Fashion အကြောင်း မသိတာလေးတွေ လေ့လာကြည့်ရအောင်



ကိုကိုးရှန်နယ် အနက်ရောင် ၀တ်စုံတီထွင်ခဲ့တာ လူတိုင်းသိကြမှာပါ။ ဒါပေမဲ့ မာက့်ဟွန်းက ဘရာစီယာနောက်ကျောက ချိတ်တွေတီထွင်ခဲ့တာသိပါသလား။ အဲဒီလိုပဲ။ ဖက်ရှင်နဲ့ပတ်သက်လာရင် ဘယ်လောက်ပဲဖက်ရှင်ကို စိတ်ဝင်စားပေမဲ့ လက်လှမ်းမမီ.. မသိရသေးတာလေးတွေရှိနေပါတယ်။

အဲဒီတော့ လေ့လာကြည့်ရအောင်။

နပိုလီယန်က ဖက်ရှင်တစ်ခေတ်ပြောင်းလဲစေခဲ့တယ်

ဂျာကင်အင်္ကျီတွေမှာ ကြယ်သီးတွေများတာ နပိုလီယန်ကြောင့် ပါ။ နပိုလီယန်က သူ့စစ်သား တွေ နှာစေးတဲ့အခါ အင်္ကျီင်နဲ့သုတ်ကြတာကို မမြင်ချင်တဲ့အတွက် ဂျာကင်အင်္ကျီင်တွေမှာ ကြယ်သီး တပ်ဖို့အမိန့်ပေးခဲ့ပါတယ်။


ထူတန်ကာမွန် (Tutaakhamum) က Eye liner ကို နာမည်ကြီးစေခဲ့တယ်
၁၉၂၀ ၀န်းကျင်လောက်အထိ Eye Liner တွေက လူသိနည်းနေခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၂၂ ခုနှစ် အီဂျစ်ဘုရင် တူတန်ကာမွန် ရဲ့အုတ်ဂူမှာ ဘုရင်ပုံစံက Eye Liner ဆွဲထားတာတွေ့ပြီးနောက် မှာတော့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ထီးဆိုတာ မိုးကာဖို့မဟုတ်ခဲ့
ထီးကို မိုးဒဏ်ကာကွယ်ဖို့ တီထွင်ခဲ့တာမဟုတ်ပါဘူး။ 21 AD လောက်အထိ ထီးကို နေဒဏ် ကာကွယ်ဖို့အတွက်သာသုံးပါတယ်။ Umberlla စကားလုံးက လက်တင်ဘာသာစကား Umbra ကနေ ဆင်းသက်လာပြီး အရိပ်၊ အကာအကွယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒေါက်မြင့်ဖိနပ်ဆိုတာ အမျိုးသားတွေအတွက်

ဒေါက်ဖိနပ်က အမျိုးသမီးတွေ ဆွဲဆောင်မှုရှိစေဖို့ ထုတ်လုပ်ခဲ့တာမဟုတ်ပါဘူး။ သမိုင်း အထောက်အထားအရ ပထမဆုံးဒေါက်မြင့်ဖိနပ်ကို အမျိုးသားတွေမြှားပစ်တဲ့အခါ အသုံးပြုဖို့ ထုတ်လုပ်ခဲ့တာပါ။

တစ်သက်တာအတွင်း အ၀တ်အစားဘယ်လောက်ဝယ်ခဲ့သလဲ
သာမန်အမျိုးသမီးတစ်ယောက်က သူ့ဘ၀သက်တမ်းတစ်လျှောက်မှာ အ၀တ်အစားအတွက် ၁၂၅၀၀၀ အမေရိကန်ဒေါ်လာ အသုံးပြုပြီး အမျိုးအစားပေါင်း ၃၀၀၀၀ ကျော် ၀ယ်ယူသုံးစွဲပါတယ်။

ဖက်ရှင်ကို အမျိုးသားတွေထိန်းချုပ်ထားဆဲ လက်ရှိအချိန်အထိနာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေ ကို တီထွင်ဖန်တီးနေတာ အမျိုးသားတွေအများဆုံးဖြစ်နေပါတယ်။
Crystal


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment