Fallout Shelter












Elder Scroll RPG စီးရီးနဲ့ လူသိများအောင်မြင်တဲ့ Bethesda ကုမ္ပဏီဟာ သူတို့ရဲ့အလားတူ အောင်မြင်ကျော်ကြားတဲ့ ဂိမ်း franchise တစ်ခုဖြစ်တဲ့ Fallout နဲ့မိုဘိုင်းဈေးကွက်ကို ခြေချခဲ့တယ်။ ဒါပေမဲ့ Fallout Shelter ဟာ အနုမြူစစ်ကြောင့်ကမ္ဘာပျက်ပြီးနောက် Vault-Tec ရဲ့စီမံမှုနဲ့ မြေအောက် Vault တွေ ထဲမှာ လူသားတွေဆက်လက်ရှင်သန်နိုင်ဖို့ နေရာချခန့်ခွဲရမယ့် Strategy game တစ်ခုဖြစ်ပါတယ်။
ဒီဂိမ်းဟာ နာမည်ကြီးဂိမ်းကုမ္ပဏီတစ်ခုဆီကနေ တိုက်ရိုက်လာတဲ့ ဂိမ်းတစ်ခုဖြစ်တာနဲ့အညီ တခြား မိုဘိုင်းဂိမ်းငယ်တွေလို ဟိုမရောက်ဒီမရောက်ဖြစ်နေတာမျိုးမတွေ့ရဘူး။ စစဆော့ခြင်းမှာတင် ခက်ခဲမှု အနည်း ငယ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ Vault မှာနေထိုင်သူတွေ ရှင်သန်နိုင်အောင်လုပ်ရတာဟာ မိုဘိုင်းဂိမ်း တွေမှာတွေ့နေကျ Building Sim တွေလို လွယ်ကူမှာမဟုတ်ပါဘူး။ ကစားသူဟာ Vault-Tec ရဲ့ ၀န်ထမ်း တစ်ယောက်ဖြစ်ပြီး ကပ်ဘေးသင့်လူသားတွေကို Vault တွေထဲမှာ အစားအစာ၊ စွမ်းအင်၊ ရေ စတဲ့လိုအပ် ချက်တွေကို လုံလောက်စွာရရှိနိုင်ဖို့ ခန့်ခွဲပေးရမှာဖြစ်ပါတယ်။
 ရောက်လာတဲ့သူတွေကို သူတို့ရဲ့စွမ်းရည် ပေါ်မူတည်ပြီး နေရာခွဲပေးရမှာပါ။ လူတစ်ယောက်ကို ထောက်ကြည့်ရင် သူ့ရဲ့ Skill bar ကို မြင်ရမှာဖြစ်ပြီး Skill bar ကို အသေးစိတ်မြင်ရဖို့ထပ်ပြီး Tap လုပ်ရမှာဖြစ်ပါတယ်။ ကိုယ့်ဆီရောက်လာတဲ့ Dweller တိုင်းမှာ Strength, Perception, Endurance, Charisma, Intelligence, Agility, Luck  ဆိုပြီး ၇ မျိုးရှိမှာပါ။ Luck ဟာ Room တစ်ခုကို Resource အမြန်ထွက်အောင် Rush တဲ့နေရာမှာ အသုံးဝင်တာဖြစ်ပြီး ကျန်တဲ့ခြောက်မျိုးကတော့ မတူညီတဲ့ အခန်းတွေအတွက်  လုပ်ဆောင်မှုနဲ့ပျော်ရွှင်မှုများအတွက် အရေးပါ ပါတယ်။ ကိုယ့်ရဲ့အားသာချက်ကို အသုံးမချရတဲ့ Dweller ဟာ ပျော်ရွှင်မှုကျဆင်းလာမှာပါ။
Strength များတဲ့သူက Powre Plants မှာအသုံးပိုဝင်တယ်။ Perception များတဲ့သူက Wathe treatment, Endurance များတဲ့သူက Wasteland ထဲကို explore လုပ်တာနဲ့ Nuka-cola ထုတ်လုပ်ရေး တွေမှာကောင်းပါတယ်။ Charisma များတဲ့သူက Radio Station နဲ့မျိုးပွားတဲ့ Living room တွေမှာပိုသာတယ်။ Intelligence များတဲ့သူက Medical Bay/Lab တို့မှာအလုပ်ပေးရမှာဖြစ်ပြီး Agility များတဲ့လူတွေကတော့ Dining Room အတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။
Wasteland ထဲကို Explore လုပ်ဖို့လူစေလွှတ်ခြင်းဖြင့် Exp, Cap နဲ့အခြားအရာတွေရရှိနိုင်ပြီး Indurance သမားတွေက ပိုကြာရှည်ခံမှာဖြစ်ပြီး Luck များတဲ့သူတွေကတော့ item တွေရရှိဖို့ ပိုအခွင့်အ လမ်း များတယ်။ Armor ကို သင့်တော်တဲ့ Weapon တွေတပ်ဆင်ပေးဖို့လည်းမမေ့ပါနဲ့။
ဒီဂိမ်းမှာ ကစားသူဟာ Cap ဆိုတဲ့ currency ကိုအသုံးပြုပြီး အခန်းတွေချဲ့ထွင်တာ၊ ဓါတ်လှေကား တည်ဆောက်တာ၊ အခန်းနေရာလွတ်ဖို့အတွက် ကျောက်တုံးတွေရှင်းလင်းတာစတဲ့အရာတွေကို အသုံးပြုရ မှာ ဖြစ်ပါတယ်။ Dweller တွေကြာကြာရှင်သန်ဖို့အတွက် လျှပ်စစ်အား၊ အစားအစာနဲ့ရေတို့က မရှိမဖြစ်ပါ။ အခန်း တစ်ခုမှာ Dwellwr နှစ်ယောက်တပြိုင်ထဲအလုပ်လုပ်နိုင်ပြီး တူညီတဲ့အခန်းနှစ်ခုကို ဘေးချင်းကပ် ဆောက်လိုက်ရင်တစ်ခုတည်းဖြစ်ပေါင်းသွားပြီး လေးယောက်တပြိုင်ထဲအလုပ်လုပ်နိုင်မှာပါ။ ကြားရ တာတော့ လွယ်သလိုပဲ။ ဒါပေမယ့် ဆော့ကြည့်လိုက်ရင်တော့ ရက်ပိုင်းအတွင်း မကြာခဏ အစကနေပြန်ပြန်စသွားရနိုင်ပါတယ်။ ဒီလိုခက်တာကပဲ သူများနဲ့မတူတဲ့ဆွဲဆောင်မှုတစ်ခုပါ။
Fallout Shelter ဟာ အင်တာနက်မလိုဘဲ Offline ဆော့ကစားနိုင်ပြီး စမ်းသပ်ကြည့်သင့်တဲ့ ဂိမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ Cap တွေရှာရတာအချိန်ကြာပေမယ့် ingame purchase ကနေမ၀ယ်ဘဲ သူတို့ပေးတဲ့ quest တွေကနေလဲရနိုင်တယ်။ Virtual Villager လိုပုံစံမျိုးကို Building Sim နဲ့ပေါင်းစပ် ထားတာမျိုးလို့ ညွှန်းချင်ပါတယ်။ သာမန် Graphic နဲ့ နည်းပညာအရဆွဲဆောင်မှု သိပ်မရှိလှပေမယ့် ဒီဂိမ်းရဲ့ စဉ်းစားတွေးခေါ်၊ ဆင့်ပွားတွေးခေါ်ရတဲ့ပုံစံတွေကြောင့် တစ်နှစ်တာအကောင်းဆုံး ဂိမ်းဆုတွေ ကိုလည်း ဆွတ်ခူးထားပါသေးတယ်။ ဒီဂိမ်းရဲ့အားသာချက်တွေက ပြင်ပကမ္ဘာနဲ့အနီးစပ်ဆုံး စီမံခန့်ခွဲသလို ပုံစံတူရေးဆွဲပေး ထားတာကြောင့် ဦးနှောက်စားတဲ့ဂိမ်းမျိုးကို နှစ်သက်သူတွေအတွက် စမ်းသပ်ဆော့ ကစားကြည့်သင့်တဲ့ဂိမ်းဖြစ်ပါတယ်။

Banruka

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 





https://web.facebook.com/shapejournal/

Share on Google Plus

0 comments:

Post a Comment