တရုတ်မလေးတွေလိုလှချင်ရင်



အသားအရေထိန်းသိမ်းမှုနည်းစနစ်တွေ၊ နည်းလမ်းကောင်းတွေ အကြောင်းပြောရရင် ချန်လှပ်မထားခဲ့လို့ ရတာရှိပါတယ်။ အဲဒါကတော့ တရုတ်လူမျိုးတွေပါ။ တရုတ်အမျိုးသမီးတွေမှာလည်း အသားအရေလှပဖို့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ အခုချိန်မှာတော့ ဒီနည်းလမ်းတွေက လျှို့ဝှက်ချက်မဟုတ်တော့ဘူးပေါ့။ ဘယ်ပစ္စည်းတွေက တရုတ်လူမျိုး အမျိုးသမီးတွေရဲ့ အသားအရေကို လှပစေသလဲဆိုတာ ကြည့်ရအောင်။

ဆန်ဆေးရေ
တရုတ်အမျိုးသမီးတွေဟာ နို့နှစ်ရောင်ဖြူဖွေးပြီးပြစ်မျိုးမှဲ့မထင် လှပတဲ့အသားအရေကြောင့် နာမည်ကြီးကြပါ တယ်။ လျှို့ဝှက်ချက်က ရိုးရှင်းပါတယ်။ ဘယ်အသားအရေထိန်းပစ္စည်းမှ မဟုတ်ပါဘူး။ ဆန်ဆေးရေပါ။ ဆန်ဆေးရေထဲ ဂွမ်းစလေးနှစ်ပြီးမျက်နှာကို နေ့စဉ်ပုံမှန်ပွတ်ပေးတာက အသားအရေကိုလှပစေပါတယ်။

ဖယောင်းအဆီ

နောက်ထပ်တရုတ်လူမျိုးတို့ရဲ့ လက်ဆွဲကတော့ ဖယောင်းအဆီပါ။ ဆံသားပြုပြင်ထိန်းသိမ်းမှုတွေအတွက် အများဆုံးသုံးကြပါတယ်။ ဖယောင်းပန်းအဆီက ဆံသားကို ပျော့ပျောင်းစေပြီး ဆံသားကြီးထွားမှုကို ထောက်ပံ့ ပေးပါတယ်။ ဆံသားအတွက်တင် မကပါဘူး။ အရေပြားအလှဆီ၊ အကြောပြတ်ဒဏ်ရာတွေအတွက် ကုထုံးဆီ အနေနဲ့လည်း သုံးပါတယ်။

ပဲစေ့
ပဲစေ့ကိုတော့ တရုတ်နိုင်ငံသာမန်လူတန်းစားတွေ၊ ရှင်ဘုရင်မျိုးနွယ်တွေဟာ မျက်နှာပေါင်းတင်ဖို့အတွက် အသုံးပြုကြပါတယ်။ ပဲစေ့ကိုထောင်း၊ ရေနဲ့စေးပျစ်နေအောင်လုပ်ပြီး မျက်နှာပေါ်မှာနာရီဝက်ခန့်တင်ထားမယ် ဆိုရင် ဝက်ခြံတွေကို လုံးဝကုသပေးနိုင်ပါတယ်။

ခရုခွံ
မျက်နှာအသားအရေနုပျိုစေဖို့ တရုတ်အမျိုးသမီတွေရဲ့လျို့ဝှက်နည်းနောက်တစ်ခုက ခရုခွံအမှုန့်ပါ။ ခရုခွံက တရုတ်အသားအရေထိန်းပစ္စည်းတွေမှာ မပါမဖြစ်ပါဝင်ပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ ဒီခရုခွံအမှုန့်က အသား အရေယားယံတာကို သက်သာစေပြီး မျက်နှာပြင်ကို ဝင်းပစေပါတယ်။ ခရုခွံအမှုန့်၊ ကြက်ဥအနှစ်၊ ပျားရည်ရောစပ်ပြီး လိမ်းပေးမယ်ဆိုရင် အသားအရေကိုနုပျိုစေပါတယ်။

လက်ဖက်စိမ်း
လက်ဖက်စိမ်းက တရုတ်လူမျိုးတို့ရဲ့လက်စွဲပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လက်ဖက်စိမ်းဟာ တရုတ် လူမျိုးတွေအတွက် အလှအပ၊ ဆေးဝါးကုသမှုတွေမှာ မရှိမဖြစ်ပါဝင်ပစ္စည်းအနေနဲ့ သုံးကြပါတယ်။ လက်ဖက်စိမ်းမှာပါဝင်တဲ့ အင်တီအောက်ဆီဒင့်တွေက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေရဲ့ ဖြစ်ပျက်မှုတွေကို ကူညီပေးပြီး ခန္ဓာကိုယ်အလေးချိန်လည်း ကျစေပါတယ်။

နှိပ်နယ်ပေးခြင်း
နှိပ်နယ်ပေးတဲ့အလေ့အကျင့်ကိုတော့ အခုအချိန်မှာ အနောက်နိုင်ငံကလူတွေပါ အသုံးပြုလာကြပါပြီ။ ဒါပေမဲ့ တရုတ်လူမျိုးတွေကတော့ ခြေဖဝါးကိုနှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ မျက်နှာနှိပ်နယ်ပေးတာကတော့ အသားအရေကို ကြည်လင်တောက်ပစေပြီး ဖောင်းအစ်နေတဲ့နေရာတွေကို လျော့ချပေးနိုင်ပါတယ်။

ကျောက်စိမ်း
တရုတ်အမျိုးသမီးတွေရဲ့ အလှအပရေးရာလျို့ဝှက်ချက်တစ်ခုကတော့ ကျောက်စိမ်းပါ။ ကျောက်စိမ်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး အသားအရေကိုကုသပေးနိုင်တဲ့အတွက် ကျောက်စိမ်းနဲ့ အရေပြားကို ပွတ်သပ်နှိပ်နယ်ပေးပါတယ်။

ပင်စိမ်းရွက်
ကြည်လင်တောက်ပတဲ့အသားအရေလေးပိုင်ဆိုင်ဖို့ တရုတ်အမျိုးသမီးတို့ရဲ့ လက်စွဲတစ်ခုက ပင်စိမ်းပါ။ ပင်စိမ်းကအသားအရေကို ဝင်းလက်စေပါတယ်။ ပင်စိမ်းရွက်ကိုခြေ၊ ပျစ်စေးအောင်ပြုလုပ်ပြီး မျက်နှာ ပြင်ပေါ်မှာလိမ်းထားပေးမယ်ဆိုရင် အသားအရောင်ကိုညီညာစေပြီး တောက်ပဝင်းလက် နေစေပါတယ်။


ရှောင်သင့်တာကိုရှောင်

ဒီလိုသဘာဝပစ္စည်းတွေသုံးနေလို့ ဓာတုနည်းနဲ့ထုတ်ထားတဲ့ အသားအရေထိန်းပစ္စည်းတွေကို မသုံးတာ တော့ မဟုတ်ကြပါဘူး။ တရုတ်လူမျိုးအမျိုးသမီးတွေကလည်း မိတ်ကပ်၊ အလှကုန်တွေ သုံးကြပါတယ်။ ဒါပေမဲ့ သုံးသင့်တဲ့အခါသုံးပြီး မသုံးသင့်တာကို ရှောင်ရှားကြပါတယ်။

နနွင်း
နောက်ဆုံးအလှအပရေးရာ လျို့ဝှက်ချက်တစ်ခုကတော့ နနွင်းပါ။ တရုတ်အမျိုးသမီးတွေကတော့ နနွင်းကို အရေးအကြောင်းတွေကင်းစင်စေဖို့ အသားအရေညီညာစေဖို့ သုံးစွဲကြပါတယ်။

ဝဿန်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape






Share on Google Plus

0 comments:

Post a Comment