်း အမြဲချထားသင့်ပါတယ်။ နောက်ထပ် သတိထားရမှာတစ်ခုကတော့ လော့ခ်ချထားဖို့အပြင် မှန်တွေကိုလည်းတင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှ ပြင်ပက ရုတ်တရက်ရန်မူလာမယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်ကို ထိခိုက်မှုနည်းပါးမှာမို့ပါ။ နောက်ဆုံးအနေနဲ့ ဂရုစိုက်သင့်တာက တော့ ကားကိုလော့ခ်ချထားသည် ဖြစ်စေ၊ ချမထားသည်ဖြစ်စေ ကားသော့ကို ကိုယ်နဲ့မကွာ အမြဲဆောင် ထားဖို့ပဲ ဖြစ်ပါတယ်။
--------------------------------------------------------

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment