ချစ်သူမဖြစ်ခင်.................











ချစ်သူမဖြစ်ခင်ကိုယ်ချစ်လာရမဲ့ ယောက်ျားလေး၊ မိန်းကလေးနဲ့ သူငယ်ချင်းအဖြစ် ခင်မင်ခွင့်ရနေတဲ့ အချိန်က တကယ်တော့ ရေရှည်အချစ်ရေးအတွက် ရလာဒ်ကောင်းတွေ အများကြီးပါ။

Yes တစ်ချက်နှိပ်လိုက်ရုံနဲ့ ဒိတ်လုပ်လို့ရတဲ့ Social Media တွေထွန်းကားလာတဲ့ခေတ်မှာ သူငယ် ချင်း အဆင့်ဆိုတာ ပျောက်ဆုံးလာပါတယ်။ ချစ်သူမဖြစ်ခင် ကိုယ်ချစ်လာရမဲ့ ယောက်ျားလေး၊ မိန်းကလေးနဲ့ သူငယ်ချင်းအဖြစ် ခင်မင်ခွင့်ရနေတဲ့အချိန်က တကယ်တော့ ရေရှည်အချစ်ရေးအတွက် ရလာဒ်ကောင်းတွေ အများကြီးပါ။ သူ့အကြောင်းအတွင်းအပြင် ပွင့်ပွင့်လင်းလင်းသိခွင့်ရလာမယ်။ သူ့စရိုက်ကိုသေသေချာချာ ဘက်လိုက်ခြင်းမရှိ လေ့လာခွင့်ရတယ်။ ပြီးတော့ ဘာဖြစ်ဦးမလဲ… ။

ကိုယ့်ရည်းစားဟောင်းလိုမျိုးထားခဲ့မှာမဟုတ်
သူကကိုယ့်သူငယ်ချင်းလေ။ သူငယ်ချင်းဆိုတော့ ကိုယ်အရင်က အချစ်ရေးတွေဘယ်လိုဖြစ်ခဲ့တာ သူ ကောင်းကောင်းသိတာပေါ့။ကိုယ်သူ့ကိုပြောပြတာလည်းဖြစ်နိုင်တယ်။ အဲဒီတော့ကိုယ့် ရည်းစားဟောင်း လိုမျိုး သူဒုက္ခပေးမှာ မစိုးရိမ်ရဘူးပေါ့။ 

ကြာရှည်ခံဖို့ အခွင့်အရေးရှိတယ်
ဘာကြောင့်ဆက်ဆံရေးတွေ ပြိုကွဲခဲ့သလဲဆိုရင် သဘောထားမတိုက်ဆိုင်တာတွေကြောင့်ပါ။ အခု သူက ကိုယ့်သူငယ်ချင်းလေ။ စိတ်တူကိုယ်တူဖြစ်လို့ ပေါင်းကြတာပေါ့။ ဒါချစ်သူဘ၀ကူးပြီဆို ကြာရှည်တည် မြဲမယ့် အခွင့်အရေးကောင်းတစ်ခုပါ။ 

ကိုယ့်ပြနာသူသိတယ်
ရင်းရင်းနှီးနှီးပေါင်းလာကြတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာတွေ၊ ကိုယ့်မှာဘာပြနာတွေရှိတာ တွေ သူကောင်းကောင်းသိတာပေါ့။ ပြီးတော့ ကိုယ့်ကိုနားလည်သူဖြစ်လို့ ကိုယ့်အနားနေ သူထွက်မသွား ဘူး လေ။ ဒီထက်ပိုပြီး ဘာလိုအပ်သေးလို့လဲ။ 

ကိုယ့်ဟာသဉာဏ်ကိုသိနေတယ်
သူငယ်ချင်းဆိုမှတော့ မျက်နှာရိပ်မျက်နှာကဲပြလိုက်ရင် ဘာဆိုတာသိနေကြပြီးသားလေ။ အစဖော် လိုက်ရင် အဆုံးသတ်ကိုသိပြီးသားဆိုတော့ ချစ်သူဘ၀ရောက်တာတောင် ခပ်ကြောင်ကြောင်ဟာသတွေကို အဓိပ္ပါယ်ရှိရှိ ရယ်မောနိုင်ပြီပေါ့။

အဆိုးမြင်သော်လည်းချစ်နေဆဲ
သူ့မှာ အဆိုးမြင်အတွေးတွေ ရှိနေတယ်။ ဒါပေမဲ့ သူငယ်ချင်း သက်တမ်းတစ်လျှောက်လုံး သည်းခံ နိုင်ခဲ့တယ်လေ…။ အခု ချစ်သူဖြစ်သွားတော့ရော ဆက်ပြီးသည်းမခံနိုင်စရာ ဘာရှိပါ့မလဲ။

စိတ်ဖိစီးတာလား စိတ်ရောဂါဖြစ်နေတာလား
သူစိမ်းဘ၀ကနေ ချစ်သူဘ၀တန်းရောက်သွားသူတွေအတွက်တော့ လူတစ်ယောက်ကိုခန့်မှန်းဖို့က ဝေေ၀၀ါးဝါးပါ။ သူငယ်ချင်းဘ၀ကနေတစ်ဆင့်ချင်းတက်သွားရင်တော့သူဘာဖြစ်တယ်ဆိုတာ ကိုယ်ကောင်း ကောင်း နားလည်ထားနိုင်တယ်လေ။

ကိုယ့်ကိုယ်သက်သာရာရစေတယ်
သူစိမ်းနှစ်ယောက်အတွက်ကတော့ တစ်ယောက်စိတ်ကို တစ်ယောက်အကဲခတ်ရင်း စိတ်မသက် သာ စရာပါ။ သူငယ်ချင်းနှစ်ယောက်အဖို့တော့ တစ်ယောက်အကြောင်းတစ်ယောက် မသိချင်မှအဆုံး။ အဲဒီတော့ စိတ်သက်သာရာရစေတာပါ။

စိတ်သက်သာရာရစေတယ်
သူငယ်ချင်းဆိုတာ ဘ၀ရဲ့ယုံကြည်စရာအစိတ်အပိုင်းတွေထဲက တစ်ခုလေ။ ကိုယ်နဲ့သူနဲ့ ယုံကြည် မှုနဲ့ အနာဂတ်ကို ခြေတစ်လှမ်းတိုးနိုင်ပြီဆိုရင် ဆက်ဆံရေးကတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပေါ် မှာ အခြေ ခံထားတာ သေချာနေပါပြီ။

ရုပ်ရည်တစ်ခုတည်းမဟုတ်
သူစိမ်းတစ်ယောက်ကို ချစ်ကြိုက်မိတာ ရုပ်ရည်ကြောင့်လည်းပါတာ ငြင်းမရပါဘူး။ သူငယ်ချင်း တစ်ယောက်နဲ့ ချစ်ကြိုက်တာကတော့ သူရဲ့စိတ်ထားကိုပိုပြီး သဘောကျလို့ဆိုတာ သေချာပါတယ်
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment