ကိုတီဆော(စိတ်ဖိစီးမှုဟိုမုန်း)တွေကို
adrenal glands တွေက ထုတ်လွှတ်ပါတယ်။ ခန္ဓာကိုယ် က စိတ် လှုပ်ရှားစရာတစ်စုံတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ
ကိုတီဆောတွေထုတ်လွှတ်ပြီး ခန္ဓာကိုယ်အတွက် စွမ်းအင်အသစ်၊ ခွန်အားသစ်တွေ ဖြစ်စေပါတယ်။
လူသားတွေရဲ့ နေထိုင်မှုအဆင့် အတန်းမြင့်မား လာတဲ့အခါ စိတ်ဖိစီးမှုတွေများလာပြီး စိတ်ဖိစီးမှုဟိုမုန်းတွေ
ပိုထုတ်လွှတ်လာပါတယ်။ အဲဒီအတွက် အိပ်ရေးပျက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ခန္ဓာကိုယ် ခုခံအားလျော့နည်းလာခြင်း၊
ဝမ်းဗိုက်အဆီများ လာခြင်း စတာတွေ ဖြစ်လာစေပါတော့တယ်။ အဲဒီတော့ ဒီစိတ်ဖိစီးမှုဟိုမုန်းတွေကို ဘယ်လိုတွန်းလှန်ကြ မလဲ။
သီချင်းနားထောင်
သီချင်းနားထောင်တာက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး
စိတ်ကိုတည်ငြိမ်စေပါတယ်။ စိတ်ဖိစီးနေတဲ့ အချိန်တိုင်း နားကြပ်တပ်ပြီး သီချင်းနားထောင်တာမျိုးဖြစ်စေလုပ်ပေးပါ။
အသက်ခပ်ပြင်းပြင်းရှု
စိတ်ဖိစီးနေချိန် အသက်ခပ်ပြင်းပြင်းရှုလိုက်တာက
ခန္ဓာကိုယ်ကိုသက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေပါလိမ့်မယ်။ အသက်ခပ်ပြင်းပြင်းရှုလိုက်ချိန်မှာ
ဦးနှောက်ထဲအောက်ဆီဂျင်ပို ရောက်ရှိနိုင်ပြီး ဦးနှောက်ကနေတစ်ဆင့် တည်ငြိမ်ပြီးစိတ်သက်သာရာရစေပါတယ်။
နှိပ်နယ်ပေးပါ
နှိပ်နယ်ပေးတာက စိတ်ဖိစီးမှုသက်သာစေဖို့
အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒါတင်မက အိပ်စက် ခြင်းကို ပိုပြီးအထောက်အကူပြုပါတယ်။ စိတ်ဖိစီးနေချိန်မှာ
ခြေဖ၀ါး ဒါမှမဟုတ် ခန္ဓာကိုယ်ကိုနှိပ် နယ်ပေး လိုက်ပါ။ စိတ်ဖိစီးမှု သိသိသာသာလျော့ပါးသွားပါလိမ့်မယ်။
ဥယျာဉ်စိုက်ပါ
ဥယျာဉ်ပြုစုပျိုးထောင်တဲ့ အလေ့အထကလည်း
စိတ်ဖိစီးမှုသက်သာစေပြီး စိတ်ကိုလန်းဆန်းစေပါ တယ်။ ဒါတင်မက ပန်းပွင့်အသီးအနှံတွေကို
ပျိုးထောင်ပေးရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း စိတ် ကျန်းမာမှု ရစေပါလိမ့်မယ်။
ရယ်မောပါ
ကလေးတစ်ယောက်လို အပူပင်မရှိ အားရပါးရရယ်မောလိုက်ပါ၊
ရယ်မောခြင်းက စိတ်ဖိစီးမှုဟိုမုန်း တွေကို လျော့ကျစေပြီး စိတ်ကိုကြည်လင်လာစေပါတယ်။
ဆားရေနဲ့ရေချိုးပါ
ရေခပ်နွေးနွေးထဲကိုဆားခပ်ပြီး ရေချိုးပေးခြင်းက
အကြောအချဉ်တွေပြေစေပြီး စိတ်ကြည်လင်စေပါ တယ်။ ဒါတင်မက ခန္ဓာကိုယ်ကပိုးမွှားတွေကိုလည်း
သေစေပါတယ်။
တိရိစ္ဆာန်မွေးပါ
တိရိစ္ဆာန်လေးတွေအထူးသဖြင့် ခွေး၊ ကြောင်လေးတွေဟာကိုယ်စိတ်ပင်ပန်းနေချိန်မှာ အဖော်ပြုပေး မယ့် အကောင်းဆုံးမိတ်ဆွေတွေပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment