ခြေထောက်လေးတွေ
ခြေချောင်းလေးတွေလှပဖို့က ယောက်ျားလေး၊ မိန်းကလေးတိုင်းအတွက် အရေးကြီး ဆုံး ပါ။ တစ်နည်းပြောရရင်
မျက်နှာ၊ အ၀တ်အစားပြီးရင် ဒုတိယအရေးကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။ တစ်ကိုယ်လုံးတော့လှနေပါရဲ့။
ခြေချောင်းလေးတွေက ညစ်ပေပြီးအနံ့ထွက်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးရပါတော့တယ်။
အဲဒီတော့ ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်ဖို့ ခြေထောက်လေးတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ…။
ဖိနပ်ပြောင်းစီးပေး
ပထမဆုံးအချက်ကတော့ ဖိနပ်တစ်ရံတည်းကို
နေ့တိုင်းမစီးဖို့ပါ။ ဒီဖိနပ်ကိုပဲ နေ့တိုင်းစီးတဲ့အတွက် ဘက်တီးရီယားတွေ ပေါက်ဖွားပြီးစိုစွတ်ကာ
အနံ့ထွက်လာစေပါတယ်။ အလုံပိတ်အခန်းတို့လိုမျိုးထဲမှာ အနံ့က ပိုပြီးသိသာပါတယ်။
သန့်ရှင်းနေပါစေ
ဒုတိယအနေနဲ့ ခြေထောက်၊ ခြေချောင်းလေးတွေကို
ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ အထူးသဖြင့် ခြေထောက်အနံ့ထွက်သူတွေပိုပြီး လုပ်ဆောင်ပေးသင့်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
ညဘက် ဖိနပ်ချွတ်ထားချိန်မှာ ဖိနပ်အတွင်းမုန့်ဖုတ်ဆိုဒါ
ထည့်ပေးထားပါ။ မုန့်ဖုတ်ဆိုဒါက သဘာဝ အတိုင်းအနံ့အသက်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်စေပါတယ်။
ပုံမှန်လုပ်ပေးမယ်ဆိုရင် ခြေချောင်းလေးတွေ အနံ့အသက်ကင်းပြီး သန့်ရှင်းစင်ကြယ်လာပါလိမ့်မယ်။
ရေခဲသေတ္တာ
နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ဖိနပ်နဲ့
ခြေအိတ်တွေကို ရေခဲသေတ္တာထဲလုံအောင် ထည့်ပြီးသိမ်းထားဖို့ပါ။ ဘက်တီးရီးယားတွေက ပူနွေးစွတ်စိုနေချိန်
ပေါက်ဖွားလာနိုင်တာဖြစ်တဲ့အတွက် အေးနေချိန်မှာ အနံ့အသက်တွေ ကင်းစင်နေပါလိမ့်မယ်။
အဆီ
အနံ့အသက်တွေဖယ်ရှားနိုင်ဖို့ ပန်းပေါင်းစုံဆီကိုသုံးပေးနိုင်ပါတယ်။
ပန်းပေါင်းစုံရနံ့နဲ့ ထုတ်လုပ် ထားတဲ့အဆီတွေက ဖိနပ်နဲ့ခြေထောက်ကို အနံ့အသက်ကင်းစင်စေပါလိမ့်မယ်။
ရှာလကာရည်
ခြေဆီထွက်သူတွေ၊ ခြေထောက်အနံ့နံသူတွေ
ရှာလကာရည်နဲ့ ခြေထောက်ကိုစိမ်ပေးနိုင်ပါတယ်။ ရှာလကာရည်နဲ့ရေကို ဆတူရောပြီး ၁၅ မိနစ်ခန့်
ခြေထောက်စိမ်ထားပေးပါ။
ကြေးချွတ်ပေးပါ
ခန္ဓာကိုယ်အရေပြားလိုပဲ ခြေထောက်တွေမှာလည်း
ဆဲလ်အသေလေးတွေကပ်နေပါတယ်။ ဒီဆဲလ် အသေလေးတွေကနေ ဘက်တီရီးယားတွေပေါက်ဖွားပြီး အနံ့ထွက်လာစေတဲ့အတွက်
ပုံမှန်ကြေးချွတ်ပေး ပါ။
ပင်စိမ်းရွက်
ပင်စိမ်းရွက်ကလည်း ဖိနပ်အတွင်းအနံ့အသက်တွေကို
ပျောက်ကင်းစေပါတယ်။ ပင်စိမ်း ရွက်ကို ထောင်ပြီး ဖိနပ်အတွင်းထည့်ထားပါ။ အနံ့တွေကိုသိသိသာသာ
ပျောက်ကင်းသွားစေပါလိမ့်မယ်။
ဆားရည်
ဆားရည်စိမ်တာကတော့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုပါ။
ဆားရည်ခပ်နွေးနွေးထဲမှာ ၁၀ မိနစ်ခန့် စိမ် ထားပေးပြီး ခြောက်အောင်သုတ်ပေးပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင်
အနံ့အသက်တွေကင်း စင်နေပါလိမ့်မယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment