ခြောက်သွေ့တဲ့အသားအရေနဲ့
ရေဓာတ်မပြည့်ဝတဲ့အသားအရေက အတူတူပဲလို့ လူတော်တော် များများကထင်နေကြပါတယ်။ အသားအရေခြောက်သွေ့တာက
အရေပြားမှာအဆီဓာတ်အလုံ အလောက် မရတဲ့အခါဖြစ်လာတာပါ။
ရေဓာတ်မပြည့်ဝတာကတော့ အရေပြားအတွင်း အစိုဓာတ် မလုံလောက်တဲ့အခါ ဖြစ်လာတဲ့အခြေအနေပါ။ အရေပြားက
ရေဓာတ်အလုံအလောက်မရတဲ့အခါအပေါ်ယံ အရေပြားအလွှာက ခြောက်သွေ့တင်းရင်းပြီး ကြမ်းတမ်းလာပါတယ်။
အဲဒီတော့ရေဓာတ် အလုံအလောက် မရတဲ့ အရေပြားကို ဘယ်လိုကုသကြမလဲ။
ကြေးချွတ်မိခြင်း
အရေပြားရေဓာတ်မပြည့်ဝတဲ့
လက္ခဏာခံစားလာရပြီဆိုရင်တော့ ပထမဆုံးအကြောင်းအရင်းက
ကြေးချွတ်ပစ္စည်းတွေမှာပါဝင်တဲ့ ပြင်းထန်တဲ့ဓာတုပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီတော့
ဓာတုပစ္စည်း တွေပါဝင်တဲ့ ကြေးချွတ်ပစ္စည်းတွေအစား သံလွင်ဆီ၊ ကော်ဖီကြမ်းတို့လို သဘာဝပစ္စည်းတွေပါဝင်တဲ့
ကြေးချွတ် ဆေးကိုသာသုံးပါ။ မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းနှိပ်မယ့်အစား စက်ဝိုင်းပုံသဏ္ဍန်
ငြင်သာစွာပွတ်ပေးပါ။
ကလိုရင်း
အရေပြားရေဓာတ်ခမ်းခြောက်ရတဲ့
အကြောင်းအရင်းတွေထဲကတစ်ခုကတော့ ရေကူးကန်ထဲမှာပါ ၀င်တဲ့ ကလိုရင်းတွေကြောင့်ပါ။ ကလိုရင်းကအရေပြားအတွက်
အန္တရာယ်များပါတယ်။ ရေကူးကန်ထဲမှာ ကြာကြာစိမ်ထားတဲ့အခါ ကလိုရင်းက အရေပြားကရေဓာတ်တွေကို
စုပ်ယူပြီးအရေပြားကိုတင်းရင်း ကြမ်းတမ်း စေပါတယ်။ အကောင်းဆုံးကတော့ ရေကူးကန်ထဲ မကြာခဏရေကစားတာရှောင်ဖို့ပါပဲ။
ရာသီဥတု
အေးမြခြောက်သွေ့တဲ့
ဆောင်းရာသီလေကလည်း အရေပြားကရေဓာတ်တွေကိုစုပ်ယူသွားနိုင်စွမ်းရှိပါ တယ်။ အဲဒါကြောင့်အကောင်းဆုံးက
ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့အလှဆီမျိုးသုံးစွဲဖို့ပါ။ အပြင်သွားတဲ့အခါတိုင်း အင်္ကျီလက်ရှည်၊
လက်အိတ်စတာတွေ ၀တ်ဆင်သွားတာအကောင်းဆုံးပါ။
အပူပေးစက်
လေအေးပေးစက်ကလည်း
အရေပြားကအစိုဓာတ်တွေကိုစုပ်ယူသွားပြီးအရေပြားကိုခြောက်သွေ့ ကြမ်းတမ်းသွားစေပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့
လေအေးပေးစက်မကြာခဏဖွင့်တာရှောင်ဖို့ပါ။
ဆပ်ပြာ
ကြမ်းတမ်းတဲ့ဆပ်ပြာတွေကလည်း
ခန္ဓာကိုယ်အရေပြားက အစိုဓာတ်တွေကိုစုပ်ယူသွားပြီး အသား အရေကိုခြောက်သွေ့ကြမ်းတမ်းနေစေပါတယ်။
ရေချိုး၊ မျက်နှာသစ်ပြီးတဲ့အခါတိုင်း အရေပြားကတင်းပြီး ကြမ်းတမ်းနေတယ်လို့ခံစားရရင်
အကောင်းဆုံးကဆပ်ပြာခပ်ပျော့ပျော့သာပြောင်းသုံးလိုက်ပါ။
ကြေးချွတ်ဆေး
အရေပြားခြောက်သွေ့တာနဲ့
ရေဓာတ်မပြည့်ဝတာက လုံးဝကွဲပြားပါတယ်။ အရေပြားအပေါ်ယံလွှာက အဆီပြန်နေပြီး အတွင်းကရေဓာတ်တွေခမ်းခြောက်နေတဲ့အခါ
အရက်ပြန်အခြေခံထုတ်ထားတဲ့ Skin Care တွေ အားလုံးအသုံးပြုတာတွေအားလုံး ခေတ္တအနားပေးထားလိုက်ပါ။
အရေပြားကိုရေဓာတ်ပြန်ဖြည့်ပေးနိုင်တဲ့ Toner မျိုးရွေးချယ်သုံးစွဲပေးပါ။
အနံ့အသက်
Skin
Care, Cosmetic ပစ္စည်းတွေဝယ်တဲ့အခါ အတတ်နိုင်ဆုံး ၁၀၀ ရာခိုင်နှုန်းသဘာဝပစ္စည်းနဲ့ ထုတ်လုပ်ထားတာကို
ရွေးချယ်ပါ။ ဒါမှသာအရေပြားပေါ်မှာနူးညံ့နေစေပါလိမ့်မယ်။ အရေပြားရေဓာတ် ခမ်းခြောက်နေသူများအနေနဲ့
ရနံ့ပါဝင်တဲ့ Skin Care တွေကိုရှောင်ပါ။ ဒီအနံ့အသက်တွေက အရေပြားကို ရေဓာတ်ခမ်းခြောက်စေပါလိမ့်မယ်။
နေရောင်ခြည်
နေရောင်ခြည်ကလည်းအရေပြားကို
ခြောက်သွေ့ပြီးရေဓာတ်ခမ်းခြောက်စေတဲ့အတွက် နေပူထဲသွား တဲ့အခါအတတ်နိုင်ဆုံး နေရောင်ကာလိမ်းဆေးအသုံးပြုပါ။
ဒါမှသာ နေရောင်ခြည်ရဲ့အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်တွေကြောင့် အရေပြားရေဓာတ်ခမ်းခြောက်ခြင်းကို
ကင်းဝေးစေပါလိမ့်မယ်။
အစိုဓာတ်ဖြည့်ပေး
အရေပြားကရေဓာတ်ခမ်းခြောက်တဲ့အခါ အပေါ်ယံလွှာအရေပြားမှာ
အဆီပြန်လာပါတယ်။ ဒါပေမဲ့ အဆီပါဝင်တဲ့အလှဆီသုံးစွဲဖို့ လိုနေဆဲပါ။ ရေချိုးပြီးတိုင်း
မျက်နှာသစ်ပြီးတိုင်းအဆီပါဝင်တဲ့အလှဆီလိမ်းပေး မယ်ဆိုရင် ရေဓာတ်ခမ်းခြောက်တာကင်းစင်စေပါလိမ့်မယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment