အချစ်နဲ့ပတ်သက်ပြီး ဘယ်သူမဆို ဘ၀မှာတစ်ကြိမ်တစ်ခါတော့
ဆုံးဖြတ်ချက်မှားယွင်းဖူးကြမှာပါ။ ဒါကလည်း တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ဘ၀ကသင်ပေးတဲ့
အစိတ်အပိုင်းတစ်ခုပါ။ အချစ်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ဆိုတာ မလွယ်ကူလှပါဘူး။
ဒါပေမဲ့ပြဿနာအပေါ် ဖြေရှင်းတဲ့နည်းလမ်းရှာဖွေတာကတော့ ကောင်းမွန်တဲ့အစပျိုးမှုတစ်ခုပါ။ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချပြီးပြီဆို ရင် အားလုံးလည်း
ရိုးရှင်းသွားပြီး ကိုယ့်စိတ်ကူးထဲက ချစ်သူကိုတွေ့ဖို့ဆိုတာ လွယ်ကူလာပါလိမ့်မယ်။
အတိတ်ကိုပြန်တွေး
တစ်ကြိမ်တစ်ခါက မှားယွင်းကောင်းမှားယွင်းဖူးပါလိမ့်မယ်။
ဒါပေမဲ့ ဒီအမှားတွေကိုဘာကြောင့် မှားခဲ့ တယ်ဆိုတာပြန်သုံးသပ်ပါ။ ဝေဖန်ပါ။ သင်ခန်းစာယူပြီး
နောက်တစ်ကြိမ်မမှားမိဖို့ ကြိုးစားပါ။
သူ့ကိုလေ့လာ
သူက တစ်ခြားမိန်းကလေး ယောက်ျားလေးတွေနဲ့တွေ့ရင်ကော
ဘယ်လိုပြုမူပါသလဲ။ မျက်လုံး ကစား တတ်သလား။ မြူစွယ်တတ်သလား။ တည်တည် ငြိမ်ငြိမ်နေသလားလေ့လာပါ။
အလောမကြီးနဲ့
ဘယ်အရာမှ အလျင်စလိုဖြစ်နေဖို့မလိုပါဘူး။
ဆုံးဖြတ်ချက်တွေ နောက်ကွယ်က အကောင်းအဆိုး တွေကိုအဖြေထုတ်ပါ။
ကိုယ့်အဆင့်ကိုယ်မြှင့်
စိတ်ဓာတ်အဆင့်အတန်းနိမ့်ပါးတဲ့ လူတစ်ယောက်နဲ့ဆုံမိရင်း
ကိုယ့်ရဲ့တန်ဖိုးတွေပါလျော့ပါးကုန် ပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်ကူကူမချခင်ကတည်းက
ကိုယ်ဘယ်လို လူ တစ်ယောက် ကိုလိုချင်တယ်ဆိုတာ ပြတ်ပြတ်သားသား သတ်မှတ်ထားပါ။
ပထမဆုံးလေ့လာ
လူတစ်ယောက်ကိုမလေ့လာဘဲ အလွယ်တကူပျော်ဝင်မသွားပါစေနဲ့။
သူနဲ့အတူလျောက်လည်တာ၊ သွားလာပြီးအချိန်ဖြုန်းကြည့်ပါ။ ကိုယ့်အပေါ် ဘယ်လိုဆက်ဆံတယ်။ ပတ်ဝန်းကျင်ကိုဘယ်လို
သဘောထား တယ်ဆိုတာလေ့လာပါ။ သူ့စိတ်ဓာတ်ကို အားလုံးမဟုတ်တောင် အနည်းငယ်အကဲ ခတ်မိပါလိမ့်မယ်။
ဘ၀တန်ဖိုးတွေကိုသေချာနေပါစေ
တစ်ယောက်နဲ့တစ်ယောက် ဘာမျှော်မှန်းချက်မတူတာလောက်
ဆက်ဆံရေးကိုပျက်စီးတာမရှိပါဘူး။ အဲဒါကြောင့် ကိုယ့်ဘ၀အတွက် တန်ဖိုးထားတဲ့အရာတွေ ကိုယ့်မျှော်မှန်းချက်တွေကို
သေချာရေရာနေပါစေ။
အကြံဉာဏ်တောင်း
အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်မရတဲ့
အခြေအနေတွေရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို မေးမြန်းအကူအညီတောင်းပါ။
သူ့အတိတ်
ကိုယ့်မှာအတိတ်ရှိသလို သူ့မှာလည်းအတိတ်ရှိပါတယ်။
သူဟာ တစ်ချိန်က ဘယ်လိုလူ တစ်ယောက်လဲ၊ ဘယ်လိုစိတ်ထားရှိတာလဲသိတာက
သူနဲ့ကိုယ်ရဲ့ရေရှည်ဆက်ဆံရေးမှာ အဆင်ပြေနေစေ ပါလိမ့်မယ်။
သူကကိုယ့်ကိုယ် မပြောင်းလဲစေသူဖြစ်ပါစေ
ချစ်သူတစ်ယောက်ကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊
ကိုယ်ပိုင်တန်ဖိုးတွေကို လက်လွှတ်ခဲ့ရမယ် ဆိုတာ တန်ပါရဲ့လား။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုယ်မပြောင်းမလဲ
ကိုယ့်ရဲ့ဖြစ်တည်မှုကို ချစ်မြတ်နိုးမယ့်လူဖြစ်ပါစေ။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment