ချယ်ရီသီးနဲ့ကျန်းမာရေး







အချိုတည်းစရာအနေနဲ့စားသုံးနေကြတဲ့ ချယ်ရီသီးဟာ သူ့ရဲ့အနံ့အရသာကြောင့် ကမ္ဘာတစ်ဝန်း လူကြိုက်များပါတယ်။ တကယ်တော့ ချယ်ရီသီးက အရသာရှိရုံတင်မကပါဘူး။ သူ့မှာ ခန္ဓာကိုယ်ကျန်းမာ စေတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ ချယ်ရီသီးမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ပရိုတိန်း၊ ဗီတာမင် A, C တို့အပြင် ကောပါး၊ မဂ္ဂနိစ်၊ သံဓာတ် ကယ်ဆီယမ်၊ ဇင့် စတာတွေလည်းပါဝင်ပါတယ်။ ချယ်ရီသီးအချိုကို လတ်လတ်ဆတ်ဆတ်စားသုံးနိုင်သလို ချယ်ရီသီးခြောက်ကို ဟင်းချက်ရာမှာလည်း သုံးနိုင်ပါတယ်။

ရောင်ရမ်းနာကျင်မှုသက်သာစေတယ်

အဆစ်ရောင်ရောဂါခံစားနေရသူများ နေ့စဉ်အစားအသောက်မှာ ချယ်ရီသီးကို ထည့်သွင်းစားသုံးနိုင်ပါ တယ်။ ချယ်ရီသီးမှာ ခန္ဓာကိုယ်တွင်းရောင်ရမ်းနာကျင်မှုတွေကိုဖြစ်စေတဲ့ Oxidative Damage တွေကို ပျက်စီးစေပြီး နာကျင်မှုကို တွန်းလှန်ပေးနိုင်တဲ့ Flavonoids နဲ့ anthocyanin ကို ပါဝင်ကြပါတယ်။ ၂၀ဝ၂ ခုနှစ်လေ့လာချက်တွေအရ ချယ်ရီသီးခြောက်မှာ တစ်သျှူးနုလေေးတွ ပျက်စီးခြင်း၊ နာကျင်ခြင်းတွေကို ကာကွယ်ကုသပေးနိုင်တဲ့ အင်တီအောက်ဆီဒင့်တွေ ပါဝင်ပါတယ်။ ဒါတင်မကပါဘူး ခန္ဓာကိုယ်တွင်း နာကျင်မှုတွေကို တိုးပွားစေတဲ့ Uric Acid တွေကိုလည်း လျော့ချပေးပါတယ်။

မှတ်ဉာဏ်ကောင်းစေတယ်

ချယ်ရီသီးမှာပါဝင်တဲ့ အင်တီအောက်ဆီဒင့်တွေက မှတ်ဉာဏ်ကောင်းစေပါတယ်။ အင်တီအောက်ဆီဒင့်က မှတ်ဉာဏ်၊ အမြင်အာရုံဖွဲ့စည်းပုံတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သူတို့က မှတ်ဉာဏ် ချို့ယွင်းစေတဲ့ Free Radical တွေကို ကာကွယ်ပေးပါတယ်။

ဇရာကိုနှေးစေတယ်

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ Oxidative Damage တွေကို ဖယ်ရှားတိုက်ထုတ်ပေးနိုင်စွမ်း တွေကျလာပါတယ်။ အင်တီအောက်ဆီဒင့် မြင့်မားစွာပါဝင်တဲ့အတွက် Free Radical တွေကို တိုက်ထုတ် ပေးပြီး ဇရာကို တားဆီးပေးပါတယ်။ Free Radicls တွေက ခန္ဓာကိုယ်ဆဲလ်တွေက Election လေးတွေကို ဖယ်ရှားပြီး မကျန်းမာစေတဲ့ဆဲလ်လေးတွေကို မွေးဖွားပေးပါတယ်။

ကင်ဆာဖြစ်ပွားနှုန်းလျော့နည်းစေတယ်

ချယ်ရီသီးမှာပါဝင်တဲ့ Anthocyanin နဲ့ Qoercetcn အင်တီအောက်ဆီဒင့်တွေက ခန္ဓာကိုယ်အတွင်းက Free Radical တွေကို ဖယ်ရှားပေးပြီး ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။ Anthocrann တွေက ကင်ဆာဖြစ်စေတဲ့ဆဲလ်လေးတွေ ပွားများလာခြင်းကို ထိန်းချုပ်ပေးပါတယ်။

နှစ်ခြိုက်စွာအိပ်ပျော်စေတယ်

ချယ်ရီသီးခြောက်မှာ ခန္ဓာကိုယ်ရဲ့ အိပ်စက်နိုးထမှုလုပ်ငန်းစဉ်ကို ပုံမှန်လည်ပတ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေတဲ့ Melatonin ပါဝင်ပါတယ်။ Melatonin က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရုံသာမက ခရီးပင်ပန်း တာကြောင့် အိပ်မပျော်ဝေဒနာတွေကိုပါ သက်သာစေပါတယ်။ လေ့လာချက်တွေအရ ချယ်ရီသီးဟာ အိပ်မပျော်ရောဂါဒေဝနာရှင်တွေအတွက် အလွန်အကျိုးပြုပါတယ်။ ချယ်ရီသီးပုံမှန်စားပေးခြင်းက အမျိုးသားအမျိုးသမီး တွေမှာ အိပ်စက်ချိန်ကိုပိုပြီး တိုးလာစေပါတယ်။

ကြွက်သားနာကျင်ခြင်းကို သက်သာစေတယ်။

ချယ်ရီသီးကကြွက်သားများ နာကျင်မှုကို ကုသပေးနိုင်ပါတယ်။ အင်တီအောက်ဆီဒင့်နဲ့ ရောင်ရမ်းနာကျင်မှု သက်သာစေတဲ့ ဂုဏ်သတ္တိပါဝင်တဲ့ ချယ်ရီသီးဟာ ကြွက်သားများနာကျင်ခြင်း၊ အဆစ်အမြစ်များ နာကျင်ခြင်းတို့ကို ထိရောက်စွာကုသပေးနိုင်ပါတယ်။ တစ်ပတ်အတွင်း ချယ်ရီသီး ၂၄ အောင်စ စားသုံးပေးရင် အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကြွက်သားများနာကျင်ခြင်းကို သက်သာစေပါ တယ်။

ဂေါက်ရောဂါကို သက်သာစေတယ်

ချယ်ရီသီးအချို၊ အချဉ် (၂) မျိုးမှာပါဝင်တဲ့ အင်တီအောက်ဆီဒင့်တွေက ဂေါက်ရောဂါကို သက်သာစေပါ တယ်။ ဒါတင်မကပါဘူး။ ရောင်ရမ်းနာကျင်မှုကိုပါ လျော့ကျစေပါတယ်။

ဝမ်းဗိုက်ကအဆီကျစေတယ်

ခန္ဓာကိုယ်မှာ ဖျက်ဆီးရအခက်ဆုံး ဝမ်းဗိုက်အဆီတွေကို ချယ်ရီသီးက ဖျက်ဆီးပေးနိုင်ပါတယ်။ ချယ်ရီသီးမှာ အဆီတွေကို ခြေဖျက်ပေးနိုင်တဲ့ Anthocranens လို့ခေါ်တဲ့ အင်တီအောက်ဆီဒင့်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် အစာခံစေပါတယ်။ Thiamin, Riboflavin ဗီတာမင် B6 တို့လို ဘီ ဗီတာမင်အုပ်စုတွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးနိုင်ပြီး အစားအစာတွေကို စွမ်းအင်အဖြစ်ကူးပြောင်းရာမှာ ကူညီပေးပါတယ်။

နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးတယ်
ချယ်ရီသီးမှာပါဝင်တဲ့ Anthocyanis တွေက နှလုံးနဲ့ နှလုံးကြွက်သားကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ Anthacyanis တွေက အဆီနဲ့ glucose တွေအတွင်းမှ ganes တွေကို ပုံမှန်လည်ပတ်စေခြင်း ဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေးပါတယ်။ ပိုတက်ဆီယမ်မြင့်မားစွာပါဝင်တဲ့အတွက် နှလုံးခုန်နှုန်း၊ သွေးဖိအားကို ပုံမှန်ထိန်းသိမ်းပေးပြီး သွေးတိုးရောဂါ ထိန်းချုပ်စေပါတယ်။


ရန်နိုင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment