နားပြည်ယိုဝေဒနာ ဒီလိုကုသပါ










ရေကူး၊ ရေချိုး၊ ခေါင်းလျှော်ရင် နားထဲရေဝင်သွားတာမျိုး ဖြစ်ဖူးကြမှာပါ။ တစ်ခါတစ်ရံ နားအတွင်း ဘက်မှာ ကျန်ခဲ့တဲ့ရေတွေဟာ ဘတ်တီးရီးယားတွေပေါက်ဖွားဖို့ နေရာကောင်းတစ်ခု ဖြစ်လာပြီး နား ပြည်ယိုခြင်းဖြစ်လာပါတော့တယ်။ တစ်ခါတစ်ရံ မှို၊ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ မကြာခဏ နားကို ခပ်ကြမ်းကြမ်း သန့်ရှင်းရေးလုပ်ခြင်း၊ ယားယံတဲ့အခါ ကုတ်မိခြင်း၊ မကြာခဏ နားကြပ်တပ်လွန်းခြင်း စတာတွေကလည်း အခန့်မသင့်ရင် နားပြည်ယိုတာဖြစ်စေပါတယ်။ မကုသဘူး ဆို ရင် အကြားအာရုံ ဆုံးရှုံးရခြင်း၊ တစ်ရှူးများပျက်စီးခြင်း စတာတွေဖြစ်စေပါလိမ့်မယ်။ အဲဒီတော့ နားပြည်ယိုတဲ့ဝေဒနာကို ဘယ်လိုကုသကြ မလဲ။

ရှာလကာရည်အဖြူ
ရှာလကာရည်က နားပြည်ယိုတဲ့ ဝေဒနာကို ကုသဖို့ အကောင်းဆုံး ဆေးတစ်လက်ပါ။ ရှာလကာ ရည်ရဲ့ အက်ဆစ်ဂုဏ်သတ္တိက နားကို သန့်စင်စေပြီး ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ ရှာလ ကာရည်နဲ့အရက်ကို အချိုးတူရောစပ်ပါ။ ပြည်ယိုတဲ့နားထဲကို ၂-၃ စက်ထည့်ပေးပါ။ တစ်နေ့ ၂-၃ ကြိမ်ခန့်လုပ်ပေးနိုင်ပါတယ်။

နားကိုခြောက်သွေ့နေပါစေ
နားပြည်ယိုတဲ့အခါ နားကို အတက်နိုင်ဆုံး ခြောက်သွေ့အောင်ထားပေးတာ အကောင်းဆုံးပါ။ နားအတွင်းက အစိုဓာတ်တွေက ဘတ်တီးရီးယားတွေကိုပိုပြီး ပေါက်ဖွားစေနိုင်ပါတယ်။ အဲဒါကြောင့် ရေချိုးပြီးတဲ့အခါတိုင်း နားကို အဝတ်စလေးနဲ့အုပ်ပြီး ခြောက်သွေ့အောင်ထားပေးပါ။ ဒါမှမဟုတ် ဆံပင်အ ခြောက်ခံစက Dryer သုံးပြီး နားကိုခြောက်သွေ့အောင်လုပ်ပေးပါ။ သတိထားရမှာက Dryer သုံးတဲ့အခါ အနိမ့်ဆုံးအပူချိန်နဲ့သာ နားနဲ့တစ်ပေအကွာမှ မှုတ်ပေးပါ။

ကြပ်ထုတ်ထိုးပေး
တကယ်လို့ နားထဲကနေ ပြည်ယိုတယ်လို့ ခံစားရရင်ကြပ်ထုပ် ထိုးပေးလိုက်ပါ။ ကြပ်ထုတ်အပူက နား ပြည်ယိုတာကို နှေးသွားစေပြီး နာကျင်မှုကို သက်သာစေပါလိမ့်မယ်။ အဝတ်သန့်သန့်တစ်ထည်ကို ရေနွေးထဲမှာစိမ်၊ ရေတွေကိုစင်အောင် ညှစ်ထုတ်ပြီး ပြည်ယိုတဲ့နားပေါ် (၂) မိနစ်ခန့်အုပ်ထားပေးပါ။ (၁ဝ) မိနစ်ခန့်နားပြီး အကယ်၍ ပြည်ယိုနေလျှင် နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
နားပြည်ယိုတာ သက်သာစေဖို့ နောက်ထပ်နည်းလမ်း တစ်ခုကတော့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အရည်ပါ။ ဘတ်တီးရီးယာားတွေကို သေစေတဲ့ ဓာတုပစ္စည်းက နားအတွင်းပြည်တွေကို ခမ်းခြောက်သွားစေပြီး ဘတ်တီးရီးယားတွေကို သက်သာစေပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အရည် ၂-၃ စက်ကို ပြည်ယို တဲ့အနားအတွင်း ထည့်ပေးပါ။ အရည်များ ထွက်မကျသွားစေဖို့ နားကိုဆန့်ဘက်ဘက်သို့ စာင်းထားပေးပါ။ တစ်နေ့ကို နှစ်ကြိမ်ခန့် လုပ်ထားပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း နားပြည်ယိုခြင်းဝေဒနာအတွက် အကောင်းဆုံးပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ နာကျင်မှုကို သက်သာစေတဲ့ ဂုဏ်သတ္တိနဲ့ ပိုးမွှားများကိုသေစေတဲ့ ဂုစ်သတ္တိတွေက နားပြည်ယိုတာကို သက်သာစေပြီး နာကျင်မှုကိုသက်သာစေပါတယ်။ ကြက်သွန်ဖြူနှစ်မွှာကို ထောင်းပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် ရောပေးပါ။ ၎င်းအရည်ကို ညိုသွားသည်အထိ အပူပေးပါ။ အရည်အ နည်ထိုင်ပြီး အေးသွားတဲ့အခါ ပြည်ယိုတဲ့နားဝတွင်းသို့ ၂-၃ စက်ချပေးပါ။ တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ ဒဏ်ရာသက်သာစေဖို့ ကြက်သွန်ဖြူကိုလည်း စားပေးနိုင်ပါတယ်။

နို့ရည်
နို့ရည်ကလည်း နားပြည်ယိုတာကို ကုသပေးနိုင်ပါတယ်။ နို့ရည်မှာပါဝင်တဲ့ သဘာဝအတိုင်း ပိုးမွှား တွေကို သေစေတဲ့ ဂုဏ်သတ္တိက နားပြည်ယိုတာကို လျင်မြန်စွာ ကုသပေးပြီး နာကျင်မှုကို သက်သာ စေပါတယ်။ နို့ရည်ကို ဒဏ်ရာရတဲ့ နားအတွင်းသို့ အနည်းငယ်ထည့်ပေးပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ၎င်းအရည်ကို နားအတွင်းမှ ပြန်ထုတ်ပေးပါ။

ကြက်သွန်နီအရည်
အာယုဒေဝဆေးကျမ်းများအရ ကြက်သွန်နီအရည်က နားပြည်ယိုတာကို သက်သာစေပါတယ်။ ကြက်သွန်နီအရည်မှာပါဝင်တဲ့ ဂုဏ်သတ္တိတွေက နားပြည်ယိုခြင်းနဲ့ ကူးစက်ရောဂါတွေကို သက်သာစေပါ တယ်။ ကြက်သွန်နီအသေးတစ်လုံးရဲ အရည်ကို microwave ထဲမှာ အနည်းငယ်နွေးအောင် အပူပေးပါ။  ဒီ ခပ်နွေးနွေးအရည်ကို နားအတွင်း ၂-၃ စက်ချပေးပါ။ ၅ မိနစ်အကြာမှ နားအတွင်းမှ ၎င်းအရည်ကို ပြန် ထုတ်ပေးပါ။ တစ်နေ့ ၂-၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။

သတိထားရမယ့်အချက်တွေ အနေနဲ့ကတော့ဒီလိုရှိပါတယ်…..
ရေချိုး ၊ ခေါင်းလျော်ပြီးတိုင်း နားကို ခြောက်သွေ့အောင် သုတ်ပေးပါ။
နားကြပ်တပ်ပြီးသီချင်းသံ ခပ်ကျယ်ကျယ်နားထောင်တာရှောင်ပါ။
နားပြည်ယိုနေချိန်မှာ နားသန့်ရှင်းရေးလုပ်တာကို ဂရုစိုက်ပါ။
ရေကူးတဲ့အခါ အတက်နိုင်ဆုံး သန့်ရှင်းတဲ့ရေကူးကန်လိုမျိုးထဲမှာသာကူးပါ။

ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment