ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေက ကိုယ်လိုချင်တာရအောင်ယူတတ်သူ








ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေက ကိုယ်လိုချင်တာရအောင်ယူတတ်သူ
 ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေက ကိုယ်လိုချင်တာရအောင်ယူတတ်သူ၊ ဖြစ်အောင် လုပ်ဖို့နည်းလမ်းတွေရှိနေသူတွေပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့မိန်းကလေးတွေကျတော့ သူတို့ကိုယ် သူတို့ယုံကြည်ဖို့ခက်ခဲလာပါတယ်။ ရလာဒ်ကတော့ ဖြစ်နိုင်စွမ်းတွေပျောက်ဆုံးလာတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုက အထူးအရေးကြီးပါတယ်။ အထူးအရေးကြီးတာက ဒါမွေးကတည်းကပါလာတဲ့အရည်အချင်း မဟုတ်ဘဲ ကိုယ်တိုင်လုပ်ယူဖန်တီးရတာပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေနဲ့ မရှိသူတွေ ဘာကွာ ခြားသွားကြသလဲ…။

အကြောင်းပြချက်မပေးဘူး
ကိုယ်မလုပ်ချင်တဲ့ တစ်စုံတစ်ခုအခိုင်းခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်လုပ်နိုင်ပါ့မလားဆိုပြီး သံသယ ၀င်လာတတ်ကြပါတယ်။ သံသယတွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အကြောင်းပြချက်တွေ မျိုးစုံပေးလာ ပါတော့တယ်။

ကိုယ့်ကိုယ်သဘောကျတတ်တယ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့မိန်းကလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတဲ့မိန်းကလေး ကွာခြားတာကတော့ ပတ်ဝန်းကျင်က သူတို့ကိုသဘောကျလား၊ မကျလား မသေချာတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့မိန်းကလေးကတော့ သူများသဘောကျမှာ မကျမှာကိုစိုးရိမ်ပူပန်ခြင်းမရှိပါဘူး။

ပျော်ရွှင်မှုကိုရှာဖွေတယ်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ပျော်ရွှင်မှုကိုရှာဖွေဖို့ပါ။ ပြင်ပအရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ချိန်ထိုးမိနေပြီဆိုရင် ဒါကိုယ့်ဘ၀မှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေ တာသေချာပါပြီ။

မှားမှာကိုမကြောက်ရွံ့ဘူး
တစ်စုံတစ်ခုလုပ်လိုက်လို့ မှားသွားမှာ ပတ်ဝန်းကျင်က ဝေဖန်မှာကိုကြောက်ရွံ့နေပါသလား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့မိန်းကလေးက မှားမှာကိုဘယ်တော့မှ မကြောက်ရွံ့ပါဘူး။

အချိန်မရွှေ့ဘူး
ဒါလုပ်ရကောင်းနိုး၊ ဟိုဟာလုပ်ရကောင်းနိုး စိတ်ကကိုယ့်ကိုယ်ကိုယ် မသေချာမရေရာတဲ့စိတ်ပါ။ ကိုယ့်ကိုယ်ကိုယ်တောင် မသေချာမရေရာမှတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက ဘယ်လိုမွေးဖွားနိုင်ပါ့မလဲ။

ဆန္ဒရှိရင်ဘာမဆိုလုပ်တယ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့မိန်းကလေးက ကိုယ့်ရဲ့ပန်းတိုင်ကို ကိုယ်တိုင်သေချာသိနေပါတယ်။ အဲဒီအတွက် ဆန္ဒရှိရင်ဘာမဆိုလုပ်ဖို့ မ၀ံ့မရဲဖြစ်မနေပါဘူး။

တစ်ခြားအမြင်တွေကို သိပ်ဂရုမစိုက်
နောက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေက ဝေဖန်တာနဲ့ ထောက်ပြ တာကို ကွဲကွဲပြားပြားသိကြပါတယ်။ အဲဒီအတွက် တစ်ခြားလူတွေရဲ့အမြင်ကိုလည်း သိပ်ပြီးဂရုစိုက်ခြင်းမရှိကြ ပါဘူး။

မနှိုင်းယှဉ်ဘူး
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေမလုပ်ဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်တစ်ခြား လူတွေနဲ့နှိုင်းယှဉ်တာပါ။ သူတို့က တစ်ခြားလူတွေထက် ကိုယ်တစ်နေ့တာ ဘာတွေလုပ်ပြီးပြီလဲဆိုတာနဲ့ ကိုယ့်ဘ၀ကိုယ်နှိုင်းယှဉ်ကြပါတယ်။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment