မျက်တောင်လေးတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ ...


ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်တစ်စုံက မိန်းကလေးတိုင်းရဲ့အိမ်မက်ပါ။ ဒီမျက်တောင်လေးတွေ က မျက်ဝန်းကိုပုံဖော်ပေးတယ်။ ပိုပြီးမှတ်မိလွယ်စေတယ်။ ပိုပြီးဆွဲဆောင်မှုရှိတယ်။ ဒီလိုရှည်လျားကော့ ညွတ်လှပတဲ့ မျက်တောင်လေးတွေကို ထာဝရပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ထိန်းသိမ်းစောင့်ရှောက်ရမှာပါ။ မထိန်းသိမ်းဘူးဆိုရင်တော့ မျက်တောင်လေးတွေကျွတ်ကုန်ပြီး ပျက်စီးသွားပါလိမ့်မယ်။ အရင်ကတော့ မျက်တောင်လေးတွေဆိုတာ ဂရုစိုက်ရကောင်းမှန်း သိချင်မှသိပါလိမ့်မယ်။ အခုချိန်ကစပြီးမျက်တောင်လေး တွေကိုပိုပြီး လှပကျန်းမာနေစေဖို့ ထိန်းသိမ်းစောင့်ရှောက်နည်းလေးတွေကို လေ့လာကြည့်ရအောင်။

ညင်သာစွာကိုင်တွယ်
မျက်တောင်လေးတွေ လှလှပပရှင်သန်လာစေဖို့ ပထမဆုံးနည်းလမ်းက သူတို့ကိုညှင်သာစွာကိုင်တွယ်ပါ။ မျက်တောင်တစ်ချောင်းရှင်သန်ဖို့ အချိန် ၈ ပတ်/နှစ်လကြာ မြင့်ပါတယ်။ မျက်တောင်ကော့ဆေးဖျက်တဲ့ အခါ မျက်ဝန်းကို အတင်းအကြပ်မပွတ်မိပါစေနဲ့။ အတင်းပွတ်မယ်ဆိုရင် မျက်တောင်လေးတွေ ပျက်စီးစေပါ လိမ့်မယ်။

နေ့စဉ်ဖီးပေး

ဦးခေါင်းထက်က ဆံကေသာကို နေ့စဉ်ဖီးပေးနေရသလို မျက်တောင်လေးတွေကိုလည်း ဖီးပေးဖို့လိုပါတယ်။ မျက်တောင်လေးတွေက ရှုပ်ထွေးနေတဲ့အခါ ကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ မျက်တောင်လေးတွေကို ဘရပ်ရှ် လေးနဲ့ ပုံမှန်ဖီးပေးမယ်ဆိုရင် သဘာဝအဆီလေးတွေကို ပုံမှန်လည်ပတ်နေစေပြီး မျက်တောင်လေးတွေကို ကျန်းမာနေစေပါလိမ့်မယ်။ ပုံမှန်ဖီးပေးတဲ့အတွက် သွေးလည်ပတ်မှုကောင်းစေပြီး မျက်တောင်လေးတွေ ပိုပြီးရှင်သန်နေစေပါလိမ့်မယ်။

သံလွင်ဆီ
မျက်တောင်လေးတွေ ရှည်လျားလှပစေဖို့ ဈေးအသက်သာဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ သံလွင်ဆီအသုံးပြုဖို့ပါ။ သံလွင်ဆီကို ဘရပ်ရှ်လေးနဲ့ပွတ်ပြီး မျက်တောင်လေးမှာလိမ်းပေးပါ။ ဒါမှမဟုတ် လက်ကလေးနဲ့ ညင်ညင်သာသာပွတ်ပြီး တစ်ညခန့်သိပ်ပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆိုရင် မျက်တောင်လေး တွေက မဲနက်ပြီး ရှည်လျားလှပလာပါလိမ့်မယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်း ဆံကေသာအသုံးပြုသလို မျက်တောင်လေးတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ လက်ဖက်စိမ်းအစိုကို မျက်တောင်လေးတွေမှာသုတ်လိမ်းပေးရင် မျက်တောင်လေးတွေ နက်မှောင်တောက် ပပြီး ရှည်လျားလာစေပါတယ်။ ရေနွေးကြမ်းအအေးခံထားတဲ့အရည်ကိုလည်း မျက်တောင်လေးပေါ်လိမ်း ပေးနိုင်ပါတယ်။

သန့်ရှင်းနေပါစေ

လှပတဲ့မျက်တောင်လေးပိုင်ဆိုင်ဖို့ အရေးကြီးဆုံးက မျက်တောင်လေးတွေက သန့်ရှင်းနေဖို့လိုပါတယ်။ နေ့စဉ်မျက်နှာသစ်တိုင်း မျက်တောင်လေးတွေကိုပါ သန့်ရှင်းရေးလုပ်ပေးပါ။ Eye Makeup, Mascara မိတ်ကပ်အကြွင်းအကျန်တွေကို သန့်ရှင်းနေပါစေ။

အစားအသောက်သတိပြု
ကိုယ်စားသုံးတဲ့အစားအစာ ဆံကေသာကို တိုက်ရိုက်ထိခိုက်စေသလို မျက်တောင်လေးတွေကိုလည်း ထိခိုက်စေပါတယ်။ အာဟာရမပြည့်ဝရင် ဆံကေသာလိုပဲ မျက်တောင်လေးတွေ အင်အားချည့်နဲ့ပြီး ပျက်စီး နိုင်ပါတယ်။ အဲဒါကြောင့် လတ်ဆတ်တဲ့သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေများများစားပေးပါ။

မျက်ခွံကိုနှိပ်ပေး
မျက်ခွံတွေကို ခပ်ဖွဖွလေးနှိပ်နယ်ပေးတယ်ဆိုရင် မျက်တောင်လေးတွေကို ရှည်လျားလှပလာစေပါလိမ့် မယ်။ ညအိပ်ရာမဝင်ခင် မျက်ခွံကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။

မျက်တောင်တုရှောင်

မျက်တောင်တုတပ်တာလည်း မျက်တောင်တွေပါးရတဲ့ အကြောင်းအရင်းတစ်ခုပါ။ မျက်တောင်တုနဲ့အတူ အသုံးပြုရတဲ့ကော်တွေက မျက်ဝန်းနဲ့မျက်တောင်ကိုပါ ထိခိုက်နိုင်ချေရှိပါတယ်။ အဲဒါကြောင့် မျက်တောင် တုတပ်တာအတတ်နိုင်ဆုံးရှောင်ပါ။

ဝဿန်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment