နေ့စဉ်နေ့တိုင်းရွေးချယ်မှုတွေနဲ့
ကြုံတွေ့နေရတဲ့ဘ၀မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ဆိုတာလူတစ် ယောက်ရဲ့တာဝန်ပါ။ ဥပမာ-
ဒီနေ့ သူငယ်ချင်းတွေနဲ့ သွားတွေ့ရမလား၊ ဒါမှမဟုတ် ချစ်သူနဲ့တွေ့ရမှာလား ဒါမှမဟုတ် Gym ပဲကစားလိုက်ရမလား၊ စားချင်တာတွေပဲစားလိုက်ရမလားဆိုတာမျိုးပေါ့။
လူတွေ အားလုံးက ဆုံးဖြတ်ချက်ချရသူတွေ ပါ။ ကိစ္စကြီးကြီးငယ်ငယ်ကအစပေါ့။ ဖိအားတွေအောက်မှာအလျှင်
အမြန်ဆုံးဖြတ် ချက်ချလိုက်ရတာမျိုးတွေလည်းရှိပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်မှာပါ။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့ ဆုံးဖြတ် ချက်ချခဲ့တယ်လို့ ဘယ်နှစ်ကြိမ်လောက်ပြောနိုင်ခဲ့ဖူးပါသလဲ။
မိသားစု၊ လုပ်ငန်း၊ ငွေကြေး၊ ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ဆိုတာ
မလွယ်ကူလှပါဘူး။ အထူးသဖြင့် စိတ်တွေရှုပ်ထွေးနေချိန်၊ ဖိအားတွေများနေချိန်မှာ ကိုယ်ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ
မှားကောင်းမှားသွား နိုင်ပါတယ်။ ဒါပေမဲ့ဘယ်လိုအခြေ အနေရောက်ရောက်ဆုံးဖြတ်ချက် မှန်မှန်ချနိုင်ဖို့
ဘယ်လိုလေ့ကျင်ကြမလဲ။
အချိန်ယူပါ
လူအများစု
လွဲမှားစွာတွေးနေတာကတော့'ကိုယ့်ဆုံးဖြတ်ချက်ကို ပတ်ဝန်းကျင်ကလူတွေစောင့်ဆိုင်း နေတယ်'ဆိုတဲ့အတွေးပါပဲ။
အဲဒါကြောင့်လည်း'ဟုတ်တယ်/မဟုတ် ဘူး'ဆိုတဲ့ဆုံးဖြတ်ချက်ကိုမြန်မြန်ချ မိတတ်ကြတာပါ။ တကယ်တော့
ပြန်တွေးကြည့်ပါ … ကိုယ်မှန်ကန်တဲ့ရွေးချယ်မှုလုပ်ခဲ့ရဲ့လား… ကိုယ်ချလိုက်တဲ့ဆုံးဖြတ်ချက်ကို
ပါးစပ်ကနေထုတ်ဖော်မပြောကြားခင် သေသေချာချာစဉ်းစားဖို့လိုပါတယ်။ ကိုယ်ပြန်ပြီးဆုံးဖြတ်ချက်ချမယ်ထင်လို့
ကိုယ်ပေးလိုက်ပြီးကာမှ အေးအေးဆေးဆေးအလုပ်လုပ်နေကြတဲ့ ပတ်ဝန်းကျင်ကိုလည်းမြင်ဖူးကြမှာပါ။
အဲဒီတော့ ဆုံးဖြတ်ချက်တစ်ခုကိုဖွင့်မပြောခင်မှာ အဲဒီဆုံးဖြတ်ချက်ရဲ့ နာက်ဆက်တွဲကောင်းကျိုး၊
ဆိုးကျိုးကိုကျော်ကြည့်နိုင်ဖို့ အချိန်ယူပါ။
ပြဿနာကိုနားလည်ပါ
တစ်ခါတစ်ရံမှာဖြစ်ပျက်နေတဲ့
ပြဿနာကိုမေ့လျော့သွားလောက်အောင်ပဲ ဆုံးဖြတ်ချက်ခပ်မြန်မြန်ချ လိုက်ရတာမျိုးတွေရှိပါတယ်။
ဒါကြောင့်လည်း နောက်ဆက်တွဲအမှားတွေဖြစ်လာကြတာပါ။ အဲဒါကြောင့် ဘာမှမဆုံးဖြတ်ခင်ပြဿနာကိုနားလည်ဖို့အရင်ကြိုးစားပါ။
သက်ဆိုင်ရာတွေပါထည့်စဉ်းစား
လူအများစုတစ်ချိန်တည်းမှာ
အလုပ်ပေါင်းစုံတွေးတောနိုင်တာ လုပ်နိုင်တာကိုကျေနပ်နေတတ်ကြ ပါတယ်။ အမှန်တော့ဒါကအလုပ်
မဖြစ်ပါဘူး။ အဲဒါကြောင့်အချိန်ယူ စဉ်းစားပါ။ သူ့ရဲ့နောက်ဆက်တွဲ အကျိုးအပြစ်တွေ၊ ရလာဒ်တွေကို
တန်းစီစာရင်းလုပ်ပါ။ ဘယ်အရာက ကိုယ့်အတွက်၊ ပတ်ဝန်းကျင်အတွက် ပိုအကျိုးရှိသလဲ၊ ဘယ်အရာက
ထိခိုက်နိုင်လဲဆိုတာသိသာ လာစေပါလိမ့်မယ်။
စိတ်ကြည်လင်အောင်ထား
ကိုယ်လုပ်ခဲ့တဲ့ကိစ္စတွေကိုပဲ
ပြန်တွေးကြည့်ပါ။ ကိုယ်ချခဲ့တဲ့ဆုံး ဖြတ်ချက်အမှားတွေဟာစိတ်မကြည် လင်တဲ့အချိန်မှာလုပ်ခဲ့တာပိုများတာကို
သတိထားမိပါလိမ့်မယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဟာ စိတ်တည် ငြိမ်မှု၊ စိတ်မချမ်းသာမှုတွေကနေ
ပေါက်ဖွားလာပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက်ချမယ်ဆိုရင်ကိုယ်လုပ် နိုင်တဲ့အလုပ်တစ်ခုကတော့စိတ်ကို
ကြည်လင်နေအောင်ထားဖို့ပါ။
မေးခွန်းပြန်ထုတ်
တစ်ခါတလေ
ချလိုက်တဲ့ဆုံးဖြတ်ချက်အမှားတွေဟာ ပတ်ဝန်းကျင်ကမေးခွန်းတွေကိုနားမလည်တာကြောင့်ပါ။ အဲဒါကြောင့်မေးခွန်းကိုလည်း
သေသေချာချာနားလည်နေအောင် လုပ်ဖို့လိုပါတယ်။
အရေးကြီးတာတွေသတိပြု
ကိုယ့်ဘ၀မှာ
တန်ဖိုးထားရတာတွေကဘာလဲ … ကိုယ်ချရမဲ့ ဆုံးဖြတ်ချက်တွေဟာကိုယ်ကိုင်ထားရတဲ့
တန်ဖိုးတွေနဲ့ သွေဖီနေလား။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နိုင်သလား။ အရေးကြီးတာက'
ကိုယ့်ကိုယ် ကိုယ်တန်ဖိုးမြင့်စေ တာလည်းကိုယ့်ဆုံးဖြတ်ချက်ပါ။ တန်ဖိုးကျသွားစေတာလည်းကိုယ့်
ဆုံးဖြတ်ချက်ပါ'။
အမှန်တရားကိုမေးခွန်းထုတ်
'အစားစားပြီးချင်း
ပြေးလွှားဆော့ကစားတာတွေမလုပ်နဲ့'ဆိုတဲ့ လူကြီးတွေရဲ့ သတိပေးစကားကြားဖူးကြမှာပါ။ ဆိုလိုချင်တာက
အစားစားပြီးချင်းလေ့ကျင့်ခန်းလုပ်ရင် အန္တရာယ်ရှိစေတယ်ပေါ့။ ဒါမှားပါတယ်။ ကျန်းမာရေးအရတောင်
အစားအသောက်စားပြီးအဆီပိုတွေ လောင်ကျွမ်းစေဖို့၊ ခန္ဓာကိုယ် အလေးချိန် သင့်တင့်မျှတစေဖို့
လမ်းခပ်ဖြည်းဖြည်းလျှောက်တာမျိုး အကြံပြုထားတတ်တယ်မဟုတ်လား။
ဒီကိစ္စကိုကြည့်လိုက်ရင်
တစ်ဖက်ကမှန်သလိုတစ်ဖက်ကလည်းမှားတယ်လို့ ပြောလို့မရဖြစ်နေပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်မချခင်လေးမှာ
ကိုယ်သိထားတာတွေသာ အမှန်တွေလား၊ တစ်ခြား မသိရသေးတဲ့ အမှန်တရားတွေရှိနေသေးလားဆိုတာ ဆန်းစစ်ဖို့လည်း
လိုနေပါတယ်။
ကိုယ့်သတ်မှတ်ချက်တွေကို မမေ့နဲ့
ကိုယ်သတ်မှတ်ထားတဲ့စံတွေ
ကဘာလဲ။ ကိုယ်သတ်မှတ်ထားတဲ့ စံ ဆိုတာကိုယ်တိုင်မှန်တယ်လို့ခံ ယူထားတာတွေပါ။ ဒီ စံ တွေကပဲ
ကိုယ့်ကိုယ်လမ်းကြောင်းတစ်ခုဆီ ခေါ်ဆောင်သွားပေးတယ်။ သူတို့ ကြောင့်ပဲ အကောင်းဆုံးထင်တာတွေကို
လုပ်ခဲ့တာမဟုတ်ပါလား။ အဲဒါကြောင့် ဘာဆုံးဖြတ်ချက်ပဲချချ သတ်မှတ်ထားတဲ့စံတွေကိုမပျောက်သွားစေပါနဲ့။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment