ဂဏန်းချဉ်စပ်၊ ကြက်သွန်ဖူး ပဲပြားကြော်၊ ဂေါ်ရခါးညွှန့်ဟင်းချို











ဒီတစ်ပတ်ကတော့ ဂဏန်းအခွံပျော့လေးတွေ့လို့ဝယ်ထားတာကို ချဉ်စပ်လေးချက်မယ်ဗျာ။ ပြီးတော့ မယ်တော်မားသားအကြိုက် ကြက်သွန်ဖူးနဲ့ပဲပြားကြော်မယ်။ ပြီးတော့ အိမ်မှာရှိတဲ့ကြက်ရိုးလေးနဲ့ ဂေါ်ရခါး ညွှန့်လေးကို ဟင်းချိုလေးချက်မယ် ဒီလောက်ဆိုရင်တော့ မယ်တော်မားသားနဲ့ကျွန်တော် သားမိနှစ်ယောက်အတွက် နားရက်လေးမှာ ထမင်းစားလို့မြိန်ပြီပေါ့ဗျာ၊ မယ်တော်မားသား ဈေးသွားနေတုန်း အိမ်မှာရှိတဲ့ ကြက်ရိုး လေးကို ဆား၊ သကြား၊ ကြက်သွန်ဖြူဓါးပြားရိုက်လေးထည့်ပြီး ပြုတ်ထားလိုက်တယ်၊ ဒါဆိုရင်တော့ မယ်တော် မားသားဈေးကနေအပြန်ပါလာတဲ့ ဂေါ်ရခါးညွှန့်လေးခြွေ ရေသေချာဆေးပြီး ထည့်လိုက်ရင် ဂေါ်ရခါးညွှန့် ဟင်းချိုတစ်ခွက်ရပြီပေါ့နော်၊ အာဟာရလည်းဖြစ် သောက်လို့လည်းကောင်း ချက်ရတာလည်းလွယ်မှလွယ်ပဲ ဆိုတော့ အဆင်ပြေတဲ့အရည်သောက် ဟင်းတစ်ခွက်ပေါ့။

ဂဏန်းချဉ်စပ်
ဂဏန်းက အခွံပျော့ဆိုတော့ ခြေချောင်းနဲ့ ရေယက်အဖျားလေးတွေကို ကပ်ကြေးနဲ့ညှပ်ပစ်၊ မျက်လုံး၊ ပါးစပ်နဲ့အထဲကအစာအိပ်ကိုလည်းဖယ်ပြီးမှ သေချာပြန်ဆေးထား၊ ကြက်သွန်ဖြူနဲ့ဂျင်းကို အခွံခွာပြီးရေဆေး ဓါးပြားရိုက်ထား၊ မန်ကျည်းမှည့်ကိုရေဆေးပြီး ရေနွေးအဖြူနဲ့စိမ်၊ အေးသွားရင်အဖတ်တွေဖယ်ပြီး မျန်ကျည်း နှစ်ပဲရအောင်လုပ်ထား နံနံပင်ကိုရေသေချာဆေး အနေတော်လေးတွေပိုင်းထား၊ ငရုတ်သီးစိမ်း ဆယ်တောင့် လောက်ကို အညှာခြွေရေဆေးပြီး ဓါးပြားရိုက်ထား၊ ကြက်သွန်ဖြူနဲ့ဂျင်း ဓါးပြားရိုက် ထားတာ ကို နနွင်းမှုန့် နည်းနည်းနဲ့ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ပြီးရင်ဂဏန်းထည့်ပြီးလုံး ရေသင့်ရုံ ထည့်ပြီးပြန်တည် ထား ရေဆူလာမှ ပုဇွန်ငံပြာရည်၊ မန်ကျည်းမှည့်ရည် သကြား၊ ကြက်သားမှုန့်ထည့် ငရုတ်သီးစိမ်းဓါးပြားရိုက် ထားတာထည့် အရသာမြည်းကြည့် ချဉ်ငံစပ်လေးနဲ့အရသာစိတ်ကြိုက်ရပြီဆိုမှ မဆလာနဲ့နံနံပင်အုပ်လိုက်ရင် စားလို့အရမ်းကောင်းတဲ့ ဂဏန်းချဉ်စပ်မွှေးမွှေးလေးတစ်ပွဲရပြီပေါ့ ဆွေမျိုး တို့ရာ၊ ဂဏန်းကို အခွံပျော့သုံးထား တာဆိုတော့ အသားထွင်စရာလည်းမလို စားလို့လည်း ပိုအဆင်ပြေ တာပေါ့နော်။

ကြက်သွန်ဖူးပဲပြားကြော်
ကြက်သွန်ဖူးလေးတွေကို ရေသေချာဆေး အနေတော်လေးတွေလှီးထား၊ ပဲပြားကိုအတုံးလေးတွေ လှီး၊ ဆားလေးနည်းနည်းပွတ်ပြီး အရင်ကြော်ထား၊ ကြက်သွန်ဖြူဓါးပြားရိုက်စဉ်းထားတာကိုဆီသတ်၊ ပြီးရင် ကြက်သွန်ဖူးလှီးထားတာကိုထည့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ကြက်သားမှုန့်ထည့် ကြက်သွန် ဖူးလေးတွေနူးခါနီးရင် ပဲပြားကြော်ထားတာထည့်၊ အရသာချိုငံလေးနဲ့အဆင်ပြေပြီဆိုမှ ကော်ရည်ကျဲကျဲလေး ဖျော်ထားတာထည့်လိုက်ရင် ကြက်သွန်ဖူး ပဲပြားကြော်တစ်ပွဲရပြီပေါ့။
ဂေါ်ရခါးညွှန့်ဟင်းရည်ကတော့ တော်ကီပွားရင် အပေါ်မှာပါသွားပြီမို့ ထပ်မရေးတော့ဘူးနော်။ ဒီတစ် ပတ်ပိတ်ရက်လေးမှာ ဂဏန်းချဉ်စပ်မွှေးမွှေးလေးရယ် ကြက်သွန်ဖူးနဲ့ ပဲပြားကြော်ချိုဆိမ့်လေးရယ် ဂေါ်ရခါး ညွှန့်ဟင်းချို ချိုချိုလးရယ်နဲ့ဆိုတော့ ထမင်းကတော့ စားလို့ကောင်းမှာအသေအချာပဲပေါ့ ဆွေမျိုးတို့ရာ၊ ဆွေမျိုးတို့လည်း မိသားစုထမင်းဝိုင်းလေးမှာ ထမင်းမြိန်မြိန်စားနိုင်ကြပါစေလို့ ဆုတောင်းပေး ရင်း နောက် တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment