ကိုယ့်ချစ်သူနဲ့ဆက်ဆံရေးကို
တစ်ခြားစုံတွဲတွေ ဆက်ဆံရေးနဲ့ နှိုင်းယှဉ်နေတာဆိုးရွား တဲ့ကိစ္စ တစ်ခုပါ။ တစ်ခြားစုံတွဲတွေ
ပျော်ရွှင်မြူးတူးနေတာကိုအားကျမယ်။ လက်ရှိချစ်သူကိုယခင်တစ်ယောက်နဲ့ နှိုင်းယှဉ်မယ်… ဒါတွေကမဖြစ်သင့်ပါဘူး။
ဘာကြောင့်မဖြစ်သင့်တာလဲ။
ဘာမှမမြင်တော့ဘူး
ကိုယ့်ပတ်ဝန်းကျင်က ကိုယ်အားကျရတဲ့
ပြည့်စုံပျော်ရွှင်နေတယ်ထင်ရတဲ့ စုံတွဲတွေနဲ့ ကိုယ့်ချစ်သူကို နှိုင်းယှဉ်နေပြီဆိုရင်
ကိုယ်ဟာဘာမှမမြင်နိုင်တော့ဘူးလို့ မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပျော် ရွှင်မှုထက် သူ့ပျော်ရွှင်မှုကိုပဲ မြင်နေတာကိုး။
ကိုယ့်မှာရှိတာကို မေ့လျော့သွားမယ်
ကိုယ့်သူငယ်ချင်းရဲ့ချစ်သူက သူ့ကို
Mercedes ကားကြီးနဲ့လာကြိုမယ်။ စိန်လက်စွပ်ဝယ်ပေးမယ်။ ဒါဆို ပျော်ရွှင်စရာလို့ မြင်နေပြီလား။
ဒီလိုဆိုရင်တော့ ကိုယ့်ချစ်သူကိုယ့်အပေါ် ဘာတွေဖြည့်ဆည်းပေးပြီး သား လဲဆိုတာ မေ့လျော့သွားပါလိမ့်မယ်။
စိတ်ဓာတ်ကျစေမယ်
သူ့နေရာမှာ ကိုယ်မဖြစ်လိုက်ရတာ နာတယ်ဆိုတဲ့အတွေးမျိုး
တွေးမိနေပြီဆိုရင်တော့ တွေးလေ စိတ်ဓာတ်ကျစရာကောင်းလေပါ။ ဒီထက်ဆိုးတာက ချစ်သူကိုစိတ်ထဲကနေ
သစ္စာဖောက်မိလျက်သားဖြစ်နေ တာပေါ့။
သူ့ကိုထိခိုက်စေမယ်
သူ့နေရာမှာ ကိုယ်မဖြစ်ရတဲ့အတွက် အားမလိုအားမရအတွေးက
အတွေးနဲ့တင်ရပ်တန့် မသွားပါ ဘူး။ အတွေးကနေတစ်ဆင့် အပြုအမူနဲ့ဖော်ပြလာပါတယ်။ အပြုအမူက
ပိုပြီးထင်ရှားလာလေ ချစ်ရတဲ့ ချစ်သူပိုပြီး ထိခိုက်နာကျင်လေပေါ့။
သူတို့ပျော်ရွှင်မှုက ကိုယ့်ကိုမပြောင်းလဲစေပါ
သူတို့ပျော်ရွှင်တယ်ထားပါတော့။ ဒီပျော်ရွှင်မှုက
ကိုယ့်ကိုယ်ပျော်ရွှင်စေသလား။ တစ်စုံတစ်ယောက် က ပျော်ရွှင်တယ်ပဲထားပါတော့။ ကိုယ်ကဒီအပေါ်ယံပျော်ရွှင်မှုထက်
ဒီလိုပျော်ရွှင်စေတဲ့ အနှစ်သာရကို ရှာဖွေရမှာ ပါ။
ကိုယ့်ပျော်ရွှင်မှုတွေနဲ့ လွဲချော်ကုန်မယ်
တစ်ခြားလူတွေရဲ့ပျော်ရွှင်မှုကို အာရုံစိုက်နေရတော့
ကိုယ်နဲ့ကိုယ့်ချစ်သူရဲ့ပျော်ရွှင်မှုကို အာရုံမစိုက် နိုင်… အဲဒီတော့ ပျော်ရွှင်စရာအချိန်လေးတွေ လွဲချော်ကုန်တာပေါ့။
ဘယ်သူမှပြီးပြည့်စုံတာမရှိ
လူတိုင်းအမှားကျူးလွန်ဖူးကြပါတယ်။ သူ့ရဲ့ပြီးပြည့်စုံမှုတွေကို
ချစ်မြတ်နိုးပါ။ အမှားတွေနေရာမှာ အစားထိုးပြန်လည်ဖြည့်ဆည်းပေးလိုက်ပါ။ ကိုယ့်ပတ်ဝန်းကျင်က
ပျော်ရွှင်နေတဲ့စုံတွဲတွေလည်း ဒီလိုမလုပ် ဘူး လို့ဘယ်သူပြောနိုင်မှာပါလဲ။
ပိုပြီးအဆိုးမြင်စေလိမ့်မယ်
သူများပျော်ရွှင်မှုကိုပဲ တွေးနေမှတော့
ကိုယ်တိုင်အားမလိုအားမရ ဖြစ်လာပြီပေါ့။ အဲဒီတော့ ချစ်သူ အပါအ၀င် ပတ်ဝန်းကျင်ကိုပါ အဆိုးမြင်လာပါပြီ။
အချိန်အင်အားကုန်ဆုံးစေတယ်
နောက်ဆုံး တစ်ခြားပျော်ရွှင်မှုတွေ အာရုံစိုက်နေရတော့
အချိန်လည်းကုန် လူလည်းစိတ်ပင်ပန်းလာ တာပေါ့။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment