မျက်ဝန်းမိတ်ကပ်လိမ်းခြယ်တဲ့အခါ…









မိတ်ကပ်လိမ်းထားစဉ်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့။ ဒါပေမဲ့ အချိန်အနည်း ငယ်ကြာ လို့ မှန်ပြန်ကြည့်လိုက်တဲ့အခါ 'ဒါ ငါလိမ်းထားတာမှဟုတ်ရဲ့လား' လို့ အံ့သြထိတ်လန့်သွားတဲ့ အခိုက်အတန့် မိန်းကလေးတိုင်းနီးပါး ကြုံဖူးကြပါလိမ့်မယ်။ ဒါ ကိုယ့်ကိုယ်ကိုယ် အသစ်အဆန်း ထွင်လွန်းတာကြောင့်လည်း ဖြစ်နိုင်တယ်။ မိတ်ကပ်လိမ်းရတာ မ၀ံ့ရဲတာကြောင့်လည်းဖြစ်နိုင်တယ်။ မိတ်ကပ်လိမ်းနေစဉ်မှာ ဘာအမှားတွေ ကျူးလွန်မိတတ်သလဲ။

မျက်ခုံးမွေးဆွဲလွန်းခြင်း
သဘာဝအတိုင်းမျက်ခုံးထူတာကို မနှစ်သက်လို့ မျက်ခုံးမွေးရိတ်စရာမလိုသလို မျက်ခုံးကို ခပ်နက်နက် ထပ်ဆိုးစရာလည်း မလိုပါဘူး။ မျက်ခုံးနဲ့ ဆံပင်အရောင် ခပ်ဆင်ဆင်သာထားပေးပါ။
သေချာမနှံ့ခြင်း
မျက်ခွံဆိုးတဲ့အခါ သက်တန့်လို အရောင်တစ်ရောင်ချင်းစီဖြစ်နေရမှာထက် အရောင်တွေက သင့်တင့် မျှတနေဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် မျက်ဝန်းမိတ်ကပ်က ရယ်ချင်စရာကောင်းနေပါလိမ့်မယ်။

မျက်တောင်ကော့ဆေးသုံးပြီးနောက်
မျက်တောင်ကော့ဆေးသုံးပြီးမှ မျက်တောင်ကော့တာက မျက်တောင်ပေါ်မှာ Mascara တွေကို မညီမညာဖြစ်ပြီး မျက်ဝန်းကိုစွန်းထင်းစေပါတယ်။ အဲဒါကြောင့် မျက်တောင်ကော့ပြီးမှ Mascara သုံးပါ။

မျက်ဝန်းအတွင်းထောင့် အရောင်
မျက်ဝန်းအတွင်းထောင့်မှာ အရောင်ရင့်သုံးတာက မျက်လုံးကို ပိုပြီးချိုင့်သွားသယောင်ထင်ရစေပါ တယ်။ အဲဒါကြောင့် မျက်ဝန်းအတွင်းထောင့်ကို အရောင်နုလေးသာသုံးပေးပါ။ အဲဒါမှ မျက်ဝန်း အလှကပိုပြီး ပေါ်လွင်မှာပါ။

ရေစိုခံမျက်တောင်ကော့ဆေးမသုံးခြင်း
ရေစိုခံမျက်တောင်ကော့ဆေး မသုံးတဲ့အတွက် မျက်ဝန်းမှာ အနက်ရောင်တွေပျံ့နှံ့သွားပြီး မျက်ဝန်းအလှကို ကြည့်ရဆိုးသွားစေပါလိမ့်မယ်။ အကောင်းဆုံးကတော့ ရေစိုခံမျက်တောင်ကော့ ဆေးသုံးပေးပါ။

မိတ်ကပ်အောက်ခံမသုံးခြင်း
မိတ်ကပ်အောက်ခံက မျက်နှာပြင်ပေါ်က မိတ်ကပ်သားကို ညီညာသွားစေပါလိမ့်မယ်။ အဲဒါကြောင့် Eye Shadow မသုံးခင်မှာ မိတ်ကပ်အောက်ခံသုံးပေးပါ။ ဒါမှ မျက်ဝန်းအလှက ကြာရှည်ခံပါလိမ့်မယ်။

Eye Shadow နောက်ဆုံးမှ သုံးခြင်း
မျက်တောင်ကော့ဆေး၊ Eye Liner သုံးပြီးမှ Eye Shadow သုံးတာ လုံးဝလွဲမှားတဲ့လုပ်ရပ်ပါ။ Eye Shadow အမှုန်တွေက ပျံ့လွင့်ပြီး မျက်ဝန်းအလှကို မှေးမှိန်စေပါလိမ့်မယ်။

မိတ်ကပ်ဖျက်ဆေးမသုံးခြင်း
ညအိပ်ရာမ၀င်ခင် မိတ်ကပ်ဖျက်ဆေးသုံးပြီးမှ မျက်နှာသန့်စင်ပေးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်နေကုန်သုံးထားတဲ့ မိတ်ကပ်တွေက အသားအရေကို ပျက်စီးစေပါလိမ့်မယ်။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment